ျမန္ မာအိုင္ေဒါ သီခ်င္းဆိုၿပိဳင္ပြဲႀကီးက ျမန္မာနိုင္ငံရွိ အဆိုၿပိဳင္ပြဲေတြထဲမွာ ပရိသတ္ေတြ စိတ္ဝင္စားမႈကို လက္တေလာမွာ ရရွိထားတဲ့ အစီအစဥ္တစ္ခုျဖစ္ပါတယ္။

ျမန္ မာအိုင္ေဒါ ၿပိဳင္ပြဲဝင္ေတြဟာ ၿပိဳင္ပြဲၿပီးဆုံးခ်ိန္မွာ အားေပးသူ Fan အမ်ားအျပားကို ပိုင္ဆိုင္ရရွိသြားတာကလည္း ျမန္မာအိုင္ေဒါၿပိဳင္ပြဲရဲ့ အားသာခ်က္တစ္ခုပဲျဖစ္ပါတယ္။ Season-3 ရဲ့ ဝင္းနားဆုရွင္ ၿဖိဳးျမတ္ေအာင္တစ္ေယာက္လည္း ျမန္မာတစ္နိုင္ငံလုံးနီးပါးရဲ့ အားေပးေထာက္ခံမႈကို အႀကိတ္အနယ္ရရွိခဲ့တာပါ။

မၾကာေသးခင္က ၿပီးဆုံးခဲ့တဲ့ Season-4 မွာေတာ့ ျမန္မာသံေတးသီခ်င္းေတြကို ပိုင္ပိုင္နိုင္နိုင္သီဆိုနိုင္ခဲ့တဲ့ ေအးျမျဖဴက Grand Final ထိ တက္ေရာက္ခြင့္ရရွိခဲ့တာျဖစ္ပါတယ္။ Winner ဆုနဲ႔ လြဲေခ်ာ္ခဲ့ေပမယ့္ တစ္နိုင္ငံလုံးက ေပးတဲ့ Winner ဆုကို ရရွိခဲ့သူက ေအးျမျဖဴပါဆိုၿပီး ခ်ီးမြမ္းခံခဲ့ရေလာက္တဲ့အထိ ပရိသတ္ေတြ အမ်ားအျပားရရွိခဲ့တာပါ။

ျမန္မာအိုင္ေဒါၿပိဳင္ပြဲႀကီးၿပီးဆုံးသြားခ်ိန္မွာေတာ့ ရွိုးပြဲေတြ လက္ခံရရွိခဲ့တဲ့ ေအးျမျဖဴက သဲေတာ၊ ဝမ္းတြင္း လြတ္လပ္ေရးေန႔အထိမ္းအမွတ္ပြဲမွာ သီဆိုေဖ်ာ္ေျဖခြင့္ရရွိခဲ့ပါတယ္။ ဒီရွိုးပြဲမွာေတာ့ ေအးျမျဖဴနဲ႔အတူ ျမန္မာအိုင္ေဒါက အႏုပညာေမာင္ႏွမတစ္ဦးျဖစ္သူ ၿဖိဳးျမတ္ေအာင္လည္း ပါဝင္ခဲ့တာပါ။

အႏုပညာေမာင္ႏွမ (၂) ဦးဆုံေတြ႕ခ်ိန္ ရိုက္ကူးထားတဲ့ ပုံရိပ္တစ္ခ်ိဳ႕ကလည္း သူတို႔ပရိသတ္ေတြအတြက္ ဝမ္းသာပီတိျဖစ္ေစပါတယ္။ ၿဖိဳးျမတ္ေအာင္နဲ႔ ေအးျမျဖဴတို႔ရဲ့ ခ်စ္စရာေကာင္းတဲ့ ေတြ႕ဆုံမႈပုံရိပ္ေလးေတြကို ပရိသတ္ႀကီးပါ ၾကည့္ရႈနိုင္ေအာင္ ေဖာ္ျပေပးလိုက္ပါတယ္။

Unicode

မြန် မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးက မြန်မာနိုင်ငံရှိ အဆိုပြိုင်ပွဲတွေထဲမှာ ပရိသတ်တွေ စိတ်ဝင်စားမှုကို လက်တလောမှာ ရရှိထားတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။

မြန် မာအိုင်ဒေါ ပြိုင်ပွဲဝင်တွေဟာ ပြိုင်ပွဲပြီးဆုံးချိန်မှာ အားပေးသူ Fan အများအပြားကို ပိုင်ဆိုင်ရရှိသွားတာကလည်း မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့ အားသာချက်တစ်ခုပဲဖြစ်ပါတယ်။ Season-3 ရဲ့ ဝင်းနားဆုရှင် ဖြိုးမြတ်အောင်တစ်ယောက်လည်း မြန်မာတစ်နိုင်ငံလုံးနီးပါးရဲ့ အားပေးထောက်ခံမှုကို အကြိတ်အနယ်ရရှိခဲ့တာပါ။

မကြာသေးခင်က ပြီးဆုံးခဲ့တဲ့ Season-4 မှာတော့ မြန်မာသံတေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်ခဲ့တဲ့ အေးမြဖြူက Grand Final ထိ တက်ရောက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။ Winner ဆုနဲ့ လွဲချော်ခဲ့ပေမယ့် တစ်နိုင်ငံလုံးက ပေးတဲ့ Winner ဆုကို ရရှိခဲ့သူက အေးမြဖြူပါဆိုပြီး ချီးမွမ်းခံခဲ့ရလောက်တဲ့အထိ ပရိသတ်တွေ အများအပြားရရှိခဲ့တာပါ။

မြန်မာအိုင်ဒေါပြိုင်ပွဲကြီးပြီးဆုံးသွားချိန်မှာတော့ ရှိုးပွဲတွေ လက်ခံရရှိခဲ့တဲ့ အေးမြဖြူက သဲတော၊ ဝမ်းတွင်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပွဲမှာ သီဆိုဖျော်ဖြေခွင့်ရရှိခဲ့ပါတယ်။ ဒီရှိုးပွဲမှာတော့ အေးမြဖြူနဲ့အတူ မြန်မာအိုင်ဒေါက အနုပညာမောင်နှမတစ်ဦးဖြစ်သူ ဖြိုးမြတ်အောင်လည်း ပါဝင်ခဲ့တာပါ။

အနုပညာမောင်နှမ (၂) ဦးဆုံတွေ့ချိန် ရိုက်ကူးထားတဲ့ ပုံရိပ်တစ်ချို့ကလည်း သူတို့ပရိသတ်တွေအတွက် ဝမ်းသာပီတိဖြစ်စေပါတယ်။ ဖြိုးမြတ်အောင်နဲ့ အေးမြဖြူတို့ရဲ့ ချစ်စရာကောင်းတဲ့ တွေ့ဆုံမှုပုံရိပ်လေးတွေကို ပရိသတ်ကြီးပါ ကြည့်ရှုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။