Unicode
သိပ် မကြာသေးခင်က မှ ပြီးဆုံးသွားခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4ရဲ့ Winner ဆုကို ထိုက်တန်စွာ ရရှိသွားခဲ့တဲ့ အက်စတာဒေါ့ချင်းဆုန် ကတော့ ယခုအခါမှာ သူမရဲ့ အမှတ်တရတွေထဲက တနေရာဖြစ်တဲ့ ဟားခါးမြို့မှာရှိတဲ့ ချင်းရိုးရာအိမ်ကို ရောက်နေတာပဲ ဖြစ်ပါတယ်။
အက်စတာကတော့ ဒုတိယ ဆုန်သင်းပါရ်လို့ တင်စားခေါ်ဝေါ်ခံရတဲ့အထိကို သူမရဲ့ အားကောင်းပြီး ချိုမြတဲ့ အသံပါဝါကြောင့် ပရိတ်သတ်တွေရဲ့ အခိုင်အမာ အားပေးထောက်ခံမှုကို ရရှိခဲ့တဲ့ ပြိုင်ပွဲဝင်ကောင်းတစ်ယောက်လည်း ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။
သူမက ခုလတ်တလောမှာတော့ မွေးရပ်ဇာတိဖြစ်တဲ့ ချင်းပြည်နယ် ဟားခါးမြို့ကို ရောက်ရှိနေကာ သူမရဲ့ ချစ်ရတဲ့ ပရိတ်သတ်ကြီးကို ပြန်လည်နှုတ်ဆက်ကာ သီချင်းတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့တာပဲ ဖြစ်ပါတယ်။
သူမရဲ့ တနေ့တာလှုပ်ရှားမှုတွေကိုလည်း သူမရဲ့ ဖေ့စဘွတ် စာမျက်နှာ ရော မြန်မာအိုင်ဒေါ ရဲ့ ဖေ့စဘွတ် ပေ့ချ်မှာပါ ဆက်လာက်ပြီး တင်ပေးသွားမှာပဲ ဖြစ်ပါတယ်။အေးချမ်းတဲ့ သူမတို့ရဲ့ ချင်းပြည်နယ်ကနေ ကြိုဆိုနေကြတဲ့ အက်စတာရဲ့ ပရိတ်သတ်တွေကတော့ မနည်းပါဘူးနော်။
ခုတခါမှာတော့ အက်စတာက “သူမရဲ့ အမှတ်တရတွေထဲက တနေရာဖြစ်တဲ့ ဟားခါးမြို့ရှိ ချင်းရိုးရာအိမ်သို့ ရောက်ရှိနေတာဖြစ်ပါတယ်” လို့ ဆိုကာ ဖေ့စဘွတ် စာမျက်နှာကနေ မျှဝေပေးခဲ့တာပဲ ဖြစ်ပါတယ်။ အက်စတာရဲ့ အမှတ်တရတွေရှိနေတဲ့ ချင်းရိုးရာအိမ်က ပုံရိပ်လေးတွေကို ချစ်ပရိတ်သတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။Source; Ester Dawd Chin Seng