လြန္ခဲ့တဲ့ေျခာက္ႏွစ္ေလာက္က ကၽြန္ေတာ့္မိတ္ေဆြတစ္ေယာက္နဲ႔ဆုံျဖစ္ပါတယ္။ အိပ္ယာထဲကမထနိုင္သလို အစားအေသာက္ပါမစားနိုင္တဲ့အတြက္ လူတစ္ကိုယ္လုံးက အရိုးေပၚအေရတင္ေနပါၿပီ … ။
သူခံစားေနရတဲ့ ေဝဒနာကိုေမးၾကည့္ေတာ့ ခ်က္နားက စူးေအာင့္ၿပီး နာေနသလို ဝမ္းလဲခ်ဳပ္ေနပါတယ္ ။ ေဆးခန္း ျပေတာ့လဲ ပိုးသတ္ေဆးနဲ႔ အကိုက္အခဲေပ်ာက္ေဆးေတြပဲေပးသတဲ့ေလ…။
ျဖစ္နိုင္ေျခကို ကၽြန္ေတာ္စဥ္းစားၾကည့္ပါတယ္ အစာအိမ္မွာအနာရွိသလား အူေခါက္သလား အူကင္ဆာလားေပါ့ေလ … ။ စိတ္ထဲမွာ မသကၤာလာတာနဲ႔ ေမေမ့တပည့္ ခြဲစိတ္ဆရာဝန္ႀကီးဆီကို အႀကံဉာဏ္ေတာင္းခံခဲ့ပါတယ္။
ဆရာဝန္ႀကီးက လူနာကိုခ်က္ခ်င္း ေဆး႐ုံႀကီးကိုေခၚလာဖို႔နဲ႔ သူကိုယ္တိုင္လာၾကည့္မယ္လို႔ေျပာပါတယ္။ ဓါတ္မွန္ ရိုက္ေတာ့လဲ ဘာမွမေပၚပါဘူး… ဆရာဝန္ေတြေခါင္းစားရတဲ့ျပသနာပါပဲ … ။
Operation လုပ္ဖို႔ကလဲ ေရာဂါအတိအက်မသိရတဲ့အတြက္ လုပ္ဖို႔မလြယ္ပါ။ အတိုခ်ဳံ႕ေျပာရရင္ေတာ့ လူနာဟာ ေျခာက္လအၾကာမွာ ဆုံးပါးသြားတာပဲျဖစ္ပါတယ္ … ။
ရင္ခြဲ စစ္ေဆးခ်က္ေတြအရ အူမႀကီးတစ္ခုလုံးပုပ္ေနပါၿပီ ။ အူမႀကီးကို အေသအျခာစစ္ေဆးေတာ့မွ အူနံရံမွာစိုက္ဝင္ေနတဲ့ Steel စေလးကိုေတြ႕ရပါတယ္ …. ။
အဲဒီ Steel စေလးက ပန္းကန္ေတြေဆးရာမွာအသုံးျပဳတဲ့ S t e e l W o o l အစေလးပါ..အခန႔္မသင့္ရင္ အသက္တစ္ေခ်ာင္းဆုံးရႉံးတတ္တာေၾကာင့္ S t e e l W o o l ကိုမသုံးေစခ်င္ပါဘူးခင္ဗ်ာ…
ခ်စ္ခင္ေလးစားလၽွက္
လြင္ဦးဟန္
Kyaw Htoo
Unicodeျဖင့္ ဖတ္ရန္
လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ဆုံဖြစ်ပါတယ်။ အိပ်ယာထဲကမထနိုင်သလို အစားအသောက်ပါမစားနိုင်တဲ့အတွက် လူတစ်ကိုယ်လုံးက အရိုးပေါ်အရေတင်နေပါပြီ … ။
သူခံစားနေရတဲ့ ဝေဒနာကိုမေးကြည့်တော့ ချက်နားက စူးအောင့်ပြီး နာနေသလို ဝမ်းလဲချုပ်နေပါတယ် ။ ဆေးခန်း ပြတော့လဲ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေပဲပေးသတဲ့လေ…။
ဖြစ်နိုင်ခြေကို ကျွန်တော်စဉ်းစားကြည့်ပါတယ် အစာအိမ်မှာအနာရှိသလား အူခေါက်သလား အူကင်ဆာလားပေါ့လေ … ။ စိတ်ထဲမှာ မသင်္ကာလာတာနဲ့ မေမေ့တပည့် ခွဲစိတ်ဆရာဝန်ကြီးဆီကို အကြံဉာဏ်တောင်းခံခဲ့ပါတယ်။
ဆရာဝန်ကြီးက လူနာကိုချက်ချင်း ဆေးရုံကြီးကိုခေါ်လာဖို့နဲ့ သူကိုယ်တိုင်လာကြည့်မယ်လို့ပြောပါတယ်။ ဓါတ်မှန် ရိုက်တော့လဲ ဘာမှမပေါ်ပါဘူး… ဆရာဝန်တွေခေါင်းစားရတဲ့ပြသနာပါပဲ … ။
Operation လုပ်ဖို့ကလဲ ရောဂါအတိအကျမသိရတဲ့အတွက် လုပ်ဖို့မလွယ်ပါ။ အတိုချုံ့ပြောရရင်တော့ လူနာဟာ ခြောက်လအကြာမှာ ဆုံးပါးသွားတာပဲဖြစ်ပါတယ် … ။
ရင်ခွဲ စစ်ဆေးချက်တွေအရ အူမကြီးတစ်ခုလုံးပုပ်နေပါပြီ ။ အူမကြီးကို အသေအခြာစစ်ဆေးတော့မှ အူနံရံမှာစိုက်ဝင်နေတဲ့ Steel စလေးကိုတွေ့ရပါတယ် …. ။
အဲဒီ Steel စလေးက ပန်းကန်တွေဆေးရာမှာအသုံးပြုတဲ့ S t e e l W o o l အစလေးပါ..အခန့်မသင့်ရင် အသက်တစ်ချောင်းဆုံးရှူံးတတ်တာကြောင့် S t e e l W o o l ကိုမသုံးစေချင်ပါဘူးခင်ဗျာ…
ချစ်ခင်လေးစားလျှက်
လွင်ဦးဟန်
Kyaw Htoo