





Photo : Nepali Trolls

By NH

unicode

သြစတေးလျနိုင်ငံကို မိုးတွေသည်းထန်စွာ ရွာသွန်းပေးလိုက်တဲ့ မိုးမင်းကြီး

ပူဆွေးနေကြတဲ့ လူ၊ တိရစ္ဆာန်များ အတွက် မိုးမင်းကြီးတောင် မခံစားနိုင်လို့ သြစတေးလျနိုင်ငံကို မိုးတွေသည်းထန်စွာ ရွာသွန်းပေးလိုက်တဲ့မိုးမင်းကြီး

လူတွေရဲ့ အသက်၊ ချွေး၊ အိုးအိမ်၊ သန်းထောင်ပေါင်းများစွာသော တိရစ္ဆာန်လေးများရဲ့ အသက်များကို ဝါးမြိုခဲ့တဲ့ သြစတေးလျနိုင်ငံရဲ့ အကြီးမားဆုံး တောမီးလောင်မှုက နိုင်ငံသူနိုင်ငံသားများနဲ့ ထပ်တူ တစ်ကမ္ဘာလုံးကပါ ဝမ်းနည်းပူဆွေးနေကြပါတယ်။

အားလုံးကလည်း တတ်နိုင်သလောက် ပါဝင်ကူညီ နေကြပြီး ကမ္ဘာကျော်အနုပညာရှင်များကလည်း ငွေများ ကူညီထောက်ပံ့ နေကြပါတယ်။

အရှိန်အဟုန်ကြီးစွာ တောက်လောင်နေတဲ့ တောမီးကြီးကို မီးသတ်ယာဉ်များ၊ ဒရုန်းများ၊ ရဟတ်ယာဉ်များ အစရှိတာများနဲ့ ငြိမ်းသက်နေခဲ့ပေမယ့် မနိုင်ဖြစ်နေ ကြပါတယ်။

အဆိုးထဲက အကောင်းလို့ဆိုလို့ရမှာကတော့ မနေ့က သြစတေးလျမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

အခုလို ဝမ်းသာစရာ သတင်းက ကြားရသူတိုင်းကို အနည်းငယ် အပူတွေ ငြိမ်းစေခဲ့ပါတယ်။

Photo : Nepali Trolls

By NH