ေပါင္ ဇန္နဝါရီ ၃

မြန္ျပည္ နယ္ ေပါင္ၿမိဳ့န ယ္ ထန္းပင္ေခ်ာင္နယ္ေျမရဲကင္းစခန္း ရဲအရာရွိတစ္ဦးမွ အက္စစ္နံ့ရသည့္ေက်ာက္တုံးအား ဥပေဒႏွင့္ မလႊတ္ကင္းသည့္ပစၥည္းဟုဆိုကာ တ႐ုတ္နိုင္ငံသားတစ္ဦးအပါအ၀င္ ျမန္မာနိုင္ငံသားႏွစ္ဦးအား ထန္းပင္ေခ်ာင္ရဲစခန္း၌ ဇန္နဝါရီ(၃)ရက္ေန႔ ည (၈)နာရီဝန္းက်င္တြင္ ထိန္းသိမ္းကာ ေငြက်ပ္သိန္း(၅၀၀)အား ေတာင္းခံခဲ့ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သာေကတၿမိဳ့နယ္တြင္ ေနထိုင္သူ ကိုေဇာ္မိုးက ဇန္နဝါရီ(၄)ရက္ေန႔ ေန႔လည္ပိုင္း ေပါင္ၿမိဳ့နယ္ ရဲစခန္းကအထြက္တြင္ ရာမညတိုင္း(မ္)သတင္းေအဂ်င္စီသို့ ေျပာပါတယ္။

တ႐ုတ္နိုင္ငံသားတစ္ဦးအပါအ၀င္ ကိုေဇာ္မိုးတို့အဖြဲ႕မွာ ရန္ကုန္မွ အငွားယာဥ္ျဖင့္ ေက်ာက္ေရႊရွာရင္း အသိမိတ္ေဆြျဖစ္သူ ကိုတင္ေငြဆိုသူမွ ဗဟန္းေက်ာက္ နမူနာျပမည္ဟုဆိုကာ ထန္းပင္ေခ်ာင္ေက်းရြာသို့ ေခၚေဆာင္သြားခဲ့ၿပီး ပုံးျဖင့္အသင့္ထည့္ထားေသာ ေက်ာက္တုံးတစ္တုံးအား ကားအေနာက္ဖုံးအတြင္းထည့္ေပးကာ ရြာကျပန္အထြက္ ဇန္နဝါရီ(၃)ရက္ ညဦးပိုင္း(၇:၃၀)မိနစ္ဝန္းက်င္ခန႔္တြင္ လွည့္ကင္းျဖင့္တိုးကာ စစ္ေဆးခံရၿပီး ယင္းေက်ာက္တုံးအား တရားမဝင္ပစၥည္းဟုေျပာဆိုကာ ရဲစခန္းတြင္ ထိန္းသိမ္းခံေနရစဥ္ ရဲအရာရွိမွ ေငြမေပးလၽွင္ ဥပေဒအတိုင္းေဆာင္ရြက္မည္ျဖစ္ေၾကာင္း ညႇိႏွိုင္းေျပာဆိုသည္ဟု ကိုေဇာ္မိုးက ဆိုသည္။

“အဲ့ဒီေန႔ည ၉ နာရီေလာက္ ကၽြန္ေတာ္တို့ကိုေျပလည္ေအာင္ ဘယ္လိုလုပ္ေပးနိုင္သလဲလို့ က်ေတာ္တို့ကမ္းလွမ္းပါတယ္ သူတို့က သိန္း(၅၀၀)ေလာက္ရမွအဆင္ေျပနိုင္မယ္လို့ေျပာပါတယ္။ က်ေနာ္တို့လည္း ဒါဟာမူးယစ္ေဆးဝါးလည္းမဟုတ္ပါဘူး သဘာဝေက်ာက္တုံးျဖစ္ပါတယ္လို့ေျပာျပေပးတယ္ ဒါကိုသူတို့ဘက္က မခြဲဘဲနဲ႔ ဥပေဒနဲ႔ၿငိစြန္းတယ္ဆိုၿပီးေျပာပါတယ္ ဒါကိုအဆင္ေျပေအာင္လုပ္ေပးမယ္ဆိုရင္ အားလုံးအဆင္ေျပမယ္ေပါ့ ဒါမဟုတ္ရင္ သူတို့အေနနဲ႔ တရားဥပေဒအတိုင္းအေရးယူမယ္လို့ ေျပာဆိုပါတယ္ အဲ့ဒါၿပီးေတာ့ ည ၁၂ နာရီဝန္းက်င္ေလာက္မွာ ေနာက္တစ္ႀကိမ္သူနဲ႔က်ေနာ္တို့ စကားေျပာျဖစ္တယ္ အဲ့မွာသူကသိန္း(၃၀၀)နဲ႔ေလၽွာ့ၿပီးညႇိပါတယ္ ပါလာတဲ့နိုင္ငံျခားသားကိုလည္း နားလည္ေအာင္ရွင္းျပလိုက္ အဲ့ေလာက္နဲ႔မွအဆင္ေျပမယ္ ဆိုၿပီးေျပာတယ္ ကိုယ္လည္းအဲ့လိုမျဖစ္ေစခ်င္ဘူး အမွန္အတိုင္းဘဲျဖစ္ေစခ်င္တယ္”ဟုယင္းည ၾကဳံေတြ႕ခဲ့ရပုံကို ၄င္းက ေျပာျပသည္။

ယင္းေနာက္ ဇန္နဝါရီ(၄)ရက္ေန႔ နံနက္ပိုင္းတြင္ ကိုေဇာ္မိုးမွ အဆိုပါရဲအရာရွိအား ေငြသြားရွာမည္ဟုေျပာ ဆိုကာ တ႐ုတ္နိုင္ငံသားႏွင့္ စကာျပန္အားရဲစခန္း၌ ထားရွိၿပီး အသိမိတ္ေဆြ ကိုမြန္ေလးရွိသ့ည္ ေပါင္ၿမိဳ့နယ္ ဒရိန္းေက်းရြာသို့ စခန္းမွ ထည့္ေပးလိုက္သည့္ ဂါတ္စာေရးႏွင့္အတူ သြားေရာက္ခဲ့ရေၾကာင္း ယင္းေနာက္ ကိုေဇာ္မိုးမွ သူငယ္ခ်င္းျဖစ္သူအားျဖစ္စဥ္ေျပာျပၿပီး ၄င္း၏ခ်ိတ္ဆက္ေပးမွုေၾကာင့္ အရပ္ဘက္လူမွုအဖြဲ႕အစည္းထံမွ ကူညီမွုရရွိကာ ရဲတပ္ဖြဲ႕တာဝန္ရွိသူေတြနဲ႔ညႇိႏွိုင္းေျဖရွင္းေပးမွုေၾကာင့္ ေငြေၾကးတစ္စုံတစ္ရာေပးရျခင္းမရွိဘဲ ယင္းေန႔ေန႔လည္ပိုင္းတြင္ ထိမ္းသိမ္းခံရျခင္းမွ လႊတ္လာခဲ့ျခင္းျဖစ္ေၾကာင္း ၄င္းကထပ္ေလာင္း ေျပာဆိုသည္။

ေဒသခံမ်ား၏ေျပာၾကားခ်က္အရ လက္ရွိ ေပါင္ၿမိဳ့နယ္ ထန္းပင္ေခ်ာင္ရဲကင္းစခန္းမွူးတာဝန္ထမ္းေဆာင္သူမွာ ဒုရဲအုပ္ေဇာ္လင္းေမာင္ ျဖစ္ေၾကာင္းသိရွိရသည္။

အဆိုပါျဖစ္စဥ္အေပၚေပါင္ၿမိဳ့နယ္ရဲတပ္ဖြဲ႕မွူး ရဲမွူးဝင္းနိုင္ထြန္းအား သြားေရာက္ေမးျမန္းရာ ဒီျဖစ္စဥ္နဲ႔ပတ္သတ္ၿပီး သတင္းပို႕တင္ျပျခင္း မရွိသည့္အတြက္ အဆိုပါရဲအရာရွိအားအေရးယူေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း မီဒီယာမ်ားသို့ ေျပာသည္။

ရာမညတိုင္း(မ္)သတင္းေအဂ်င္စီ

Unicode

ပေါင် ဇန်နဝါရီ ၃

မွန်ပြည် နယ် ပေါင်မြို့န ယ် ထန်းပင်ချောင်နယ်မြေရဲကင်းစခန်း ရဲအရာရှိတစ်ဦးမှ အက်စစ်နံ့ရသည့်ကျောက်တုံးအား ဥပဒေနှင့် မလွှတ်ကင်းသည့်ပစ္စည်းဟုဆိုကာ တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးအား ထန်းပင်ချောင်ရဲစခန်း၌ ဇန်နဝါရီ(၃)ရက်နေ့ ည (၈)နာရီဝန်းကျင်တွင် ထိန်းသိမ်းကာ ငွေကျပ်သိန်း(၅၀၀)အား တောင်းခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်တွင် နေထိုင်သူ ကိုဇော်မိုးက ဇန်နဝါရီ(၄)ရက်နေ့ နေ့လည်ပိုင်း ပေါင်မြို့နယ် ရဲစခန်းကအထွက်တွင် ရာမညတိုင်း(မ်)သတင်းအေဂျင်စီသို့ ပြောပါတယ်။

တရုတ်နိုင်ငံသားတစ်ဦးအပါအဝင် ကိုဇော်မိုးတို့အဖွဲ့မှာ ရန်ကုန်မှ အငှားယာဉ်ဖြင့် ကျောက်ရွှေရှာရင်း အသိမိတ်ဆွေဖြစ်သူ ကိုတင်ငွေဆိုသူမှ ဗဟန်းကျောက် နမူနာပြမည်ဟုဆိုကာ ထန်းပင်ချောင်ကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ပြီး ပုံးဖြင့်အသင့်ထည့်ထားသော ကျောက်တုံးတစ်တုံးအား ကားအနောက်ဖုံးအတွင်းထည့်ပေးကာ ရွာကပြန်အထွက် ဇန်နဝါရီ(၃)ရက် ညဦးပိုင်း(၇:၃၀)မိနစ်ဝန်းကျင်ခန့်တွင် လှည့်ကင်းဖြင့်တိုးကာ စစ်ဆေးခံရပြီး ယင်းကျောက်တုံးအား တရားမဝင်ပစ္စည်းဟုပြောဆိုကာ ရဲစခန်းတွင် ထိန်းသိမ်းခံနေရစဉ် ရဲအရာရှိမှ ငွေမပေးလျှင် ဥပဒေအတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ညှိနှိုင်းပြောဆိုသည်ဟု ကိုဇော်မိုးက ဆိုသည်။

“အဲ့ဒီနေ့ည ၉ နာရီလောက် ကျွန်တော်တို့ကိုပြေလည်အောင် ဘယ်လိုလုပ်ပေးနိုင်သလဲလို့ ကျတော်တို့ကမ်းလှမ်းပါတယ် သူတို့က သိန်း(၅၀၀)လောက်ရမှအဆင်ပြေနိုင်မယ်လို့ပြောပါတယ်။ ကျနော်တို့လည်း ဒါဟာမူးယစ်ဆေးဝါးလည်းမဟုတ်ပါဘူး သဘာဝကျောက်တုံးဖြစ်ပါတယ်လို့ပြောပြပေးတယ် ဒါကိုသူတို့ဘက်က မခွဲဘဲနဲ့ ဥပဒေနဲ့ငြိစွန်းတယ်ဆိုပြီးပြောပါတယ် ဒါကိုအဆင်ပြေအောင်လုပ်ပေးမယ်ဆိုရင် အားလုံးအဆင်ပြေမယ်ပေါ့ ဒါမဟုတ်ရင် သူတို့အနေနဲ့ တရားဥပဒေအတိုင်းအရေးယူမယ်လို့ ပြောဆိုပါတယ် အဲ့ဒါပြီးတော့ ည ၁၂ နာရီဝန်းကျင်လောက်မှာ နောက်တစ်ကြိမ်သူနဲ့ကျနော်တို့ စကားပြောဖြစ်တယ် အဲ့မှာသူကသိန်း(၃၀၀)နဲ့လျှော့ပြီးညှိပါတယ် ပါလာတဲ့နိုင်ငံခြားသားကိုလည်း နားလည်အောင်ရှင်းပြလိုက် အဲ့လောက်နဲ့မှအဆင်ပြေမယ် ဆိုပြီးပြောတယ် ကိုယ်လည်းအဲ့လိုမဖြစ်စေချင်ဘူး အမှန်အတိုင်းဘဲဖြစ်စေချင်တယ်”ဟုယင်းည ကြုံတွေ့ခဲ့ရပုံကို ၄င်းက ပြောပြသည်။

ယင်းနောက် ဇန်နဝါရီ(၄)ရက်နေ့ နံနက်ပိုင်းတွင် ကိုဇော်မိုးမှ အဆိုပါရဲအရာရှိအား ငွေသွားရှာမည်ဟုပြော ဆိုကာ တရုတ်နိုင်ငံသားနှင့် စကာပြန်အားရဲစခန်း၌ ထားရှိပြီး အသိမိတ်ဆွေ ကိုမွန်လေးရှိသ့ည် ပေါင်မြို့နယ် ဒရိန်းကျေးရွာသို့ စခန်းမှ ထည့်ပေးလိုက်သည့် ဂါတ်စာရေးနှင့်အတူ သွားရောက်ခဲ့ရကြောင်း ယင်းနောက် ကိုဇော်မိုးမှ သူငယ်ချင်းဖြစ်သူအားဖြစ်စဉ်ပြောပြပြီး ၄င်း၏ချိတ်ဆက်ပေးမှုကြောင့် အရပ်ဘက်လူမှုအဖွဲ့အစည်းထံမှ ကူညီမှုရရှိကာ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေနဲ့ညှိနှိုင်းဖြေရှင်းပေးမှုကြောင့် ငွေကြေးတစ်စုံတစ်ရာပေးရခြင်းမရှိဘဲ ယင်းနေ့နေ့လည်ပိုင်းတွင် ထိမ်းသိမ်းခံရခြင်းမှ လွှတ်လာခဲ့ခြင်းဖြစ်ကြောင်း ၄င်းကထပ်လောင်း ပြောဆိုသည်။

ဒေသခံများ၏ပြောကြားချက်အရ လက်ရှိ ပေါင်မြို့နယ် ထန်းပင်ချောင်ရဲကင်းစခန်းမှူးတာဝန်ထမ်းဆောင်သူမှာ ဒုရဲအုပ်ဇော်လင်းမောင် ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါဖြစ်စဉ်အပေါ်ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ထွန်းအား သွားရောက်မေးမြန်းရာ ဒီဖြစ်စဉ်နဲ့ပတ်သတ်ပြီး သတင်းပို့တင်ပြခြင်း မရှိသည့်အတွက် အဆိုပါရဲအရာရှိအားအရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း မီဒီယာများသို့ ပြောသည်။

ရာမညတိုင်း(မ်)သတင်းအေဂျင်စီ