ဒီ ကေန႔ညေန ကိစၥတစ္ခုနဲ႔ အျပင္သြားေတာ့ ဂရက္ဘ္တက္စီ ေခၚျဖစ္တယ္ေပါ့..

ကားေပၚတက္ထိုင္ၿပီးသကာလ ကားထဲ ကပ္ထားတဲ့ စာေတြေတြ႕လို႔ သတိထားဖတ္မိတယ္.. ဆန္းတာက ျမင္ဖူးေနက်စာေတြလို “တံခါးေျဖးေျဖးပိတ္” “ေဆးလိပ္မေသာက္ရ” တို႔ မဟုတ္ဘူး..

သူကပ္ထားတာက ” ေစတနာေကာင္းလွ်င္ ကံေကာင္းမည္.. ေစတနာရွိက ခ်မ္းသာရ.. ေစတနာေတြေရာင္ျပန္ဖို႔ သိန္း ၁၅၀၀၀ ထီ ကံစမ္းစို႔ ” တဲ့..

စာဖတ္ၿပီး မ်က္စိကစားၾကည့္မိေတာ့ ကားေခါင္းခန္း Seat ႏွစ္ခုၾကားမွာ ထီလက္မွတ္ေတြ ထည့္ထားတဲ့ ျခင္းေတာင္းျပာေလး ေတြ႕တယ္.. ေအာ္ သူ Taxi ေမာင္းရင္း ခရီးသည္ပါ ထီေရာင္းေပးေနတာပဲ.. သူ ဒီအခြင့္အေရးကို ျမင္ၿပီး ေနာက္ထပ္ဝင္ေငြလမ္းေၾကာင္းတစ္ခုကို အလြယ္တကူဖန္တီးႏိုင္တာ သေဘာက်လိုက္တာ… ကားေမာင္းေနေပမယ့္ ေခါင္းအေတာ္ေကာင္းခ်က္..

ေနာက္ထပ္ကပ္ထားတဲ့ စာေလးရွိေသးတယ္.. ” လွံထမ္းတာကို ျမင္ႏိုင္သလို ကံေကာင္းတာကို ျမင္ႏိုင္ဖို႔ သိန္း ၁၅၀၀၀ ထီ ကံစမ္းစို႔ ” တဲ့.. အယ္လယ့္ ဆို႐ိုးစကားေတာင္ Innovation လုပ္ၿပီး ေပးခ်င္တဲ့ Message ကို ပစ္ထည့္သြားတာ.. ထီထိုးဖို႔ တကူးတကအျပင္ထြက္ေနစရာမလိုဘဲ ကားေပၚမွာတင္ ထီထိုးႏိုင္ေအာင္ ေၾကာ္ျငာထားတာ.. တကယ္ကို မခ်ီးက်ဴးဘဲ မေနႏိုင္တာနဲ႔ ကိုယ္က ေမးရတယ္..

” အစ္ကိုက ထီပါ ေရာင္းေပးတာလား.. ”

” ဟုတ္တယ္.. သုံးလေလာက္ရွိၿပီ.. က်ေနာ့္ သမီးေလးေမြးၿပီး ေနာက္ထပ္အလုပ္တစ္ခုထပ္လုပ္ခ်င္တာနဲ႔ ဒီအလုပ္ေလးပါ တြဲလုပ္ျဖစ္တာ.. ခရီးသည္ကို တကူးတကေတာ့ မေျပာျဖစ္ပါဘူး.. အစ္ကို႔လို ေမးမွပဲ ေျပာျဖစ္တာပါ.. စိတ္ဝင္စားတဲ့သူက ေတြ႕ၿပီး ထိုးသြားၾကတာပါပဲ.. တစ္လကို ငါးေသာင္း တစ္သိန္းေတာ့ အနည္းဆုံးက်န္ပါတယ္… က်န္တဲ့ ထီေတြထဲက ငါးေသာင္းဆုေလးေတြပါ ေပါက္ေသးေတာ့ မဆိုးပါဘူး.. အဓိကက ကိုယ္စားလွယ္ဆုေငြလိုခ်င္တာေပါ့.. က်ေနာ္ဆီမွာ ထိုးတဲ့သူေတြ သိန္း ၁၅၀၀၀ လို ဆုႀကီးေတြေပါက္ရင္ ကိုယ္စားလွယ္ဆုေၾကးက ေတာ္ေတာ္ရမွာကိုး.. သမီးေလးအတြက္ပါပဲ.. ဒီအလုပ္က သူ႔အတြက္ ရည္႐ြယ္ၿပီး လုပ္ျဖစ္တာမို႔ပါ.. သူ႔ကံပါပဲ..”

ဦးေႏွာက္ေကာင္းသလို ႏွလုံးသားလွတဲ့ ဖခင္တစ္ဦးမွန္းလည္း သူ႔ရင္ဘတ္ထဲ လွမ္းျမင္ရတယ္..

” အင္း ဟုတ္ပါတယ္.. ဘာပဲျဖစ္ျဖစ္ Taxi ကားေပၚ ထီေရာင္းေပးတာ အႀကံေလး ေတာ္ေတာ္ေကာင္းတာပဲ.. ေနာက္ထပ္အလုပ္တစ္ခုဆိုေပမယ့္ အခ်ိန္လည္း ေနာက္ထပ္မေပးရဘူး.. တၿပိဳင္နက္တည္းလုပ္လို႔ရတယ္.. တကယ္ခ်ီးက်ဴးပါတယ္.. ထီထိုးမယ္ေလ.. ႀကဳံေနတာပဲ.. ”

” ဟုတ္ ဒီစာအုပ္ထဲမွာ နံပါတ္ေတြေရးထားၿပီးသား အစ္ကို..ႀကိဳက္တဲ့ နံပါတ္ေဘးမွာ အစ္ကို႔ နာမည္နဲ႔ ဖုန္းနံပါတ္ေလးေရးေပး႐ုံပါ ”

သူက ထီနံပါတ္ေတြကို ၁ ထိပ္စီးကေန ၉ ထိပ္စီးထိ ေရးထား တဲ့ ဗလာစာအုပ္ေလး လွမ္းေပးတယ္.. ထီလက္မွတ္ေတြ ေမႊၿပီး မရွာရေအာင္ ႀကိဳလုပ္ထားတာေလးကအစ စနစ္က်လိုက္တာ.. ဒီလူ Taxi driver ဆိုေပမယ့္ ေခါင္းတစ္လုံးပိုသာ ပိုေတာ္ေနတာ..

ခရီးသည္ကို လိုရာပို႔ေပးတဲ့ Service အျပင္ ေနာက္ထပ္ product တစ္ခုကိုပါ ေရာင္းဖို႔ စဥ္းစားႏိုင္တာ.. အခြင့္အေရးကို ျမင္တဲ့အတိုင္း စနစ္တက် အေကာင္အထည္ေဖာ္ Implement လုပ္ထားႏိုင္တာ သူ႔ ရဲ႕ Amazing Innovation Skill ပဲ..

ထီထိုးၿပီး ကားေပၚကဆင္းေတာ့ သိန္းတစ္ေသာင္းခြဲေပါက္ပါေစ ဆိုၿပီးႏႈတ္ဆက္ေသးတာ.. မဂ္လာရွိလိုက္တာ.. သူလဲ ေအာင္ျမင္ပါေစေလ.. မဟုတ္ဘူး.. သူ တကယ္ေအာင္ျမင္မွာပါ..

Sai Thein Htike San
ေလးစားစြာျဖင့္ Blacker

ဒီ ကနေ့ညနေ ကိစ္စတစ်ခုနဲ့ အပြင်သွားတော့ ဂရက်ဘ်တက်စီ ခေါ်ဖြစ်တယ်ပေါ့..

ကားပေါ်တက်ထိုင်ပြီးသကာလ ကားထဲ ကပ်ထားတဲ့ စာတွေတွေ့လို့ သတိထားဖတ်မိတယ်.. ဆန်းတာက မြင်ဖူးနေကျစာတွေလို “တံခါးဖြေးဖြေးပိတ်” “ဆေးလိပ်မသောက်ရ” တို့ မဟုတ်ဘူး..

သူကပ်ထားတာက ” စေတနာကောင်းလျှင် ကံကောင်းမည်.. စေတနာရှိက ချမ်းသာရ.. စေတနာတွေရောင်ပြန်ဖို့ သိန်း ၁၅၀၀၀ ထီ ကံစမ်းစို့ ” တဲ့..

စာဖတ်ပြီး မျက်စိကစားကြည့်မိတော့ ကားခေါင်းခန်း Seat နှစ်ခုကြားမှာ ထီလက်မှတ်တွေ ထည့်ထားတဲ့ ခြင်းတောင်းပြာလေး တွေ့တယ်.. အော် သူ Taxi မောင်းရင်း ခရီးသည်ပါ ထီရောင်းပေးနေတာပဲ.. သူ ဒီအခွင့်အရေးကို မြင်ပြီး နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုကို အလွယ်တကူဖန်တီးနိုင်တာ သဘောကျလိုက်တာ… ကားမောင်းနေပေမယ့် ခေါင်းအတော်ကောင်းချက်..

နောက်ထပ်ကပ်ထားတဲ့ စာလေးရှိသေးတယ်.. ” လှံထမ်းတာကို မြင်နိုင်သလို ကံကောင်းတာကို မြင်နိုင်ဖို့ သိန်း ၁၅၀၀၀ ထီ ကံစမ်းစို့ ” တဲ့.. အယ်လယ့် ဆိုရိုးစကားတောင် Innovation လုပ်ပြီး ပေးချင်တဲ့ Message ကို ပစ်ထည့်သွားတာ.. ထီထိုးဖို့ တကူးတကအပြင်ထွက်နေစရာမလိုဘဲ ကားပေါ်မှာတင် ထီထိုးနိုင်အောင် ကြော်ငြာထားတာ.. တကယ်ကို မချီးကျူးဘဲ မနေနိုင်တာနဲ့ ကိုယ်က မေးရတယ်..

” အစ်ကိုက ထီပါ ရောင်းပေးတာလား.. ”

” ဟုတ်တယ်.. သုံးလလောက်ရှိပြီ.. ကျနော့် သမီးလေးမွေးပြီး နောက်ထပ်အလုပ်တစ်ခုထပ်လုပ်ချင်တာနဲ့ ဒီအလုပ်လေးပါ တွဲလုပ်ဖြစ်တာ.. ခရီးသည်ကို တကူးတကတော့ မပြောဖြစ်ပါဘူး.. အစ်ကို့လို မေးမှပဲ ပြောဖြစ်တာပါ.. စိတ်ဝင်စားတဲ့သူက တွေ့ပြီး ထိုးသွားကြတာပါပဲ.. တစ်လကို ငါးသောင်း တစ်သိန်းတော့ အနည်းဆုံးကျန်ပါတယ်… ကျန်တဲ့ ထီတွေထဲက ငါးသောင်းဆုလေးတွေပါ ပေါက်သေးတော့ မဆိုးပါဘူး.. အဓိကက ကိုယ်စားလှယ်ဆုငွေလိုချင်တာပေါ့.. ကျနော်ဆီမှာ ထိုးတဲ့သူတွေ သိန်း ၁၅၀၀၀ လို ဆုကြီးတွေပေါက်ရင် ကိုယ်စားလှယ်ဆုကြေးက တော်တော်ရမှာကိုး.. သမီးလေးအတွက်ပါပဲ.. ဒီအလုပ်က သူ့အတွက် ရည်ရွယ်ပြီး လုပ်ဖြစ်တာမို့ပါ.. သူ့ကံပါပဲ..”

ဦးနှောက်ကောင်းသလို နှလုံးသားလှတဲ့ ဖခင်တစ်ဦးမှန်းလည်း သူ့ရင်ဘတ်ထဲ လှမ်းမြင်ရတယ်..

” အင်း ဟုတ်ပါတယ်.. ဘာပဲဖြစ်ဖြစ် Taxi ကားပေါ် ထီရောင်းပေးတာ အကြံလေး တော်တော်ကောင်းတာပဲ.. နောက်ထပ်အလုပ်တစ်ခုဆိုပေမယ့် အချိန်လည်း နောက်ထပ်မပေးရဘူး.. တပြိုင်နက်တည်းလုပ်လို့ရတယ်.. တကယ်ချီးကျူးပါတယ်.. ထီထိုးမယ်လေ.. ကြုံနေတာပဲ.. ”

” ဟုတ် ဒီစာအုပ်ထဲမှာ နံပါတ်တွေရေးထားပြီးသား အစ်ကို..ကြိုက်တဲ့ နံပါတ်ဘေးမှာ အစ်ကို့ နာမည်နဲ့ ဖုန်းနံပါတ်လေးရေးပေးရုံပါ ”

သူက ထီနံပါတ်တွေကို ၁ ထိပ်စီးကနေ ၉ ထိပ်စီးထိ ရေးထား တဲ့ ဗလာစာအုပ်လေး လှမ်းပေးတယ်.. ထီလက်မှတ်တွေ မွှေပြီး မရှာရအောင် ကြိုလုပ်ထားတာလေးကအစ စနစ်ကျလိုက်တာ.. ဒီလူ Taxi driver ဆိုပေမယ့် ခေါင်းတစ်လုံးပိုသာ ပိုတော်နေတာ..

ခရီးသည်ကို လိုရာပို့ပေးတဲ့ Service အပြင် နောက်ထပ် product တစ်ခုကိုပါ ရောင်းဖို့ စဉ်းစားနိုင်တာ.. အခွင့်အရေးကို မြင်တဲ့အတိုင်း စနစ်တကျ အကောင်အထည်ဖော် Implement လုပ်ထားနိုင်တာ သူ့ ရဲ့ Amazing Innovation Skill ပဲ..

ထီထိုးပြီး ကားပေါ်ကဆင်းတော့ သိန်းတစ်သောင်းခွဲပေါက်ပါစေ ဆိုပြီးနှုတ်ဆက်သေးတာ.. မဂ်လာရှိလိုက်တာ.. သူလဲ အောင်မြင်ပါစေလေ.. မဟုတ်ဘူး.. သူ တကယ်အောင်မြင်မှာပါ..

Sai Thein Htike San
လေးစားစွာဖြင့် Blacker