အေးမြဖြူ ဟာ ဆို ရင် အနုပညာလောကထဲကိုကလေးဘဝတည်းက သီချင်းဆိုပြိုင်ပွဲများမှာ ယှဉ်ပြိုင်ခဲ့ရာမှ လူသိများလာသလို ကလေးသရုပ်ဆောင် တစ်ဦးအဖြစ်လည်း အနုပညာလမ်းကြောင်းပေါ်မှာ ရှိခဲ့သူလေးပါ။သူမကို ချစ်တဲ့ ပရိသတ်တွေကလည်း သူမငယ်ရွယ်စဉ် အချိန်တည်းက အားပေးချစ်ခင်လာသူတွေပဲ ဖြစ်ပါတယ်။
အေးမြဖြူ က ဆယ်တန်းမှာ ဂုဏ်ထူး ၃ ဘာသာ နဲ့ အောင်မြင်ခဲ့ပြီး နောက်ပိုင်းမှာ Myanmar Idol Season 4 မှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ဒီတစ်ခါမှာတော့ချစ်ပရိသတ်တွေ အတွက် အေးမြဖြူ က (E major) first year ကို ပထမဆုံး တက်ရောက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
အေးမြဖြူ က ဆယ်တန်းအောင်ပြီး တက္ကသိုလ် တက်ရောက်ရမယ့် အချိန်မှာ Myanmar Idol မှာ ပြိုင်ပွဲ ဝင်နေတာကြောင့် ကျောင်းကို တစ်လ ခွင့်ယူထားရတယ်လို့ သိရပါတယ်။သူမက Myanmar Idol Season 4 မှာ ပရိသတ်အားပေးမှုအများဆုံး ပြိုင်ပွဲဝင် တစ်ဦးပဲ ဖြစ်ပါတယ်။
Myanmar Idol Season 4 ရဲ့ winner ဆုနဲ့ လွဲခဲ့တာကြောင့် သူမရဲ့ ပရိသတ်တွေက စိတ်မကောင်းဖြစ်ခဲ့ကြတာပါ။ပြိုင်ပွဲ ပြီး ဆုံးပြီးနောက်မှာ အေးမြဖြူ က သူမရဲ့ ပထဆုံး ဖျော်ဖြေမှုအနေနဲ့ သဲတော ဝမ်းတွင်းလွတ်လပ်ရေးေနေ့ အထိမ်းအမှတ်ပွဲမှာ အဆိုတော် ဖြိုးမြတ်အောင် တို့နဲ့ အတူ သွားရောက် ဖျော်ဖြေခဲ့တာတွေ့ရပါတယ်။
ဒီနေ့ မှာတော့ အေးမြဖြူ က ” Y.U.F.L (E major) first year ကျောင်းသူလေးပါ❤️😁 ” ဆိုပြီး သူမကျောင်းသွားတက်ပြီဖြစ်ကြောင်း ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။အဆိုတော် အေးမြဖြူ ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျလိမ့် မယ်ထင်ပါတယ်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီး ကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။