ရေး သားသူ – သက္ကမိုးညို






သက္ကမိုးညို

ရေး သားသူ – သက္ကမိုးညို

အ ရင်တုန်းကလို လက်ထဲမှာ ကိုင်ထားတာ ဘာမှ မရှိတော့ဘူး။ ဒါပေမယ့် ရုံးချိန်း ၁၃ ခု၊ သက်သေပေါင်း ၂၁ယောက်ရဲ့ ထွက်ချက်တွေ ရှိနေတယ်။ အုပ်စု သုံးစု (ကလေးမိသားစု၊ ကျောင်းဘက်က သက်သေ၊ ပညာရှင်သက်သေ) ရဲ့ ထွက်ချက်တွေထဲက တူညီတာ၊ ကွဲပြားတာတွေကို တရစ်ချင်း ခြွေပြီးချပြနေတာပဲ…

ဥပမာ၊ ပညာရှင် ဦးထွန်းခိုင်ရဲ့ ထွက်ချက်ကြောင့် CCTV ဖိုင်တွေ ဖြတ်တောက်ထားတာ၊အမျိုးမျိုး ကစားပြီး ပြန်ဆက်ထားတာတွေ တွေ့ခဲ့တယ်။ Hard Disk ကိုလဲထားတာ တွေ့ခဲ့တယ်။

ရန်နောင်ဌေးရဲ့ ထွက်ချက်မှာ CCTV ဖိုင်ကို ဝင်ကြည့်ဖို့ user name နဲ့ passwords သိတာ ဦးပညာနဲ့ ရန်နောင်ဌေးနှစ်ယောက်ပဲ ရှိတယ်၊ ဒီတော့ ဒီဖိုင်တွေ ပြုပြင်ခံရတာနဲ့ ပတ်သက်ပြီး တာဝန်ရှိတာ ဒီနှစ်ယောက်ပဲ။

Hard Disk ကို ကိုင်တွယ်တာသည် CID ၊ရန်နောင်ဌေးနဲ့ ဦးပညာ သုံးယောက်ပဲ၊ ဒီတော့ လဲလှယ်ထားလို့ တာဝန်ခံရမှာသည် ဒီသုံးယောက်ပဲ…

အခုပြောတာ ကျနော် အပိုပြောတာ တလုံးမှ မပါဘူး။ထွက်ချက်တွေအရပဲ ပြောတာ။

သက္ကမိုးညို