အမျိုးသ မီးများအတွက် ထင်ရှားတဲ့ မှဲ့ (၇)မျိုး အကြောင်း အပြည့်အစုံ

ဒီလိုပါခင်ဗျာ။မိန်းကလေးတွေမှာထင်ရှားတဲ့မဲှ့(၇)မျိုးရှိတယ်လို့မှဲ့နဲ့ပါတ်သက်တဲ့ကျမ်းတွေမှာဆိုကြပါတယ်။အဓိကမဲှ့တွေပေါ့။အဲဒီမှဲ့ (၇)မျိုးကဘာတွေလဲဆိုတော့ ရတနာရွှေအိုးလို့ ခေါ်တဲ့မှဲ့ရယ်။ရတနာဆီမီးထွန်းဆိုတဲ့ မှဲ့ရယ်။မျက်ရည်ခံမှဲ့ရယ်(ဘယ်ဘက်) မျက် ရည်ခံမှဲ့ကြီး (ညာရယ်)နှုတ်တဆိတ်ဆိုတဲ့ မှဲ့ရယ်။ရွှေပိတုန်းစုပ်ဆိုတဲ့မှဲ့ရယ်။စံပယ် တင်(ညာဘက်) မှဲ့ရယ်ဆိုပြီး အမျိုးသမီးတွေအတွက်အထင်ကရ မှဲ့ (၇)မျိုးရှိတယ်။

၁-ရတနာရွှေအိုးမှဲ့

အဲဒီမှာရင်ဘတ်အလယ်မှာထင်ထင်ရှားရှား မှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင်အဲဒီမှဲ့ကို၇တနာရွှေအိုးလို့ခေါ်တယ်။အဲဒီမှဲ့ရှိတဲ့အမျိုးသမီးတွေဟာများသောအားဖြင့်ကြွယ်ဝချမ်းသာလေ့ရှိတယ်။နာမည်ဂုဏ်သတင်းကျော်ကြားတတ်တယ်။နောက်ပြီးသူတို့တွေဟာအလုပ်ဌာနတွေမှာအကြီးအကဲခေါင်းဆောာင်ဖြစ်လေ့ရှိတယ်။သူတို့တွေဟာဆင်းရဲရင်လဲခနပဲ။ဆင်းရဲတွင်းတဲ ကျနေရင်လည်းခနပဲ။မုချကြီးပွားချမ်းသာမယ့်သူတွေဖြစ်တယ်။အဲဒီလို၇တနာရွှေအိုး မှဲ့ပါနေတဲ့အမျိုးသမီးတွေဟာကျောက်နီ၊ပတ္တမြား၊စိန်၊နှစ်သက်ရာတစ်ခုခုကိုလက်သူကြွယ်မှာဝတ်ဆင်ထားရင်ထူးထူးခြားခြားကံမြင့်မားမယ်။

၂-ရတနာဆီမီးထွန်းမှဲ့

နောက်တစ်ခုကနဖူးရဲ့ဘယ်ဘက်မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင်အဲဒီမှဲ့ကိုကျတော့ရတနာဆီမီးထွန်းလို့ခေါ်တယ်။အဲဒီလိုမှဲ့ရှိတဲ့အမျိုးသမီးတွေကြတော့ပစ္စည်းဥစ္စာကြွယ်ဝချမ်းသာကြတယ်။အိမ်ထောင် ဘက်ကောင်းနဲ့ဆုံတွေ့နိုင်ကြတယ်။နောက်ပြီးသားကောင်းသမီးကောင်တွေထွန်းကားကြတယ်။ပြောရရင်တော့မိဘထက်မြတ်တဲ့သားသမီးတွေနောက်ထင် ပေါ်ကျော်ကြားတဲ့သားသမီးရတနာတွေကိုဖွားမြင်နိုင်ကြတယ်။ဘာသာရေးဆိုရင်လည်းအရမ်းစိတ်ဝင်စားလေ့ရှိတယ်။တစိုက်မတ်မတ်လုပ်လေ့ရှိတယ်။ဒီဘဝတွင် ဘာသာတရားလိုက်စားမယ်ဆိုရင်တရားထူးတရားမြတ်တောင်ရနိုင်တယ်လို့ဆိုတယ်။

၃-မျက်ရည်ခံမှဲ့

နောက်တစ်မျိုးကဘယ်ဘက်မျက်ခန်းနဲ့အထက်နှုတ်ခမ်းကြားထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင်အဲဒီမှဲ့ကိုမျက်ရည်ခံမှဲ့လို့ ခေါ်တယ်။ဘယ်လောက်ပဲငွေကြေးတွေစီးစိမ်ဥစ္စာတွေပြည့်စုံနေပေမယ့်စိတ်ဆင်းရဲရတတ်တယ်။သောကများမယ်။ငယ်စဉ်ကလေးဘဝကတည်းကကြမန်းတမ်းတဲ့ဘဝခရီးကိုအကွေ့အကောက်များစွာနဲ့ ဖြတ်သန်းရတတ်တယ်။နောက်ပြီး အိမ်ထောင်ဆက်လဲများတတ်တယ်။သူတို့တွေဟာအနက်ရောင်ဆိုရင်လုံး၀ မဝတ်သင့်ဘူး။ရှောင်သင့်တယ်။ ကျောက် စိမ်းကိုလည်းမဝတ်သင့်ဘူး။စိန်၊ဥဿဖယား ၊ပုလဲစတဲ့ရတနာတစ်ခုခုကိုကိုယ်နဲ့မကွာ ဝတ်ထားသင့်တယ်။

၄-မျက်ရည်ခံမှဲ့ကြီး

နောက်မှဲ့တစ်မျိုးကိုကြတော့ညာဘက်အောက်မျက်ခမ်းနဲ့အထက်နှုတ်ခမ်းကြားမှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီး ရှိနေတယ်ဆိုရင်မျက် ရည်ခံကြီးလို့ခေါ်တယ်။သူတို့ရဲ့ဘဝတစ်လျှောက်ဆုံးရှုံးမှု့ကြီး များစွာနဲ့ ကြုံတွေ့ရတတ်ပြီးအသက်ကြီးတဲ့အချိန်မှာဆင်းရဲဒုက္ခရောက်ရတတ်တယ်။ မမျှော်လင့်ပဲခင်ပွန်းသည်သေဆုံးတတ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့မုဆိုးမဖြစ်တတ်တယ်။အဲဒီမျက်ရည်ခံမှဲ့ကြီးရှိတဲ့အမျိုး သမီးတွေဟာဘာသာတရားကိုအထူဒလိုက်စားပြီးကိုယ်ကျင့်တရား အထူးကောင်းမွန်အောင်နေထိုင်ရမယ်။ ကု သိုလ်ကောင်းမှု့တရစပ်ပြုလုပ် ဆောင် ရွက်ရမယ်။အကျင့်သီလကိုအကောင်းဆုံးဖြစ်အောင်နေထိုင်ရမယ်။မွေးနေ့တိုင်းပန်းဆီမီးရေချမ်းကပ်လှူပူဇော်သင့်တယ်။စိန်၊ ဥဿဖယားလက်ဝတ်ရတနာတို့ကိုဝတ်ဆင်ဆောင်ထားသင့်တယ်။

၅-နှုတ်တဆိတ်မှဲ့

နောက်မှဲ့တစ်မျိုးကိုကြတော့နှုတ်တဆိတ်လို့ခေါ်တယ်။ဘယ်ဘက်ပါးပြင်ပါးစပ်နားမှာ ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်းထင်းကြီးရှိနေတယ်ဆိုရင်အဲဒီမှဲ့ကိုနှုတ်တဆိတ်လို့ခေါ်တယ်။အဲဒီမှဲ့ပိုင်ရှင်တွေဟာစကားပြောအတော်ပြေပြစ်တယ်ကြတယ်။ချိုသာကြတယ်။စကားပြောပရိယာယ်ကြွယ်ဝတယ်။ မူယာမာယာများတတ်ကြတယ်။အသိသာဆုံးကယောက်ျားများ၏ချစ်ခင်မှု့ စွဲလန်းမှု့များ ရလေ့ရှိတယ်။အဲဒီမှဲ့ပိုင်ရှင်များဟာစိန်ရယ် မြရယ် ပြောင်ခေါင်းစိမ်းရတနာတို့ကို ဝတ်ဆင်သင့်တယ်။အနီရောင်ပန်းပွင့်များကို မကြာခဏဆိုသလိုဘုရားကိုကပ်လှူပေးရင်ကံဇာတာပိုပြီးမြင့်မားစေတယ်။

၆-ရွှေပိတုန်းစုပ်မှဲ့

နောက်မှဲ့တစ်မျိုးကရွှေပိတုန်းစုပ် လို့ ခေါ်တယ်။ညာဘက်ပါးပြင်ပါးစပ်နားတွင်ထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်း ထင်းကြီးရှိနေတဲ့မှဲ့ပေါ့။ချစ်ခင်နှစ်သက်သူများဝန်းရံနေတယ်။မာယာပရိယာယ် ကြွယ်ဝပြီးတော့ လူချစ်လူခင်အားကြီးများတယ်။စန်းပွင့်တယ်။အိမ်ထောင်ဘကအမျိုးသား၏အကျိုးကျေးဇူးကိုခံစားရတယ်။အဖြူရောင်အစိမ်းရောင် ရတနာမှန်သမျှ ဝတ်ဆင်သင့်တယ်။ပုလဲတစ်မျိုးကိုတော့လုံး၀ ရှောင်ထားသင့်တယ်။

၇-စံပယ်တင်(ညာဘက်) မှဲ့

နောက်ဆုံးတစ်မျိုးကတော့စံပယ်တင်မှဲ့လို့ ခေါ်တယ်။ဘယ်ဘက်ပါးပြင်မို့မို့မှာထင်ထင်ရှားရှားမှဲ့တစ်လုံးတည်းထင်း ထင်းကြီးရှိနေတဲ့မှဲ့ကို ခေါ်တယ်။သူတို့တွေဟာနာမည်ကျော်ကြားထင်ရှားမယ်။လူတစ်ဦးကိုအလွယ်တကူနှစ်သက်တတ်တယ်။ကိုယ့်အပေါ်ကိုအိမ်ထောင်ဘက်ကချစ်ခင်အောင်စွဲလန်းအောင်အမျိုးမျိုး ဆောင်ရွက်လေ့ရှိတယ်။သူတို့တွေရဲ့အချစ်ရေးတွေမှာတော့အမြဲတမ်းဆိုသလိုနှစ်မျိုးနှစ်ခွကြုံရလေ့ရှိတယ်။သူတို့တွေအတွက်အကောင်းဆုံးအဆောင် ကတော့ပန်းပွင့်ပုံလည်ဆွဲတန်ဆာကို ရွှေနဲ့ လုပ်ပြီးဆောင်ထားသင့်တယ်။အဖြူရောင် ကျောက်မျက်ရတနာမျိုးစုံနဲ့သင့်မြတ်တယ်။

Credit: ဟိန်းတင့်ဇော်

အမ်ိဳးသမီးမ်ားအတြက္ ထင္ရွားတဲ့ မွဲ႕ (၇)မ်ိဳး အေၾကာင္း အျပည့္အစုံ

ဒီလိုပါခင္ဗ်ာ။မိန္းကေလးေတြမွာထင္ရွားတဲ့မဲွ႕(၇)မ်ိဳးရွိတယ္လို႔မွဲ႕နဲ႕ပါတ္သက္တဲ့က်မ္းေတြမွာဆိုၾကပါတယ္။အဓိကမဲွ႕ေတြေပါ့။အဲဒီမွဲ႕ (၇)မ်ိဳးကဘာေတြလဲဆိုေတာ့ ရတနာေ႐ႊအိုးလို႔ ေခၚတဲ့မွဲ႕ရယ္။ရတနာဆီမီးထြန္းဆိုတဲ့ မွဲ႕ရယ္။မ်က္ရည္ခံမွဲ႕ရယ္(ဘယ္ဘက္) မ်က္ ရည္ခံမွဲ႕ႀကီး (ညာရယ္)ႏႈတ္တဆိတ္ဆိုတဲ့ မွဲ႕ရယ္။ေ႐ႊပိတုန္းစုပ္ဆိုတဲ့မွဲ႕ရယ္။စံပယ္ တင္(ညာဘက္) မွဲ႕ရယ္ဆိုၿပီး အမ်ိဳးသမီးေတြအတြက္အထင္ကရ မွဲ႕ (၇)မ်ိဳးရွိတယ္။

၁-ရတနာေ႐ႊအိုးမွဲ႕

အဲဒီမွာရင္ဘတ္အလယ္မွာထင္ထင္ရွားရွား မွဲ႕တစ္လုံးတည္းထင္းထင္းႀကီးရွိေနတယ္ဆိုရင္အဲဒီမွဲ႕ကို၇တနာေ႐ႊအိုးလို႔ေခၚတယ္။အဲဒီမွဲ႕ရွိတဲ့အမ်ိဳးသမီးေတြဟာမ်ားေသာအားျဖင့္ႂကြယ္ဝခ်မ္းသာေလ့ရွိတယ္။နာမည္ဂုဏ္သတင္းေက်ာ္ၾကားတတ္တယ္။ေနာက္ၿပီးသူတို႔ေတြဟာအလုပ္ဌာနေတြမွာအႀကီးအကဲေခါင္းေဆာာင္ျဖစ္ေလ့ရွိတယ္။သူတို႔ေတြဟာဆင္းရဲရင္လဲခနပဲ။ဆင္းရဲတြင္းတဲ က်ေနရင္လည္းခနပဲ။မုခ်ႀကီးပြားခ်မ္းသာမယ့္သူေတြျဖစ္တယ္။အဲဒီလို၇တနာေ႐ႊအိုး မွဲ႕ပါေနတဲ့အမ်ိဳးသမီးေတြဟာေက်ာက္နီ၊ပတၱျမား၊စိန္၊ႏွစ္သက္ရာတစ္ခုခုကိုလက္သူႂကြယ္မွာဝတ္ဆင္ထားရင္ထူးထူးျခားျခားကံျမင့္မားမယ္။

၂-ရတနာဆီမီးထြန္းမွဲ႕

ေနာက္တစ္ခုကနဖူးရဲ႕ဘယ္ဘက္မွာထင္ထင္ရွားရွားမွဲ႕တစ္လုံးတည္းထင္းထင္းႀကီးရွိေနတယ္ဆိုရင္အဲဒီမွဲ႕ကိုက်ေတာ့ရတနာဆီမီးထြန္းလို႔ေခၚတယ္။အဲဒီလိုမွဲ႕ရွိတဲ့အမ်ိဳးသမီးေတြၾကေတာ့ပစၥည္းဥစၥာႂကြယ္ဝခ်မ္းသာၾကတယ္။အိမ္ေထာင္ ဘက္ေကာင္းနဲ႕ဆုံေတြ႕နိုင္ၾကတယ္။ေနာက္ၿပီးသားေကာင္းသမီးေကာင္ေတြထြန္းကားၾကတယ္။ေျပာရရင္ေတာ့မိဘထက္ျမတ္တဲ့သားသမီးေတြေနာက္ထင္ ေပၚေက်ာ္ၾကားတဲ့သားသမီးရတနာေတြကိုဖြားျမင္နိုင္ၾကတယ္။ဘာသာေရးဆိုရင္လည္းအရမ္းစိတ္ဝင္စားေလ့ရွိတယ္။တစိုက္မတ္မတ္လုပ္ေလ့ရွိတယ္။ဒီဘဝတြင္ ဘာသာတရားလိုက္စားမယ္ဆိုရင္တရားထူးတရားျမတ္ေတာင္ရနိုင္တယ္လို႔ဆိုတယ္။

၃-မ်က္ရည္ခံမွဲ႕

ေနာက္တစ္မ်ိဳးကဘယ္ဘက္မ်က္ခန္းနဲ႕အထက္ႏႈတ္ခမ္းၾကားထင္ထင္ရွားရွားမွဲ႕တစ္လုံးတည္းထင္းထင္းႀကီးရွိေနတယ္ဆိုရင္အဲဒီမွဲ႕ကိုမ်က္ရည္ခံမွဲ႕လို႔ ေခၚတယ္။ဘယ္ေလာက္ပဲေငြေၾကးေတြစီးစိမ္ဥစၥာေတြျပည့္စုံေနေပမယ့္စိတ္ဆင္းရဲရတတ္တယ္။ေသာကမ်ားမယ္။ငယ္စဥ္ကေလးဘဝကတည္းကၾကမန္းတမ္းတဲ့ဘဝခရီးကိုအေကြ႕အေကာက္မ်ားစြာနဲ႕ ျဖတ္သန္းရတတ္တယ္။ေနာက္ၿပီး အိမ္ေထာင္ဆက္လဲမ်ားတတ္တယ္။သူတို႔ေတြဟာအနက္ေရာင္ဆိုရင္လုံး၀ မဝတ္သင့္ဘူး။ေရွာင္သင့္တယ္။ ေက်ာက္ စိမ္းကိုလည္းမဝတ္သင့္ဘူး။စိန္၊ဥႆဖယား ၊ပုလဲစတဲ့ရတနာတစ္ခုခုကိုကိုယ္နဲ႕မကြာ ဝတ္ထားသင့္တယ္။

၄-မ်က္ရည္ခံမွဲ႕ႀကီး

ေနာက္မွဲ႕တစ္မ်ိဳးကိုၾကေတာ့ညာဘက္ေအာက္မ်က္ခမ္းနဲ႕အထက္ႏႈတ္ခမ္းၾကားမွာထင္ထင္ရွားရွားမွဲ႕တစ္လုံးတည္းထင္းထင္းႀကီး ရွိေနတယ္ဆိုရင္မ်က္ ရည္ခံႀကီးလို႔ေခၚတယ္။သူတို႔ရဲ႕ဘဝတစ္ေလွ်ာက္ဆုံးရႈံးမႈ႕ႀကီး မ်ားစြာနဲ႕ ႀကဳံေတြ႕ရတတ္ၿပီးအသက္ႀကီးတဲ့အခ်ိန္မွာဆင္းရဲဒုကၡေရာက္ရတတ္တယ္။ မေမွ်ာ္လင့္ပဲခင္ပြန္းသည္ေသဆုံးတတ္ၿပီး ငယ္ငယ္႐ြယ္႐ြယ္နဲ႕မုဆိုးမျဖစ္တတ္တယ္။အဲဒီမ်က္ရည္ခံမွဲ႕ႀကီးရွိတဲ့အမ်ိဳး သမီးေတြဟာဘာသာတရားကိုအထူဒလိုက္စားၿပီးကိုယ္က်င့္တရား အထူးေကာင္းမြန္ေအာင္ေနထိုင္ရမယ္။ ကု သိုလ္ေကာင္းမႈ႕တရစပ္ျပဳလုပ္ ေဆာင္ ႐ြက္ရမယ္။အက်င့္သီလကိုအေကာင္းဆုံးျဖစ္ေအာင္ေနထိုင္ရမယ္။ေမြးေန႕တိုင္းပန္းဆီမီးေရခ်မ္းကပ္လႉပူေဇာ္သင့္တယ္။စိန္၊ ဥႆဖယားလက္ဝတ္ရတနာတို႔ကိုဝတ္ဆင္ေဆာင္ထားသင့္တယ္။

၅-ႏႈတ္တဆိတ္မွဲ႕

ေနာက္မွဲ႕တစ္မ်ိဳးကိုၾကေတာ့ႏႈတ္တဆိတ္လို႔ေခၚတယ္။ဘယ္ဘက္ပါးျပင္ပါးစပ္နားမွာ ထင္ထင္ရွားရွားမွဲ႕တစ္လုံးတည္းထင္းထင္းႀကီးရွိေနတယ္ဆိုရင္အဲဒီမွဲ႕ကိုႏႈတ္တဆိတ္လို႔ေခၚတယ္။အဲဒီမွဲ႕ပိုင္ရွင္ေတြဟာစကားေျပာအေတာ္ေျပျပစ္တယ္ၾကတယ္။ခ်ိဳသာၾကတယ္။စကားေျပာပရိယာယ္ႂကြယ္ဝတယ္။ မူယာမာယာမ်ားတတ္ၾကတယ္။အသိသာဆုံးကေယာက္်ားမ်ား၏ခ်စ္ခင္မႈ႕ စြဲလန္းမႈ႕မ်ား ရေလ့ရွိတယ္။အဲဒီမွဲ႕ပိုင္ရွင္မ်ားဟာစိန္ရယ္ ျမရယ္ ေျပာင္ေခါင္းစိမ္းရတနာတို႔ကို ဝတ္ဆင္သင့္တယ္။အနီေရာင္ပန္းပြင့္မ်ားကို မၾကာခဏဆိုသလိုဘုရားကိုကပ္လႉေပးရင္ကံဇာတာပိုၿပီးျမင့္မားေစတယ္။

၆-ေ႐ႊပိတုန္းစုပ္မွဲ႕

ေနာက္မွဲ႕တစ္မ်ိဳးကေ႐ႊပိတုန္းစုပ္ လို႔ ေခၚတယ္။ညာဘက္ပါးျပင္ပါးစပ္နားတြင္ထင္ထင္ရွားရွားမွဲ႕တစ္လုံးတည္းထင္း ထင္းႀကီးရွိေနတဲ့မွဲ႕ေပါ့။ခ်စ္ခင္ႏွစ္သက္သူမ်ားဝန္းရံေနတယ္။မာယာပရိယာယ္ ႂကြယ္ဝၿပီးေတာ့ လူခ်စ္လူခင္အားႀကီးမ်ားတယ္။စန္းပြင့္တယ္။အိမ္ေထာင္ဘကအမ်ိဳးသား၏အက်ိဳးေက်းဇူးကိုခံစားရတယ္။အျဖဴေရာင္အစိမ္းေရာင္ ရတနာမွန္သမွ် ဝတ္ဆင္သင့္တယ္။ပုလဲတစ္မ်ိဳးကိုေတာ့လုံး၀ ေရွာင္ထားသင့္တယ္။

၇-စံပယ္တင္(ညာဘက္) မွဲ႕

ေနာက္ဆုံးတစ္မ်ိဳးကေတာ့စံပယ္တင္မွဲ႕လို႔ ေခၚတယ္။ဘယ္ဘက္ပါးျပင္မို႔မို႔မွာထင္ထင္ရွားရွားမွဲ႕တစ္လုံးတည္းထင္း ထင္းႀကီးရွိေနတဲ့မွဲ႕ကို ေခၚတယ္။သူတို႔ေတြဟာနာမည္ေက်ာ္ၾကားထင္ရွားမယ္။လူတစ္ဦးကိုအလြယ္တကူႏွစ္သက္တတ္တယ္။ကိုယ့္အေပၚကိုအိမ္ေထာင္ဘက္ကခ်စ္ခင္ေအာင္စြဲလန္းေအာင္အမ်ိဳးမ်ိဳး ေဆာင္႐ြက္ေလ့ရွိတယ္။သူတို႔ေတြရဲ႕အခ်စ္ေရးေတြမွာေတာ့အၿမဲတမ္းဆိုသလိုႏွစ္မ်ိဳးႏွစ္ခြႀကဳံရေလ့ရွိတယ္။သူတို႔ေတြအတြက္အေကာင္းဆုံးအေဆာင္ ကေတာ့ပန္းပြင့္ပုံလည္ဆြဲတန္ဆာကို ေ႐ႊနဲ႕ လုပ္ၿပီးေဆာင္ထားသင့္တယ္။အျဖဴေရာင္ ေက်ာက္မ်က္ရတနာမ်ိဳးစုံနဲ႕သင့္ျမတ္တယ္။

Credit: ဟိန္းတင့္ေဇာ္