က် မတို႕ ကင္ဆာေဆာင္သည္ ခုတေလာ ဆီးႏွင့္ေက်ာက္ကပ္ ေဆးကုသေဆာင္၊ ခြဲစိတ္ေဆာင္မ်ားႏွင့္ ခ်စ္ႀကည္ေရး ပြဲမ်ား ‎ ကစားေနရသည္မွာ အႀကိမ္ စိပ္လာသည္။

လူနာ၏ ေက်ာက္ကပ္ အဆိပ္ဓါတ္ Createnine level ေတြ တက္တက္လာသျဖင့္ ေက်ာက္ကပ္ထိေသာေဆးမ်ား ဥပမာ။။ Cisplatin ကို ေရွာင္ကြင္း သြင္းေနရသည္။ တကယ္ကေတာ့ Cisplatin သည္ ေစ်းသက္သာျပီး ထိေရာက္ေသာ ေဆးထဲ တြင္ ပါသည္။

လြန္ခဲ႕ေသာ ႏွစ္ႏွစ္ခန္႕က က်မရဲ႕လူနာတဦး ‎ ေက်ာက္ကပ္အဆိပ္ဓာတ္မ်ား တက္တက္လာသျဖင့္ ေက်ာက္ကပ္ သမားေတာ္ႏွင့္ ျပသည္။ တတ္ႏိုင္ေသာသူမ်ား ျဖစ္သျဖင့္ အိႏၵိယသြားျပန္ျပေတာ့ Chemo induced acute renal failure (ကင္ဆာေဆးေႀကာင့္ ေက်ာက္ကပ္ ပ်က္ဆီးျခင္း ) ဟု ေရာဂါနာမည္တပ္ျပီး ေက်ာက္ကပ္ ၄ ႀကိမ္ခန္႕ေဆးကာ ျပန္လႊတ္ လိုက္သည္။ သိန္းေပါင္းမ်ားစြာ ကုန္ခဲ႕သည္။ ျပန္လာေတာ့ သူတို႕ မွတ္တမ္းေတြ ႀကည့္ျပီး က်မ အေတာ္ စိတ္မေကာင္း ျဖစ္ရသည္။

က်မသည္ အျမဲတမ္း ေက်ာက္ကပ္အဆိပ္ဓါတ္ကို စစ္ျပီး ေဆးပမာဏကို ထိုဓါတ္ႏွင့္ ခ်ိန္ဆတြက္ခ်က္ျပီးမွ ေပးတတ္သူ ျဖစ္သည္။ ခုေတာ့ က်မက တရားခံၿဖစ္ရရွာျပီ။ က်မ AS ေလးရဲ႕ စံုစမ္းေဖာ္ထုတ္မွဳၿဖင့္ တရားခံကိုေတြ႕ပါသည္။ သို႕ရာ တြင္ အိႏိၵယဆရာဝန္မ်ား က်မေႀကာင့္ျဖစ္သည္ဟူေသာ အျမင္ထင္ခံရၿပီး ကိစၥကိုမူ မေျဖေဖ်ာက္ႏိုင္ေတာ့ေပ။

ထိုကိစၥျပီးကတည္းက က်မတို႕ ၂ ေယာက္သည္ သံသယႏွင့္ လူနာေတြကို ႀကည့္တတ္လာသည္။ ေမးတတ္လာသည္။ ဒီေန႕လည္း အနီးအနားျမိဳ႕မွ လူနာတဦး မေကြးမွ သမားေတာ္ႏွင့္ျပၿပီး အစာအိမ္ကင္ဆာဟု ယူဆရသျဖင့္ ရန္ကုန္လႊတ္ သည္။

ရန္ကုန္တြင္ အျပင္ေဆးရံုမ်ားတြင္ အေတာ္အသင့္ရြာလည္ျပီး ကုန္က်ျပီး ရန္ကုန္ေဆးရံုႀကီး ခြဲစိတ္ေဆာင္မွာခြဲကာ ရန္ကုန္ ကင္ဆာဌာန အျပတြင္ ထိုဌာနမွ အမမ်ားက မေကြးမွာ ကင္ဆာအထူးကု ရွိသည္ဆိုမွ ရွိပါက အဲ႕မွာပဲ ကုခ်င္ သည္ဆိုကာ ျပန္လႊဲၿပီး က်မထံေရာက္လာသည္။

က်မဆီေရာက္လို႕ စစ္ေဆးလိုက္ေတာ့ ေသြးနီအားက်ေနသည္။ ေက်ာက္ကပ္အဆိပ္ဓာတ္မွာ ပံုမွန္ထက္ ၁၃ဆခန္႕ မ်ား ေနသည္။ ဓါတ္ခြဲခန္းက စက္မ်ားမွားသလားဆိုျပီး ေနာက္စက္တလံုးနဲ႔ ျပန္ထပ္ စစ္ႀကည့္ေတာ့လည္း ထိုအတိုင္းပင္။ က်မကလည္း အရင္ ရန္ကုန္က စစ္ခ်က္မ်ား တခုခ်င္းျပန္ရွာေတာ့ အစကတည္းက နည္းနည္းေတာ့ မ်ားေနသည္။ ဒါေပမဲ႕ upper limit ေက်ာ္ရံုသာ။ ဒီေလာက္ထိမမ်ားေသး။

ဒါနဲ႕ပဲ “ေဆးရံုလာတက္ရမယ္။ စစ္ေဆးစရာ ထပ္စစ္ျပီး ေက်ာက္ကပ္သမားေတာ္ ျပရမယ္။ ေက်ာက္ကပ္ ပ်က္သြားႏိုင္ တယ္။ ကင္ဆာေဆးသြင္းတာ ခဏထားဦး” စသျဖင့္ ေဆးရံုတက္ရန္မနည္း မဲဆြယ္ရသည္။

ေဆးရံုေရာက္ေတာ့ က်မ AS ေလးေတြက ေသခ်ာေမးေတာ့မွ ရန္ကုန္က ျပန္လာျပီး က်မဆီ လာမျပပဲ ၂လခန္႕ သျမားနီ တေန႕ အလံုး ၃၀ သေဘာၤရြက္ေထာင္း၊ ပန္းသီးႏွင့္ မုန္လာဥနီကို အစိမ္းလိုက္ က်ိတ္ေဖ်ာ္ျပီး ေန႕စဥ္ေသာက္ပါသည္တဲ႕။ ဒါနဲ႕ က်မတို႕က မင္းဂြတ္သီး အခြံက်ိတ္ေသာက္တာ က်န္ေသးတယ္။ ကမ္းေဇာ္ဆီေလးပါ ထည့္လိုက္ဦး ဒူးရင္းႀသဇာရြက္ ကေလး အံုပါလားမစံုပဲ ၿဖစ္ေနဦးမယ္ဟု ေငါ့ေျပာရပါသည္။

ဒါေႀကာင့္ ေဖ့ဘြတ္ေပၚ စိတ္ထင္ရာေရးၿကေသာ ေဆးျမီးတို ေရးသူမ်ားကိုေရာ ထိုပို့စ္မ်ားကို ရွဲသူမ်ားကိုပါ က်မကေတာ့ ေျပာခ်င္ပါသည္။ Share တခ်က္ Click တခ်က္နဲ႕ လူမသတ္ႀကပါနဲ႕။

ကင္ဆာလူနာဆိုတာ ကင္ဆာလို႕ အေျပာခံရတာနဲ႕ သက္ဆိုင္ရာ ဆရာဝန္ေျပာသမ်ွကလြဲျပီး မည္းမည္းျမင္ရာ ေဆးျမီးတို ပိုလန္ အစက္ခ်ေဆး ကမ္းေဇာ္ဆီ စပါးႀကီးသည္းေျခ သေဘာၤရြက္ေထာင္းေသာက္ စသည္မ်ားကို မဆင္မျခင္ လုပ္ႀက ေတာ့သည္။

ခုလို ေက်ာက္ကပ္ အသည္း ပ်က္စီးပါက ကင္ဆာေဆးလည္း သြင္းမရ ဆိုင္းထားေရႊ႕ထားရ ။ အဆင္မသင့္ပါက ေက်ာက္ကပ္ ေဆးရသည္အထိ ျဖစ္ရပါသည္။ ကင္ဆာေဆး ဆိုင္းငံ႕ထားလို႕ ေရာဂါက ပိုတိုးလာ၊ ေက်ာက္ကပ္ ေဆးရလို႕ လူနာေရာ ႏိုင္ငံေတာ္ေရာ ကုန္က်စရိတ္ ပိုရသည္မွာ ရင္နာစရာ ေကာင္းလွသည္။

ကင္ဆာလူနာႏွင့္ လူနာရွင္မ်ားကိုလည္း စိတ္ထင္ရာ မစမ္းႀကဖို႕မွာခ်င္ပါသည္။ သစ္ဥ သစ္ဖု သစ္ရြက္ဆို ေဘးမျဖစ္ဟု မထင္ႀကပါနဲ႕။

ေဖ့ဘြတ္ သံုးသူမ်ား ကင္ဆာလူနာမ်ားကို ညွာတာျပီး ေဆးျမီးတို Share ရန္ ‎လက္တြန္႕ႀကပါရွင္။

ေဒါက္တာေသာ္တာပပထြန္း

ကျ မတို့ ကင်ဆာဆောင်သည် ခုတလော ဆီးနှင့်ကျောက်ကပ် ဆေးကုသဆောင်၊ ခွဲစိတ်ဆောင်များနှင့် ချစ်ကြည်ရေး ပွဲများ ‎ ကစားနေရသည်မှာ အကြိမ် စိပ်လာသည်။

လူနာ၏ ကျောက်ကပ် အဆိပ်ဓါတ် Createnine level တွေ တက်တက်လာသဖြင့် ကျောက်ကပ်ထိသောဆေးများ ဥပမာ။။ Cisplatin ကို ရှောင်ကွင်း သွင်းနေရသည်။ တကယ်ကတော့ Cisplatin သည် စျေးသက်သာပြီး ထိရောက်သော ဆေးထဲ တွင် ပါသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ကျမရဲ့လူနာတဦး ‎ ကျောက်ကပ်အဆိပ်ဓာတ်များ တက်တက်လာသဖြင့် ကျောက်ကပ် သမားတော်နှင့် ပြသည်။ တတ်နိုင်သောသူများ ဖြစ်သဖြင့် အိန္ဒိယသွားပြန်ပြတော့ Chemo induced acute renal failure (ကင်ဆာဆေးကြောင့် ကျောက်ကပ် ပျက်ဆီးခြင်း ) ဟု ရောဂါနာမည်တပ်ပြီး ကျောက်ကပ် ၄ ကြိမ်ခန့်ဆေးကာ ပြန်လွှတ် လိုက်သည်။ သိန်းပေါင်းများစွာ ကုန်ခဲ့သည်။ ပြန်လာတော့ သူတို့ မှတ်တမ်းတွေ ကြည့်ပြီး ကျမ အတော် စိတ်မကောင်း ဖြစ်ရသည်။

ကျမသည် အမြဲတမ်း ကျောက်ကပ်အဆိပ်ဓါတ်ကို စစ်ပြီး ဆေးပမာဏကို ထိုဓါတ်နှင့် ချိန်ဆတွက်ချက်ပြီးမှ ပေးတတ်သူ ဖြစ်သည်။ ခုတော့ ကျမက တရားခံဖြစ်ရရှာပြီ။ ကျမ AS လေးရဲ့ စုံစမ်းဖော်ထုတ်မှုဖြင့် တရားခံကိုတွေ့ပါသည်။ သို့ရာ တွင် အိန္ဒိယဆရာဝန်များ ကျမကြောင့်ဖြစ်သည်ဟူသော အမြင်ထင်ခံရပြီး ကိစ္စကိုမူ မဖြေဖျောက်နိုင်တော့ပေ။

ထိုကိစ္စပြီးကတည်းက ကျမတို့ ၂ ယောက်သည် သံသယနှင့် လူနာတွေကို ကြည့်တတ်လာသည်။ မေးတတ်လာသည်။ ဒီနေ့လည်း အနီးအနားမြို့မှ လူနာတဦး မကွေးမှ သမားတော်နှင့်ပြပြီး အစာအိမ်ကင်ဆာဟု ယူဆရသဖြင့် ရန်ကုန်လွှတ် သည်။

ရန်ကုန်တွင် အပြင်ဆေးရုံများတွင် အတော်အသင့်ရွာလည်ပြီး ကုန်ကျပြီး ရန်ကုန်ဆေးရုံကြီး ခွဲစိတ်ဆောင်မှာခွဲကာ ရန်ကုန် ကင်ဆာဌာန အပြတွင် ထိုဌာနမှ အမများက မကွေးမှာ ကင်ဆာအထူးကု ရှိသည်ဆိုမှ ရှိပါက အဲ့မှာပဲ ကုချင် သည်ဆိုကာ ပြန်လွှဲပြီး ကျမထံရောက်လာသည်။

ကျမဆီရောက်လို့ စစ်ဆေးလိုက်တော့ သွေးနီအားကျနေသည်။ ကျောက်ကပ်အဆိပ်ဓာတ်မှာ ပုံမှန်ထက် ၁၃ဆခန့် များ နေသည်။ ဓါတ်ခွဲခန်းက စက်များမှားသလားဆိုပြီး နောက်စက်တလုံးနဲ့ ပြန်ထပ် စစ်ကြည့်တော့လည်း ထိုအတိုင်းပင်။ ကျမကလည်း အရင် ရန်ကုန်က စစ်ချက်များ တခုချင်းပြန်ရှာတော့ အစကတည်းက နည်းနည်းတော့ များနေသည်။ ဒါပေမဲ့ upper limit ကျော်ရုံသာ။ ဒီလောက်ထိမများသေး။

ဒါနဲ့ပဲ “ဆေးရုံလာတက်ရမယ်။ စစ်ဆေးစရာ ထပ်စစ်ပြီး ကျောက်ကပ်သမားတော် ပြရမယ်။ ကျောက်ကပ် ပျက်သွားနိုင် တယ်။ ကင်ဆာဆေးသွင်းတာ ခဏထားဦး” စသဖြင့် ဆေးရုံတက်ရန်မနည်း မဲဆွယ်ရသည်။

ဆေးရုံရောက်တော့ ကျမ AS လေးတွေက သေချာမေးတော့မှ ရန်ကုန်က ပြန်လာပြီး ကျမဆီ လာမပြပဲ ၂လခန့် သမြားနီ တနေ့ အလုံး ၃၀ သဘောင်္ရွက်ထောင်း၊ ပန်းသီးနှင့် မုန်လာဥနီကို အစိမ်းလိုက် ကျိတ်ဖျော်ပြီး နေ့စဉ်သောက်ပါသည်တဲ့။ ဒါနဲ့ ကျမတို့က မင်းဂွတ်သီး အခွံကျိတ်သောက်တာ ကျန်သေးတယ်။ ကမ်းဇော်ဆီလေးပါ ထည့်လိုက်ဦး ဒူးရင်းသြဇာရွက် ကလေး အုံပါလားမစုံပဲ ဖြစ်နေဦးမယ်ဟု ငေါ့ပြောရပါသည်။

ဒါကြောင့် ဖေ့ဘွတ်ပေါ် စိတ်ထင်ရာရေးကြသော ဆေးမြီးတို ရေးသူများကိုရော ထိုပို့စ်များကို ရှဲသူများကိုပါ ကျမကတော့ ပြောချင်ပါသည်။ Share တချက် Click တချက်နဲ့ လူမသတ်ကြပါနဲ့။

ကင်ဆာလူနာဆိုတာ ကင်ဆာလို့ အပြောခံရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်ပြောသမျှကလွဲပြီး မည်းမည်းမြင်ရာ ဆေးမြီးတို ပိုလန် အစက်ချဆေး ကမ်းဇော်ဆီ စပါးကြီးသည်းခြေ သဘောင်္ရွက်ထောင်းသောက် စသည်များကို မဆင်မခြင် လုပ်ကြ တော့သည်။

ခုလို ကျောက်ကပ် အသည်း ပျက်စီးပါက ကင်ဆာဆေးလည်း သွင်းမရ ဆိုင်းထားရွှေ့ထားရ ။ အဆင်မသင့်ပါက ကျောက်ကပ် ဆေးရသည်အထိ ဖြစ်ရပါသည်။ ကင်ဆာဆေး ဆိုင်းငံ့ထားလို့ ရောဂါက ပိုတိုးလာ၊ ကျောက်ကပ် ဆေးရလို့ လူနာရော နိုင်ငံတော်ရော ကုန်ကျစရိတ် ပိုရသည်မှာ ရင်နာစရာ ကောင်းလှသည်။

ကင်ဆာလူနာနှင့် လူနာရှင်များကိုလည်း စိတ်ထင်ရာ မစမ်းကြဖို့မှာချင်ပါသည်။ သစ်ဥ သစ်ဖု သစ်ရွက်ဆို ဘေးမဖြစ်ဟု မထင်ကြပါနဲ့။

ဖေ့ဘွတ် သုံးသူများ ကင်ဆာလူနာများကို ညှာတာပြီး ဆေးမြီးတို Share ရန် ‎လက်တွန့်ကြပါရှင်။

ဒေါက်တာသော်တာပပထွန်း