သိပ္ ပံပညာရှင်တွေနဲ့ သုတေသီ တွေဟာ အချစ်ကိုရှာပြီး ဒိတ်လုပ်ကြတဲ့စုံတွဲတွေကြားက လျှို့ဝှက်ချက်တခုကို ဖော်ထုတ်ပြသွားခဲ့ပါတယ်။ ဒီသတင်းကို Tuko သတင်းဝက်ဘ်ဆိုက်ကနေ ဖော်ပြသွားခဲ့တာဖြစ်ပြီး ApannPyay မှ ဘာသာပြန်ရေးသား တင်ပြခြင်းဖြစ်ပါတယ်
Society for Personality and Social Psychology က ပြုလုပ်ခဲ့တဲ့ လေ့လာမှုကဒီလိုပါ။ အမျိုးသမီးများ ဒိတ်လုပ်ခြင်းရဲ့ သုံးပုံတစ်ပုံက ငွေမကုန်ပဲ အစားစားရလို့ ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။
သုတေသီတွေဟာ ပထမအဖွဲ့အဖြစ် အမျိုးသမီးအယောက် ၈၂၀ ကို စစ်တမ်းတခုပြုလုပ်ခဲ့ပြီး ထွက်ပေါ်လာတဲ့ရလာဒ်အရ သူတို့ထဲက ၂၃ ရာခိုင်နှုန်းဟာ အမျိုးသားတွေကိုတွဲခုတ်ပြီးဒိတ်လုပ်ရခြင်း သားကောင်အဖြစ် မုဆိုးဖမ်းထားတာဖြစ်ပြီး သူတို့လိုအပ်နေချိန်မှာ ပိုင်းလုံးအဖြစ်အသုံးချကြတာဖြစ်တယ်လို့ သက်သေပြနိုင်ခဲ့ပါတယ်
ဒုတိယအဖွဲ့အဖြစ် အမျိုးသမီး ၃၂၇ ယောက်ကို မေးခွန်းတွေမေးပြီးစစ်တမ်းယူခဲ့တဲ့ ရလာဒ်မှာတော့ သူတို့ထဲက သုံးပုံတပုံဖြစ်တဲ့ ၃၃ ရာခိုင်နှုန်းဟာ ဒိတ်လုပ်တဲ့အခာ ငွေမကုန်ပဲ အစားစားရလို့ ဒိတ်လုပ်ဖြစ်တဲ့အကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ Tuk သတင်းဖော်ပြချက်အရ သိရှိခဲ့ရပါတယ်။
ဒီလိုအမျိုးသမီးတွေမှာ psychopathy, Machiavellianism နဲ့ narcissis လို့ ခေါ်တဲ့ စိတ္တဇဝေဒနာပုံစံမျိုးတွေဖြစ်ပွားနေတာဖြစ်ပြီး သူတို့ဟာ လူတွေကို ကိုယ့်ကိုယ်ကျိုးအတွက်သက်သက် ခေါင်းပုံဖြတ်အမြတ်ထုတ်ဖို့သာ စိတ်ဝင်စားကြသူတွေဖြစ်တယ်လို့ ပညာရှင်တွေကဆိုပါတယ်။
လိုအပ်လာရင်၊ ဘိုင်ပြတ်လာတဲ့အခါ ကိုင်းကြီးကြီးမှာရှိတဲ့ အမျိုးသားတွေဆီနားကြပြီး အချစ်စစ်ဆိုတဲ့စိတ်ခံစားချက်ဆိုတာမပါဝင်ကြတာမို့ အသုံးမလိုတော့ရင် အမှိုက်လိုစွန့်ပစ်သွားတတ်တဲ့ အမျိုးသမီးတွေဖြစ်ကြောင်း ပညာရှင်တွေကထောက်ပြခဲ့ကြတာပါ။
ApannPyay ချစ်ပရိသတ်ကြီးလည်း အလှအပနဲ့ အချစ်ကိုဗန်းပြပြီး ကိုယ့်အနားရောက်လာတဲ့သူကဘယ်လိုလူမျိုးလဲသတိထားဆင်ခြင်နိုင်စေဖို့ ဖော်ပြပေးလိုက်ရပါတယ်။