
တာကြောင့်ဖြစ်ပါတယ်။




Myanmar Idol Season 4 ရဲ့ Cele Star တစ်ဦးဖြစ် တဲ့ ပြိုင်ပွဲဝင် အေးမြဖြူတစ်ယောက်ကတော့ Winner ဖြစ်မယ်လို့ အားလုံးက ခန့်မှန်းခဲ့ကြပေမယ့်သူမဟာ Winner ဆု နဲ့ လွဲချော်ခဲ့ရပါတယ်။ အဓိကကတော့ Voting Result နဲ့ ဆုံးဖြတ်တဲ့ ပွဲမို့လို့ Grand Final မှာ သီချင်းမှားဆိုတာတောင်မှ အက်စတာ တစ်ယောက်ဟာ winner ဖြစ်ခဲ့ပါတယ်။

ဒါေ ပ မယ့် ထူးဆန်းတာတစ်ခုကတော့ အေးမြဖြူတစ်ယောက်ဟာ အရာရာကို ကြိုသိနေတဲ့အလား Winner ကို ကြေငြာချိန်မှာ သိပြီးသားအဖြေကို ပြန်ကြားနေရသလို မတုန်မလှုပ်ပဲ အပြုံးလေးတစ်ပွင့်နဲ့ အားလုံးကို ရင်ဆိုင်ခဲ့တာကြောင့် ပရိသတ်တွေကပါအံ့သြနေခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အသက် ၁၆ အရွယ် လုံမပျိုလေးတစ်ယောက်အနေနဲ့ ဒီလောက် အထိ ရင့်ကျက်နေလိမ့်မယ်လို့ ဘယ်သူမှ မထင်မှတ်ထားခဲ့
တာကြောင့်ဖြစ်ပါတယ်။

သူမ ဟာ ရင့်ကျက်တည်ငြိမ်မှုတွေအပြင် ပညာရေးမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်တယ်လို့ သူမရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရလာဒ်တွေက ဖော်ပြနေပါတယ်။သူမဟာ အမှတ်စာရင်းကောင်းပြီး တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူးသုံးဘာသာနဲ့ အောင်မြင်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

အခုလို ပရိသတ်ချစ်တဲ့ အေးမြဖြူလေးအကြောင်းကို သိခွင့်ရလို့ ကျေနပ်လိမ့်မယ်လို့ ထင်ပါတယ်နော်။ အချိန်ပေးဖတ်ရှုပေးတဲ့ မိတ်ဆွေ
တွေကို ကျေးဇူးတင်ပါတယ်နော်။

Writer- SMT(Shwe Yaung Lan)