ယ ခုလ ဇန္နဝါရီလ (၁)ရက္ေန႔ကထြက္ရွိတဲ့ ေအာင္ဘာေလထီဆုရဲ့ က်ပ္သိန္းတစ္ေသာင္းခြဲဆုရွင္ဟာ ထီမထြက္ခင္ရက္ပိုင္းအလို ဒီဇင္ဘာလ(၃၀)ရက္ေန႔ကထြက္ရွိတဲ့ ရွဲဂဏန္းကို (၈၀၀၀)ဖိုးေပါက္ခဲ့သလို ေနာက္ထပ္ တျခားထီဆိုင္ကလည္း က်ပ္သိန္း(၁၀၀၀)ထပ္ၿပီးကံထူးခဲ့တယ္ဆိုၿပီး လူမႈကြန္ရက္မွာသတင္းေတြ ပ်ံ႕ႏွံ့လၽွက္ရွိပါတယ္။

ဒီ သ တင္းဟာ လုံးဝမဟုတ္သလို သတင္းအမွားျဖန႔္ေဝတဲ့ သူေတြကိုလည္း မဟုတ္မမွန္သတင္းေတြမျဖန႔္ဖို႔ကံထူးရွင္မိသားစုကေျပာပါတယ္။

“ သိန္း တစ္ေသာင္းခြဲထီဆုကလြဲၿပီး တျခားဘာဆုမွထပ္မေပါက္ပါဘူး။ ကၽြန္မတို႔က အခုေပါက္တဲ့ထီဆိုင္ကလြဲၿပီး တျခားဘယ္ဆိုင္ကမွလည္းမထိုးဘူး။ အခုလိုသတင္းအမွားေတြမတင္ၾကပါနဲ႔။ အခုသတင္းေတြကလည္းအမွန္မဟုတ္ဘူးဆိုတာကို ကၽြန္မတို႔ေပါက္တဲ့ ထီကိုယ္စားလွယ္ႀကီးကိုလည္း သတင္းအမွန္ျပန္တင္ေပးဖို႔ေျပာထားပါတယ္” လို႔ သိန္းတစ္ေသာင္းခြဲကံထူးရွင္ မေအးေအးမိုးက Duwun ကိုေျပာပါတယ္။

လက္ရွိမွာ သိန္းတစ္ေသာင္းခြဲကံထူးရွင္မိသားစုက ဆုေၾကးေငြထုတ္ရင္းနဲ႔ ထီေပါက္တဲ့ထီဆိုင္က ထီကိုယ္စားလွယ္နဲ႔အတူ ရန္ကုန္ကိုေရာက္ရွိေနတာျဖစ္ပါတယ္။ ဒီဇင္ဘာလ(၃)ရက္ေန႔ကတည္းက ရန္ကုန္ကိုေရာက္ရွိေနတာျဖစ္ၿပီး ေရာက္တဲ့ေန႔ကတည္းကပဲ ဆုေၾကးေငြထုတ္ၿပီးၿပီလို႔ မေအးေအးမိုးကေျပာပါတယ္။ ဇန္နဝါရီလ(၁)ရက္ေန႔က ထြက္ရွိတဲ့ က်ပ္သိန္းတစ္ေသာင္းခြဲဆုကို ၿမိတ္ၿမိဳ႕က ကိုဂ်ပန္၊ မေအးေအးမိုးတို႔ မိသားစုက ရတနာသိန္းထိုက္ေအာင္ထီဆိုင္ကေန ကံထူးနံပတ္ (င- ၂၀၄၅၈၈ ) နံပတ္နဲ႔ ကံထူးခဲ့တာျဖစ္ပါတယ္။

Source : Duwun/Nay La Yaung

Unicode

ယ ခုလ ဇန်နဝါရီလ (၁)ရက်နေ့ကထွက်ရှိတဲ့ အောင်ဘာလေထီဆုရဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုရှင်ဟာ ထီမထွက်ခင်ရက်ပိုင်းအလို ဒီဇင်ဘာလ(၃၀)ရက်နေ့ကထွက်ရှိတဲ့ ရှဲဂဏန်းကို (၈၀၀၀)ဖိုးပေါက်ခဲ့သလို နောက်ထပ် တခြားထီဆိုင်ကလည်း ကျပ်သိန်း(၁၀၀၀)ထပ်ပြီးကံထူးခဲ့တယ်ဆိုပြီး လူမှုကွန်ရက်မှာသတင်းတွေ ပျံ့နှံ့လျှက်ရှိပါတယ်။

ဒီ သတင်းဟာ လုံးဝမဟုတ်သလို သတင်းအမှားဖြန့်ဝေတဲ့ သူတွေကိုလည်း မဟုတ်မမှန်သတင်းတွေမဖြန့်ဖို့ကံထူးရှင်မိသားစုကပြောပါတယ်။

“ သိန်းတစ်သောင်းခွဲထီဆုကလွဲပြီး တခြားဘာဆုမှထပ်မပေါက်ပါဘူး။ ကျွန်မတို့က အခုပေါက်တဲ့ထီဆိုင်ကလွဲပြီး တခြားဘယ်ဆိုင်ကမှလည်းမထိုးဘူး။ အခုလိုသတင်းအမှားတွေမတင်ကြပါနဲ့။ အခုသတင်းတွေကလည်းအမှန်မဟုတ်ဘူးဆိုတာကို ကျွန်မတို့ပေါက်တဲ့ ထီကိုယ်စားလှယ်ကြီးကိုလည်း သတင်းအမှန်ပြန်တင်ပေးဖို့ပြောထားပါတယ်” လို့ သိန်းတစ်သောင်းခွဲကံထူးရှင် မအေးအေးမိုးက Duwun ကိုပြောပါတယ်။

လက်ရှိမှာ သိန်းတစ်သောင်းခွဲကံထူးရှင်မိသားစုက ဆုကြေးငွေထုတ်ရင်းနဲ့ ထီပေါက်တဲ့ထီဆိုင်က ထီကိုယ်စားလှယ်နဲ့အတူ ရန်ကုန်ကိုရောက်ရှိနေတာဖြစ်ပါတယ်။ ဒီဇင်ဘာလ(၃)ရက်နေ့ကတည်းက ရန်ကုန်ကိုရောက်ရှိနေတာဖြစ်ပြီး ရောက်တဲ့နေ့ကတည်းကပဲ ဆုကြေးငွေထုတ်ပြီးပြီလို့ မအေးအေးမိုးကပြောပါတယ်။ ဇန်နဝါရီလ(၁)ရက်နေ့က ထွက်ရှိတဲ့ ကျပ်သိန်းတစ်သောင်းခွဲဆုကို မြိတ်မြို့က ကိုဂျပန်၊ မအေးအေးမိုးတို့ မိသားစုက ရတနာသိန်းထိုက်အောင်ထီဆိုင်ကနေ ကံထူးနံပတ် (င- ၂၀၄၅၈၈ ) နံပတ်နဲ့ ကံထူးခဲ့တာဖြစ်ပါတယ်။

Source : Duwun/Nay La Yaung