(၁)ဝေဠုကျော်
(၂)အစ္စဏီ
(၃) မိုးအောင်ရင်
အ ချစ်တစ်ခုတည်ဆောက်တဲ့အခါမှာ လူတိုင်းသာယာပျော်ရွှင်ဖို့ကိုပဲ မျှော်လင့်ကြပေမယ့် မထင်ပြသနာလေးတွေကြောင့် တရာရုံးရောက်အထိ ပြသနာတွေကြီးထွားသွားတတ်ပါတယ်။ အဲဒီထဲကမှ အချစ်ကြောင့် တရားရုံးရောက်ခဲ့ရတဲ့ အနုပညာရှင်တွေကတော့ ဝေဠုကျော်၊ အစ္စဏီ၊ မိုးအောင်ရင် တို့ပဲဖြစ်ပါတယ်။
(၁)ဝေဠုကျော်
နိုင်ငံကျော်ပရဟိတမင်းသားချော ဝေဠုကျော်ကတော့ အလှမယ်သင်းသင်းနဲ့ (၆)လကျော်လက်တွဲခဲ့ပြီးမှာ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြပြီနောက် အလှမယ်သင်းသင်းဘက်မှာ ဝေဠုကျော်အား ကာမလိမ်လည်မှုဖြင့် တရားစွဲဆိုခဲ့တာလည်းဖြစ်ပါတယ်။ အခုလိုတရားစွဲဆိုလိုက်တဲ့အပါ်မှာတော့ ဝေဠုကျော်ကတော့ သမီးရည်စားနဲကပြတ်လို့ တရားစွဲခံရတာဟာ သူ့ရဲ့ဝဠ်ကြွေးပါပဲလို့ ဖြေကြားခဲ့ပါသေးတယ်။ ဝေဠုကျော်နဲ့ အလှမယ်သင်းသင်းတို့ကတော ချစ်ကြိုက်ခဲ့ပေမယ့်လည်း လမ်းခွဲချိန်မှာတော့ တရားရုံးရောက်တဲ့အထိ ပြသနာကြီးထွားခဲ့ပြီး အခုချိန်ထိရုံးချိန်း တက်နေရတုန်းပဲဖြစ်ပါတယ်။
(၂)အစ္စဏီ
တချိန်ကအောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်တဲ့ အစ္စဏီကတော့ ရည်စားဖြစ်သူ မော်ဒယ်စူးရှထက်ရဲ့ အလိုမတူ အဓမ္မပြုကျင့်မှု နဲ့ ကိုယ်ထိလက်ရောက်နာကျင်စေမှု စသဖြင့် အမှု (၃) ခုဖြင့် တရားစွဲဆိုထားတာကြောင့် အမှုရင်ဆိုင်နေရတဲ့ အနုပညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ဒီအမှုဟာဆိုရင် (၂၀၁၈)ဧပြီလကစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး ရည်စားဟောင်းဖြစ်သူ မော်ဒယ်စူးရှထက်က သူမစွဲဆိုထားတဲ့ စွဲချက်(၃)ခုလုံးကိုပိတ်ပေးကာ သြဂုတ်လ(၅)ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာကျေးအေးပေးခဲ့ပါတယ်။
(၃) မိုးအောင်ရင်
မြန်မာနိုင်ငံရဲ့ မင်းသားချောလေးတစ်လက်ဖြစ်တဲ့ မင်းသားချော မိုးအောင်ရင်ကတော့ ရည်စားဟောင်းဖြစ်တဲ့ ခင်မြတ်နိုးရဲ့ ရန်ကင်းတရားရုံးကနေ တရားစွဲဆိုခံခဲ့ရတာကိုလည်း ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။အမှုကတော့ “ကာမလိမ်လည်”မှုနဲ့ စွဲဆိုခံခဲ့ရတာဖြစ်ပြီ မိုးအောင်ရင်ကတော့ သူ့ရဲ့ချစ်သူဟာ မူးယစ်ဆေးဝါးသုံးစွဲနေတာကြောင့် ရှေ့ဆက်လက်တွဲဖို့မဖြစ်နိုင်တော့တာကြောင့် လမ်းခွဲခဲ့တယ်လို့ မီဒီယာကနေတစ်ဆင့်ဖြေကြားခဲ့ပြီးနောက် ခင်မြတ်နိုးကအခုလိုပဲတရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မိုးအောင်ရင်နဲ့ ခင်မြတ်နိုးတို့ဟာ မိုးအောင်ရင်တစ်ယောက် မူးယစ်ဆေးဝါးမှုနဲ့ ထိန်းသိမ်းခြင်းမခံရခင်ကတည်းက တွဲနေခဲ့တာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း (၄)နှစ်နီးပါးရှိနေပြီလို့လည်း သိရှိရပါတယ်။
ပရိသတ်ကြီးရေ ချစ်တုန်းကချစ်ခဲပြီးမှ မထင်ပြသနာလေးတွေကြောင့် တရာရုံးရောက်အထိ ပြသနာတွေကြီးထွားသွားတတ်ပြီး အဲဒီထဲကမှ အချစ်ကြောင့် တရားရုံးရောက်ခဲ့ရတဲ့ အနုပညာရှင်တွေကတော့ ဝေဠုကျော်၊ အစ္စဏီ၊ မိုးအောင်ရင် တို့ပဲဖြစ်ပါတယ်။