ပီတိ ေရးသားသူ – ေလယာဥ္မွဴးႀကီးေအာင္ပို

မေန႔ညက ရန္ကုန္ေလဆိပ္မွာ Chengdu ဖလိုက္ေမာင္းဖို႔ ခရီးသည္ေတြတင္တယ္။ ေလယာဥ္တံခါးပိတ္အၿပီး Boarding Bridge (ခရီးသည္တင္ေပါင္းကူးတံတား) လည္း ခြာၿပီးေရာ ျပႆနာက စေတာ့တာပဲ…

ခရီးသည္တစ္ေယာက္က ေလဆိပ္ထဲမွာ သူ႔ပိုက္ဆံအိတ္ က်န္ခဲ့တယ္လို႔ ေလယာဥ္မယ္ကတဆင့္ သတင္းပို႔လာတယ္။ အိတ္ထဲမွာ ေငြအေတာ္မ်ားမ်ားအျပင္ သူေသာက္ေနၾက အေရးႀကီးေဆးဝါးအခ်ိဳ႕နဲ႔ သူ႔အေမအတြက္ အမွတ္တရလက္ေဆာင္ေတြပါေၾကာင္း ေျပာလာတယ္…

က်ေနာ္လည္း ေလယာဥ္ထြက္ခြာခ်ိန္ လိုေသးတာနဲ႔ ေလယာဥ္နားမွာရွိတဲ့ ေျမျပင္ဝန္ေဆာင္မႈဝန္ထမ္းမ်ားကတဆင့္ ေလဆိပ္လုံၿခဳံေရးကို အေၾကာင္းၾကားၿပီး စုံစမ္းခိုင္းလိုက္တယ္… ႏႈတ္၏ေဆာင္မျခင္းေပါ့…

သူတို႔ေလးေတြလည္း ႀကိဳးစားေပးၾကရွာပါတယ္… ေနာက္ဆုံးေတာ့ ေလဆိပ္ပင္မဝင္ေပါက္ X-Ray စက္ျဖတ္ၿပီးခ်ိန္မွာ က်န္ခဲ့ေၾကာင္း၊ စစ္ေဆးၿပီး အႏၲရာယ္ကင္းေၾကာင္း သိရၿပီး ေလဆိပ္လုံၿခဳံေရးေတြဆီကေန က်ေနာ့္ရဲ႕တာဝန္ခံမႈနဲ႔ ေလယာဥ္ဆီကို အေျပးအလႊား ယူလာၾကတယ္…

ေလယာဥ္နားေရာက္ေတာ့ ေလယာဥ္ေမာင္းခန္း ျပတင္းေပါက္ကေန နားက်ပ္ႀကိဳးကိုခ် ျဖည္းျဖည္းခ်င္းဆြဲတင္ရတာေပါ့…. စြန႔္စားခန္းတစ္ခုေပါ့ဗ်ာ (Boarding Bridge ျပန္ကပ္ဖို႔ဆိုတာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မလြယ္ေတာ့ဘူးေလ)

ေလယာဥ္ေပၚေရာက္ေတာ့ ကာယကံရွင္နဲ႔ သူ႔စကားျပန္ကိုေခၚၿပီး ေလယာဥ္မယ္နဲ႔ အတူေတြ႕တယ္။ ဒီအခ်ိန္အထိ သူတို႔ေတြမရိပ္မိၾကေသးဘူး… ဒရမ္မာေတြ ခင္းၿပီေလ…

အိတ္ကိုမျပေသးဘဲ “က်န္ခဲ့တဲ့အိတ္ထဲမွာ ဘာပါလဲ” လို႔ ခပ္တည္တည္ေမးလိုက္ေတာ့ ငိုေတာ့မယ့္မ်က္ႏွာေလးေတြနဲ႔ ေျပာျပရွာတယ္… အသံေတြလည္းတုန္လို႔…

က်န္ခဲ့လို႔ ျပန္ပို႔ေပးရင္ေတာင္ ေသာက္ေနၾက အေရးႀကီးေဆးေတြကို အခ်ိန္မွီရဖို႔ မလြယ္ေၾကာင္း၊ နယ္ျပန္သြားၿပီး ျပန္လာယူဖို႔ ခက္ခဲေၾကာင္း၊ အေမ့အတြက္ လက္ေဆာင္ေတြက်န္ခဲ့တာ ဝမ္းနည္းေၾကာင္းေပါ့…

အဲဒီက်မွ က်ေနာ္လည္း “ေရာ့…. ဒီမွာအိတ္တလုံး စစ္ၾကည့္”လို႔ ထုတ္ေပးလိုက္တယ္။ သူတို႔မ်က္ႏွာေတြဟာ ႐ုတ္တရက္ ဝမ္းသာလြန္းလို႔ဆိုတာေလ… အိတ္ကိုဖြင့္ၿပီး ေဆးေတြထုတ္ျပရွာတယ္…

ၿပီးေတာ့ ပိုက္ဆံေတြထုတ္ၿပီး က်ေနာ့္ကို အတင္းထိုးေပးတာ… ပြတာပဲေပါ့။ က်ေနာ္လက္ကာျပေတာ့ အားနာတယ္ထင္ၿပီး ေလယာဥ္မယ္ကို အတင္းေပးျပန္ေရာ…

က်ေနာ္လည္း ဘာမွေပးစရာမလိုေၾကာင္း၊ ခရီးသည္ေတြအဆင္ေျပဖို႔ ေလေၾကာင္းလိုင္းဝန္ထမ္းေတြဟာ အၿမဲႀကိဳးစားေနမွာျဖစ္ေၾကာင္း၊ ရန္ကုန္ေလဆိပ္သစ္ႀကီးရဲ႕ ဝန္ေဆာင္မႈဟာ ပစၥည္းက်န္ခဲ့ရင္ေတာင္ စိုးရိမ္စရာမလိုေၾကာင္း ဂုဏ္ယူစြာနဲ႔ ျပန္ရွင္းျပခဲ့တယ္ေလ…

တညလုံးေလယာဥ္ေမာင္းရတာမို႔ ပင္ပန္းပင္မယ့္ သူတို႔ခရီးသည္ေလးေတြရဲ႕ အေပ်ာ္ေတြကူးစက္လို႔ က်ေနာ္တို႔အတြက္ ပီတိေတြျဖာေဝခဲ့ရတဲ့ အမွတ္တရ ညတစ္ည ျဖစ္ခဲ့ရပါတယ္လို႔…

ခ်စ္ျခင္းအားျဖင့္ – ေအာင္ပို (၇-၁-၂၀၂၀)
ေလးစားစြာျဖင့္ Blacker

ပီတိ ရေးသားသူ – လေယာဉ်မှူးကြီးအောင်ပို

မနေ့ညက ရန်ကုန်လေဆိပ်မှာ Chengdu ဖလိုက်မောင်းဖို့ ခရီးသည်တွေတင်တယ်။ လေယာဉ်တံခါးပိတ်အပြီး Boarding Bridge (ခရီးသည်တင်ပေါင်းကူးတံတား) လည်း ခွာပြီးရော ပြဿနာက စတော့တာပဲ…

ခရီးသည်တစ်ယောက်က လေဆိပ်ထဲမှာ သူ့ပိုက်ဆံအိတ် ကျန်ခဲ့တယ်လို့ လေယာဉ်မယ်ကတဆင့် သတင်းပို့လာတယ်။ အိတ်ထဲမှာ ငွေအတော်များများအပြင် သူသောက်နေကြ အရေးကြီးဆေးဝါးအချို့နဲ့ သူ့အမေအတွက် အမှတ်တရလက်ဆောင်တွေပါကြောင်း ပြောလာတယ်…

ကျနော်လည်း လေယာဉ်ထွက်ခွာချိန် လိုသေးတာနဲ့ လေယာဉ်နားမှာရှိတဲ့ မြေပြင်ဝန်ဆောင်မှုဝန်ထမ်းများကတဆင့် လေဆိပ်လုံခြုံရေးကို အကြောင်းကြားပြီး စုံစမ်းခိုင်းလိုက်တယ်… နှုတ်၏ဆောင်မခြင်းပေါ့…

သူတို့လေးတွေလည်း ကြိုးစားပေးကြရှာပါတယ်… နောက်ဆုံးတော့ လေဆိပ်ပင်မဝင်ပေါက် X-Ray စက်ဖြတ်ပြီးချိန်မှာ ကျန်ခဲ့ကြောင်း၊ စစ်ဆေးပြီး အန္တရာယ်ကင်းကြောင်း သိရပြီး လေဆိပ်လုံခြုံရေးတွေဆီကနေ ကျနော့်ရဲ့တာဝန်ခံမှုနဲ့ လေယာဉ်ဆီကို အပြေးအလွှား ယူလာကြတယ်…

လေယာဉ်နားရောက်တော့ လေယာဉ်မောင်းခန်း ပြတင်းပေါက်ကနေ နားကျပ်ကြိုးကိုချ ဖြည်းဖြည်းချင်းဆွဲတင်ရတာပေါ့…. စွန့်စားခန်းတစ်ခုပေါ့ဗျာ (Boarding Bridge ပြန်ကပ်ဖို့ဆိုတာ အကြောင်းအမျိုးမျိုးကြောင့် မလွယ်တော့ဘူးလေ)

လေယာဉ်ပေါ်ရောက်တော့ ကာယကံရှင်နဲ့ သူ့စကားပြန်ကိုခေါ်ပြီး လေယာဉ်မယ်နဲ့ အတူတွေ့တယ်။ ဒီအချိန်အထိ သူတို့တွေမရိပ်မိကြသေးဘူး… ဒရမ်မာတွေ ခင်းပြီလေ…

အိတ်ကိုမပြသေးဘဲ “ကျန်ခဲ့တဲ့အိတ်ထဲမှာ ဘာပါလဲ” လို့ ခပ်တည်တည်မေးလိုက်တော့ ငိုတော့မယ့်မျက်နှာလေးတွေနဲ့ ပြောပြရှာတယ်… အသံတွေလည်းတုန်လို့…

ကျန်ခဲ့လို့ ပြန်ပို့ပေးရင်တောင် သောက်နေကြ အရေးကြီးဆေးတွေကို အချိန်မှီရဖို့ မလွယ်ကြောင်း၊ နယ်ပြန်သွားပြီး ပြန်လာယူဖို့ ခက်ခဲကြောင်း၊ အမေ့အတွက် လက်ဆောင်တွေကျန်ခဲ့တာ ဝမ်းနည်းကြောင်းပေါ့…

အဲဒီကျမှ ကျနော်လည်း “ရော့…. ဒီမှာအိတ်တလုံး စစ်ကြည့်”လို့ ထုတ်ပေးလိုက်တယ်။ သူတို့မျက်နှာတွေဟာ ရုတ်တရက် ဝမ်းသာလွန်းလို့ဆိုတာလေ… အိတ်ကိုဖွင့်ပြီး ဆေးတွေထုတ်ပြရှာတယ်…

ပြီးတော့ ပိုက်ဆံတွေထုတ်ပြီး ကျနော့်ကို အတင်းထိုးပေးတာ… ပွတာပဲပေါ့။ ကျနော်လက်ကာပြတော့ အားနာတယ်ထင်ပြီး လေယာဉ်မယ်ကို အတင်းပေးပြန်ရော…

ကျနော်လည်း ဘာမှပေးစရာမလိုကြောင်း၊ ခရီးသည်တွေအဆင်ပြေဖို့ လေကြောင်းလိုင်းဝန်ထမ်းတွေဟာ အမြဲကြိုးစားနေမှာဖြစ်ကြောင်း၊ ရန်ကုန်လေဆိပ်သစ်ကြီးရဲ့ ဝန်ဆောင်မှုဟာ ပစ္စည်းကျန်ခဲ့ရင်တောင် စိုးရိမ်စရာမလိုကြောင်း ဂုဏ်ယူစွာနဲ့ ပြန်ရှင်းပြခဲ့တယ်လေ…

တညလုံးလေယာဉ်မောင်းရတာမို့ ပင်ပန်းပင်မယ့် သူတို့ခရီးသည်လေးတွေရဲ့ အပျော်တွေကူးစက်လို့ ကျနော်တို့အတွက် ပီတိတွေဖြာဝေခဲ့ရတဲ့ အမှတ်တရ ညတစ်ည ဖြစ်ခဲ့ရပါတယ်လို့…

ချစ်ခြင်းအားဖြင့် – အောင်ပို (၇-၁-၂၀၂၀)
လေးစားစွာဖြင့် Blacker