ပ ရိသတ်တွေ အပတ်စဉ် စိတ်ဝင်တစားစောင့်မျှော်ကြည့်ရှုနေကြတဲ့ The Mask Singer Myanmar ပြိုင်ပွဲကြီးရဲ့ မျက်နှာဖုံးရှင်တစ်ယောက်က ဒီနေ့မှာပေါ်ထွက်လာခဲ့ပါပြီ ။ ဒီနေ့အတွက် သီးမွှေး ၊ ဖိုးဝ နဲ့ နဂါးတို့ သုံးယောက်ထဲက တစ်ယောက်က ပရိသတ်တွေကို မျက်နှာဖုံး ချွတ်ပြရမှာဖြစ်ပြီး ဘယ်မျက်နှာဖုံးရှင်က ဘယ်သူဖြစ်မလဲ ဆိုတာက တော့ အရမ်းကိုစိတ်ဝင်စားစရာကောင်းခဲ့ပါတယ် ။

ပ ရိသတ်တွေရဲ့မဲအရေအတွက်အရ မျက်နှာဖုံးချွတ်ပြလိုက်ရတဲ့သူကတော့ ပရိသတ်တွေရော ဒိုင်တွေပါ လုံးဝမထင်မှတ်ထားတဲ့ ဖိုးဝမျက်နှာဖုံးရှင်ဖြစ်တဲ့ သရုပ်ဆောင်မင်းသားချောလေး အောင်ရဲထိုက်ပဲဖြစ်ပါတယ် ။ ရဲလေးရဲ့ အမူအယာ ၊ ရဲလေးရဲ့အသံနဲ့ ရဲလေး နဲ့တူအောင် သေချာလေ့လာပြီး ဆယ်လီစုံထောက်တွေကို လှည့်စားခဲ့တာဖြစ်ပြီး ဆယ်လီစုံထောက်တွေက တပြိုင်ထဲရဲလေးလို့ မှတ်ချက်ချခဲ့ကြတာပဲဖြစ်ပါတယ် ။

အဆိုအရမ်းကောင်းပြီး သရုပ်ဆောင်လို့ မခန့်မှန်းမိလောက်အောင် ပရိသတ်တွေကိုရော ဆယ်လီစုံထောက်တွေကိုပါ အကောင်းဆုံး သီဆိုပြသွားနိုင်တဲ့အောင်ရဲထိုက်ရဲ့ အဆိုပညာကတော့ တကယ်ကိုချီးကျူးစရာပါပဲနော် ။ ပရီသတ်တွေရော ကိုယ်ခန့်မှန်းထားတာတွေမှန်ရဲ့လား မှတ်ချက်ပေးခဲ့ပါဦး ။

Source : The Mask Singer Myanmar