ရုပ် ရှင်သရုပ်ဆောင်လင်းဇာနည်ဇော်ကတော့ သူမနဲ့ချွတ်စွပ်တူတဲ့သမီးချောချောလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး သမီးလေးအတွက်လည်းလိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။မြူလင်းကိုကိုကတော့ အသက်၂၂နှစ်အရွယ်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သြစတေးလျမှာပညာသင်ကြားနေတာပဲဖြစ်ပါတယ်။

မြူလင်းကိုကိုကမိဘအပေါ်လည်းလိမ္မာသိတတ်ပြီးထူးချွန်ထက်မြက်တဲ့မိန်းမကောင်းလေးတစ်ယောက်ပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့လင်းဇာနည်ဇော်ကိုလည်း အားပေးချစ်ခင်ကြသလို သူမရဲ့သမီးလေးကိုလည်း ချစ်ကြတာဖြစ်လို့အမြဲစောင့်ကြည့်အားပေးနေကြတာပါနော်။မြူလင်းက မကြာခင်မှာကျောင်းပြီးတော့မှာဖြစ်လို့ မေမေ့အလုပ်တွေလည်းကူလုပ်ပေးတော့မှာဖြစ်ပါတယ်။

အမေတူသမီးလေးဖြစ်လို့ မေမေ့ဆီကအလှအပတွေအကုန်လုံးကို ပိုင်ဆိုင်ထားပြီး အရုပ်မလေးတစ်ရုပ်လို ချစ်စရာကောင်းသူလေးဖြစ်ပါတယ်။အခုဆိုရင်လည်း ရွှေရောင်ဆံပင်လေးနဲ့ ဘိုမရုပ်လေးလိုအရမ်းချစ်စရာကောင်းပြီး အေးချမ်းကြည်လင်နေတဲ့ မြူလင်းကိုကိုရဲ့ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။