ဇန္ နဝါရီလ ၁ ရက္ေန႕မွာေတာ့ ၁၀၀၀ က်ပ္တန္ေအာင္ဘာေလထီရဲ႕ ၁၁ ႀကိမ္ေျမာက္အျဖစ္ ေပါက္မဲဆုေတြ ထြက္ရွိခဲ့ပါတယ္…. အျမင့္ဆုံးဆုျဖစ္တဲ့ က်ပ္ သိန္း တစ္ေသာင္းခြဲဆုကိုေတာ့ ၿမိတ္ၿမိဳ႕မွာေနထိုင္တဲ့ ကိုဂ်ပန္နဲ႕ မေအးေအးမိုးတို႔ မိသားစုက ရတနာသိန္းထိုက္ေအာင္ ထီဆိုင္ကေန ဆြတ္ခူးခဲ့တာ ပရိသတ္ႀကီးတို႔လည္း အသိပါ….

ဒီလို သိန္းတစ္ေသာင္းခြဲဆုရွင္ေတြဟာ ေနာက္ထပ္ သိန္း တစ္ေထာင္ဆုကိုလည္း သူတို႔ပဲ ထပ္မံေပါက္ခဲ့တယ္ဆိုတဲ့ သတင္းဟာ လူမႈကြန္ရက္စာမ်က္ႏွာေတြမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းက ျပန႔္ႏွံ႕ခဲ့ပါတယ္ဒီအေၾကာင္းနဲ႕ ပတ္သက္ၿပီး ဟုတ္မဟုတ္ကို ကာယကံရွင္ေတြက ေမးျမန္းခဲ့ရာမွာ တျခားဘာဆုမွမေပါက္ဘဲ သတင္းမွားသာျဖစ္တယ္လို႔ Duwun သတင္းဌာနက တင္ျပထားတဲ့ သတင္းအရ သိရပါတယ္…

သိန္းတစ္ေသာင္းခြဲေပါက္ခဲ့တဲ့ ကာယကံရွင္ျဖစ္သူ မေအးေအးမိုးက က်ပ္သိန္းတစ္ေသာင္းခြဲဆုကလြဲၿပီး တျခားဘာဆုမွမေပါက္တဲ့အေၾကာင္း၊ အခုေပါက္တဲ့ ဆိုင္ကလြဲၿပီး တျခားမွာလည္း ထီမထိုးဘူးဘဲ သတင္းအမွားေတြ မတင္ၾကဖို႔ ဆိုခဲ့ပါတယ္…ဒါ့အျပင္ သူတို႔ သိန္းတစ္ေသာင္းခြဲေပါက္ခဲ့တဲ့ ထီကိုယ္စားလွယ္ႀကီးကိုလည္း သတင္းအမွန္ျပန္တင္ေပးဖို႔ ေျပာထားတယ္လို႔ ဆိုပါတယ္…

ဒါေၾကာင့္ သိန္းတစ္ေသာင္းခြဲေပါက္ခဲ့သူ ကံထူးရွင္ေတြဟာ ေနာက္ထပ္ သိန္းတစ္ေထာင္ဆုေပါက္တယ္ဆိုတာမဟုတ္ဘဲ သတင္းအမွားသာျဖစ္တဲ့အေၾကာင္း ပရိသတ္ႀကီးတို႔ သိရွိရေအာင္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္…

Writer – HW (Shwe Yaung Lan)

Source : Duwun

ဇန် နဝါရီလ ၁ ရက်နေ့မှာတော့ ၁၀၀၀ ကျပ်တန်အောင်ဘာလေထီရဲ့ ၁၁ ကြိမ်မြောက်အဖြစ် ပေါက်မဲဆုတွေ ထွက်ရှိခဲ့ပါတယ်…. အမြင့်ဆုံးဆုဖြစ်တဲ့ ကျပ် သိန်း တစ်သောင်းခွဲဆုကိုတော့ မြိတ်မြို့မှာနေထိုင်တဲ့ ကိုဂျပန်နဲ့ မအေးအေးမိုးတို့ မိသားစုက ရတနာသိန်းထိုက်အောင် ထီဆိုင်ကနေ ဆွတ်ခူးခဲ့တာ ပရိသတ်ကြီးတို့လည်း အသိပါ….

ဒီလို သိန်းတစ်သောင်းခွဲဆုရှင်တွေဟာ နောက်ထပ် သိန်း တစ်ထောင်ဆုကိုလည်း သူတို့ပဲ ထပ်မံပေါက်ခဲ့တယ်ဆိုတဲ့ သတင်းဟာ လူမှုကွန်ရက်စာမျက်နှာတွေမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန့်နှံ့ခဲ့ပါတယ်ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဟုတ်မဟုတ်ကို ကာယကံရှင်တွေက မေးမြန်းခဲ့ရာမှာ တခြားဘာဆုမှမပေါက်ဘဲ သတင်းမှားသာဖြစ်တယ်လို့ Duwun သတင်းဌာနက တင်ပြထားတဲ့ သတင်းအရ သိရပါတယ်…

သိန်းတစ်သောင်းခွဲပေါက်ခဲ့တဲ့ ကာယကံရှင်ဖြစ်သူ မအေးအေးမိုးက ကျပ်သိန်းတစ်သောင်းခွဲဆုကလွဲပြီး တခြားဘာဆုမှမပေါက်တဲ့အကြောင်း၊ အခုပေါက်တဲ့ ဆိုင်ကလွဲပြီး တခြားမှာလည်း ထီမထိုးဘူးဘဲ သတင်းအမှားတွေ မတင်ကြဖို့ ဆိုခဲ့ပါတယ်…ဒါ့အပြင် သူတို့ သိန်းတစ်သောင်းခွဲပေါက်ခဲ့တဲ့ ထီကိုယ်စားလှယ်ကြီးကိုလည်း သတင်းအမှန်ပြန်တင်ပေးဖို့ ပြောထားတယ်လို့ ဆိုပါတယ်…

ဒါကြောင့် သိန်းတစ်သောင်းခွဲပေါက်ခဲ့သူ ကံထူးရှင်တွေဟာ နောက်ထပ် သိန်းတစ်ထောင်ဆုပေါက်တယ်ဆိုတာမဟုတ်ဘဲ သတင်းအမှားသာဖြစ်တဲ့အကြောင်း ပရိသတ်ကြီးတို့ သိရှိရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…

Writer – HW (Shwe Yaung Lan)

Source : Duwun