တေလာ က လူမႈကြန္ယက္မွာ ေတာ္ေတာ္ေလး နာမည္ႀကီးသြားခဲ့တဲ့ ပင္လယ္ထဲက ငရဲခန္း (သို႔) က်ားေဖာင္အေၾကာင္းကေတာ့ ျမင္ရသူေတြရဲ့ရင္ကို ဆို႔နင့္ေၾကကြဲေစခဲ့တာပဲ ျဖစ္ပါတယ္။ က်ားေဖာင္ကေန ထြက္ေျပးလြတ္ေျမာက္လာသူတစ္ဦးေၾကာင့္ အေျခအေနအေၾကာင္းအရာေတြ အကုန္လုံးကို အားလုံးသိရွိခဲ့ရေပမယ့္ တျဖည္းျဖည္းနဲ႔ လူေတြရဲ့ပါးစပ္ဖ်ားမွာ ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနပါၿပီ။

လတ္တေလာမွာေတာ့ ဒါရိုက္တာ ညိဳမင္းလြင္က ပင္လယ္ထဲက ငရဲခန္း က်ားေဖာင္အေၾကာင္း သူကိုယ္တိုင္စီစဥ္ၿပီး ဒါရိုက္တာ ေအာင္ခ်မ္းလူကို ရိုက္ကူးခိုင္းေတာ့မယ္လို႔ လူမႈကြန္ယက္မွာ ေဝမၽွေပးထားတာ ေတြ႕ရပါတယ္။ တစ္နိုင္ငံလုံးကလူေတြလည္း က်ားေဖာင္အေၾကာင္းသိရဖို႔ အႏုပညာနဲ႔ ခ်ျပဖို႔ စီစဥ္ေနတဲ့ ညိဳမင္းလြင္ကေတာ့ တကယ့္ကို ေလးစားစရာေကာင္းလွပါတယ္ေနာ္။

ဒါရိုက္တာ ညိဳမင္းလြင္ကေတာ့ “အရည္အခ်င္းရွိၿပီး စိတ္ဓါတ္က်မလိုျဖစ္ေနတဲ့ဒါရိုက္တာတစ္ေယာက္ကို အားေပးခ်င္စိတ္တစ္ခုတည္းနဲ႔ ကၽြန္ေတာ္နဲ႔စႏၵာ ေနာက္ထပ္ဇာတ္ကားတစ္ကားကိုထုတ္လုပ္ဖို႔ဆုံးျဖတ္လိုက္တယ္၊ေအာင္ခ်မ္းလူ ဟာ မိသားစု Drama ဇာတ္လမ္းကိုေကာင္းစြာကိုင္တြယ္နိုင္တဲ့သူတစ္ေယာက္ပါ၊

ၿပီးေတာ့ ၃-က မွာ စာတန္းထိုးထားတာကိုၾကည့္ျခင္းအားျဖင့္ တကယ့္အျဖစ္အပ်က္ေတြကို Inspired လုပ္တဲ့ေနရာမွာလည္း လက္စလက္နရွိသူတစ္ေယာက္လို႔ပဲကၽြန္ေတာ္ျမင္ပါတယ္၊ အဲဒီေတာ့ သူနဲ႔အလိုက္ဖက္ဆုံးအေၾကာင္းအရာတစ္ခုကို ကၽြန္ေတာ္ေရြးေပးလိုက္တယ္၊ ဇာတ္လမ္းကိုသူႀကိဳက္သလိုဖန္တီးပါေစ ေပါ့…

ဒါရိုက္တာတစ္ေယာက္ရဲ့လြတ္လပ္တဲ့စိတ္ကူးကို ကၽြန္ေတာ္တန္ဖိုးထားေသာအားျဖင့္ ဝိုင္းအႀကံေပး႐ုံကလြဲလို႔ဝင္စြက္ဖက္မွာမဟုတ္ပါဘူး၊ စီစဥ္ထုတ္လုပ္သူ ညိဳမင္းလြင္ ဒါရိုက္တာ ေအာင္ခ်မ္းလူ “ က်ားေဖာင္ “” ဆိုၿပီး အရည္အခ်င္းရွိတဲ့ ဒါရိုက္တာတစ္ဦးျဖစ္တဲ့ ဒါရိုက္တာ ေအာင္ခ်မ္းလူကို “က်ားေဖာင္” ႐ုပ္ရွင္ရိုက္ကူးဖို႔ စီစဥ္ေပးျဖစ္တဲ့အေၾကာင္း လူမႈကြန္ယက္မွာ ေဝမၽွေပးထားတာပါ။

အရည္အခ်င္းရွိတဲ့ ဒါရိုက္တာကို အခြင့္အေရးတစ္ခု ဖန္တီးေပးသလိုလည္းျဖစ္၊ လူ႔ငရဲခန္းျဖစ္တဲ့ က်ားေဖာင္အေၾကာင္းကိုလည္း ပရိသတ္ေတြ သိျမင္ေစဖို႔ စီစဥ္ခဲ့တဲ့ ဒါရိုက္တာ ညိဳမင္းလြင္ကေတာ့ ပရိသတ္အႀကိဳက္ကို ေကာင္းေကာင္းႀကီးနားလည္သူတစ္ဦးပါပဲ

Unicode Version

တလောက လူမှုကွန်ယက်မှာ တော်တော်လေး နာမည်ကြီးသွားခဲ့တဲ့ ပင်လယ်ထဲက ငရဲခန်း (သို့) ကျားဖောင်အကြောင်းကတော့ မြင်ရသူတွေရဲ့ရင်ကို ဆို့နင့်ကြေကွဲစေခဲ့တာပဲ ဖြစ်ပါတယ်။ ကျားဖောင်ကနေ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးကြောင့် အခြေအနေအကြောင်းအရာတွေ အကုန်လုံးကို အားလုံးသိရှိခဲ့ရပေမယ့် တဖြည်းဖြည်းနဲ့ လူတွေရဲ့ပါးစပ်ဖျားမှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပါပြီ။

လတ်တလောမှာတော့ ဒါရိုက်တာ ညိုမင်းလွင်က ပင်လယ်ထဲက ငရဲခန်း ကျားဖောင်အကြောင်း သူကိုယ်တိုင်စီစဉ်ပြီး ဒါရိုက်တာ အောင်ချမ်းလူကို ရိုက်ကူးခိုင်းတော့မယ်လို့ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ တစ်နိုင်ငံလုံးကလူတွေလည်း ကျားဖောင်အကြောင်းသိရဖို့ အနုပညာနဲ့ ချပြဖို့ စီစဉ်နေတဲ့ ညိုမင်းလွင်ကတော့ တကယ့်ကို လေးစားစရာကောင်းလှပါတယ်နော်။

ဒါရိုက်တာ ညိုမင်းလွင်ကတော့ “အရည်အချင်းရှိပြီး စိတ်ဓါတ်ကျမလိုဖြစ်နေတဲ့ဒါရိုက်တာတစ်ယောက်ကို အားပေးချင်စိတ်တစ်ခုတည်းနဲ့ ကျွန်တော်နဲ့စန္ဒာ နောက်ထပ်ဇာတ်ကားတစ်ကားကိုထုတ်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်၊အောင်ချမ်းလူ ဟာ မိသားစု Drama ဇာတ်လမ်းကိုကောင်းစွာကိုင်တွယ်နိုင်တဲ့သူတစ်ယောက်ပါ၊

ပြီးတော့ ၃-က မှာ စာတန်းထိုးထားတာကိုကြည့်ခြင်းအားဖြင့် တကယ့်အဖြစ်အပျက်တွေကို Inspired လုပ်တဲ့နေရာမှာလည်း လက်စလက်နရှိသူတစ်ယောက်လို့ပဲကျွန်တော်မြင်ပါတယ်၊ အဲဒီတော့ သူနဲ့အလိုက်ဖက်ဆုံးအကြောင်းအရာတစ်ခုကို ကျွန်တော်ရွေးပေးလိုက်တယ်၊ ဇာတ်လမ်းကိုသူကြိုက်သလိုဖန်တီးပါစေ ပေါ့…

ဒါရိုက်တာတစ်ယောက်ရဲ့လွတ်လပ်တဲ့စိတ်ကူးကို ကျွန်တော်တန်ဖိုးထားသောအားဖြင့် ဝိုင်းအကြံပေးရုံကလွဲလို့ဝင်စွက်ဖက်မှာမဟုတ်ပါဘူး၊ စီစဉ်ထုတ်လုပ်သူ ညိုမင်းလွင် ဒါရိုက်တာ အောင်ချမ်းလူ “ ကျားဖောင် “” ဆိုပြီး အရည်အချင်းရှိတဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ အောင်ချမ်းလူကို “ကျားဖောင်” ရုပ်ရှင်ရိုက်ကူးဖို့ စီစဉ်ပေးဖြစ်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။

အရည်အချင်းရှိတဲ့ ဒါရိုက်တာကို အခွင့်အရေးတစ်ခု ဖန်တီးပေးသလိုလည်းဖြစ်၊ လူ့ငရဲခန်းဖြစ်တဲ့ ကျားဖောင်အကြောင်းကိုလည်း ပရိသတ်တွေ သိမြင်စေဖို့ စီစဉ်ခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင်ကတော့ ပရိသတ်အကြိုက်ကို ကောင်းကောင်းကြီးနားလည်သူတစ်ဦးပါပဲ