သ တင္း + ဓာတ္ပုံ = ကိုတိုးႀကီး ဝက္လက္၊ ဇႏၷဝါရီ ၄

စစ္ ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုခရိုင္၊ ဝက္လက္ၿမိဳ႕နယ္၏ အေရွ႕ေျမာက္ဘက္ရွိ ပ်ဴယဥ္ေက်းမႈထြန္းကားရာ ဟံလင္းၿမိဳ႕ေဟာင္းရွိ သဘာဝေရပူးစမ္းေရကို ခ်ိဳးျခင္းျဖင့္ နာတာရွည္ေရာဂါမ်ား ေပ်ာက္ကင္းေစနိုင္ေၾကာင္း သုေတသနဆိုင္ရာ မွတ္တမ္းမ်ားအရ သိရသည္။

႐ြာမွာက နာတာရွည္ေရာဂါနဲ႕ပတ္သက္ၿပီး ေဆးထိုးေဆးစားျပဳလုပ္ရတဲ့သူ မရွိသေလာက္ပါဘဲ..။ ဘာ ေၾကာင့္လဲဆိုေတာ့ အဲ့ဒီေရပူးစမ္းကိုေန႕စဥ္အၿမဲ ခ်ိဳးေနၾကလို႔ျဖစ္ပါတယ္…” ဟု ဟံလင္းၿမိဳ႕ေဟာင္းေန ဦးေမာင္ဆန္းမွ ေျပာျပသည္။ ဟံလင္းၿမိဳ႕ေဟာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး႐ုံး၏ ေျမာက္ဘက္ရွိ သဘာဝေရပူစမ္းတြင္းမ်ားသည္ လြန္ခဲ့ ေသာႏွစ္ေပါင္းမ်ားစြာက တည္ရွိခဲ့သည္။

အဆိုပါ ေရပူစမ္းတြင္းမ်ားသည္ တစ္တြင္းႏွင့္တစ္တြင္းမွာ ေပအ နည္းငယ္မွ်ခန႔္သာ ကြာေဝးသည္။ သို႔ေသာ္ ေရပူစမ္းတြင္း သုံးတြင္းရွိသည့္အနက္ ထြက္ရွိလာေသာ ေရ အေနအထားမွာ သုံးမ်ိဳးသုံးစား ကြဲျပားျခားနားလ်က္ရွိသည္။ ပထမေရပူစမ္းတြင္းမွ ထြက္ရွိလာေသာေရသည္ အလြန္အမင္းပူသည္။ အဆိုပါေရျဖင့္ ၾကက္ဥမ်ားျပဳတ္ ထားလ်င္ က်က္နိုင္သည္ဟုဆိုသည္။

ဒုတိယ ေရပူစမ္းတြင္းမွာ မပူမေအးျဖစ္သည္။ တတိယတြင္းမွာ ေရ ေအးမ်ားကိုသာလ်င္ထြက္ရွိသည္။ အဆိုပါေရပူစမ္းမ်ားမွာ ဟံလင္းႀကီးၿမိဳ႕ေဟာင္း၏ ရာဇဝင္တြင္ တခမ္း တနားေဖာ္ျပထားေသာ အံ့ဘြယ္(၉)ပါးအနက္ (၁)ပါးအျဖစ္ပါဝင္သည္။

အဆိုပါ ေရပူစမ္းမ်ားႏွင့္ပတ္သက္၍ ၁၉၁၀ ခုႏွစ္က (Major V.P.O Gorman Laylor )ေမဂ်ာ ဗြီပီအို ေဂါမင္းေလလာ ဆိုသူမွ လာေရာက္ေလ့လာခဲ့သည္။ ထိုသူ၏ သုေတသနျပဳ စမ္းသပ္ခ်က္မ်ားအရ ၎ေရ ပူစမ္းမ်ားမွ ထြက္ရွိေသာ ေရမ်ားသည္ အယ္ကလိုင္း ဆားလဖိတ္ဓာတ္မ်ား ပါဝင္ေနျခင္းေၾကာင့္ နာတာ ရွည္ေရာဂါမ်ား၊ ဆီးေရာဂါေဝဒနာမ်ား၊ ခါးနာ၊ ေပါင္နာ၊ အဆစ္အျမစ္ အေၾကာအခ်င္ ေယာင္ရမ္းကိုက္ခဲ ျခင္းမ်ားကို ေပ်ာက္ကင္းေစၿပီး အရိုးေပ်ာ့ေရာဂါမ်ားအတြက္ အထူးသိသာေပ်ာက္ကင္းေစနိုင္ေၾကာင္း ၎ ၏ သုေတသနဆိုင္ရာ အစီရင္ခံစာ မွတ္တမ္းမ်ားတြင္ ေဖာ္ျပထားေၾကာင္း သိရသည္။

သဘာဝလြန္ ျဖစ္ရပ္ဆန္းမ်ားႏွင့္ ကိုက္ညီေနေသာ အဆိုပါ ေရပူစမ္းမ်ားသို႔ ဝါတြင္းကာလ ႐ုံးပိတ္ရက္မ်ား ႏွင့္ အျခားအားလပ္ ေန႕ရက္မ်ားတြင္ အျခားၿမိဳ႕ႀကီးမ်ားမွ မိဘျပည္သူမ်ားက တကူးတကလာေရာက္ကာ က်န္းမာေရးအရ ေရပူစမ္းေရးမ်ားကို ခ်ိဳးေလ့ရွိသည္။ ထို႔ေၾကာင့္ အဆိုပါ ေရပူစမ္းေရအား နာတာရွည္ ေဝဒနာရွင္မ်ားအေနျဖင့္ သြားေရာက္ခ်ိဳးျဖင့္ မိမိတို႔၏ ေဝဒနာအား သဘာဝနည္းလမ္းအတိုင္း ကုသရန္ အသင့္ေလ်ာ္ဆုံး အခြင့္အေရးတစ္ရပ္ျဖစ္ေၾကာင္း သိရွိရသည္။

ပုံစာ= ဟံလင္းၿမိဳ႕ေဟာင္းရွိ ၾကက္ဥျပဳတ္၍ရ နိုင္ေသာ ေရပူစမ္းတြင္းအား ျမင္ရပုံ၊ ဓာတ္ပုံ ကိုတိုးႀကီး

သ တင်း + ဓာတ်ပုံ = ကိုတိုးကြီး ဝက်လက်၊ ဇန္နဝါရီ ၄

စစ် ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပျူယဉ်ကျေးမှုထွန်းကားရာ ဟံလင်းမြို့ဟောင်းရှိ သဘာဝရေပူးစမ်းရေကို ချိုးခြင်းဖြင့် နာတာရှည်ရောဂါများ ပျောက်ကင်းစေနိုင်ကြောင်း သုတေသနဆိုင်ရာ မှတ်တမ်းများအရ သိရသည်။

ရွာမှာက နာတာရှည်ရောဂါနဲ့ပတ်သက်ပြီး ဆေးထိုးဆေးစားပြုလုပ်ရတဲ့သူ မရှိသလောက်ပါဘဲ..။ ဘာ ကြောင့်လဲဆိုတော့ အဲ့ဒီရေပူးစမ်းကိုနေ့စဉ်အမြဲ ချိုးနေကြလို့ဖြစ်ပါတယ်…” ဟု ဟံလင်းမြို့ဟောင်းနေ ဦးမောင်ဆန်းမှ ပြောပြသည်။ ဟံလင်းမြို့ဟောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၏ မြောက်ဘက်ရှိ သဘာဝရေပူစမ်းတွင်းများသည် လွန်ခဲ့ သောနှစ်ပေါင်းများစွာက တည်ရှိခဲ့သည်။

အဆိုပါ ရေပူစမ်းတွင်းများသည် တစ်တွင်းနှင့်တစ်တွင်းမှာ ပေအ နည်းငယ်မျှခန့်သာ ကွာဝေးသည်။ သို့သော် ရေပူစမ်းတွင်း သုံးတွင်းရှိသည့်အနက် ထွက်ရှိလာသော ရေ အနေအထားမှာ သုံးမျိုးသုံးစား ကွဲပြားခြားနားလျက်ရှိသည်။ ပထမရေပူစမ်းတွင်းမှ ထွက်ရှိလာသောရေသည် အလွန်အမင်းပူသည်။ အဆိုပါရေဖြင့် ကြက်ဥများပြုတ် ထားလျင် ကျက်နိုင်သည်ဟုဆိုသည်။

ဒုတိယ ရေပူစမ်းတွင်းမှာ မပူမအေးဖြစ်သည်။ တတိယတွင်းမှာ ရေ အေးများကိုသာလျင်ထွက်ရှိသည်။ အဆိုပါရေပူစမ်းများမှာ ဟံလင်းကြီးမြို့ဟောင်း၏ ရာဇဝင်တွင် တခမ်း တနားဖော်ပြထားသော အံ့ဘွယ်(၉)ပါးအနက် (၁)ပါးအဖြစ်ပါဝင်သည်။

အဆိုပါ ရေပူစမ်းများနှင့်ပတ်သက်၍ ၁၉၁၀ ခုနှစ်က (Major V.P.O Gorman Laylor )မေဂျာ ဗွီပီအို ဂေါမင်းလေလာ ဆိုသူမှ လာရောက်လေ့လာခဲ့သည်။ ထိုသူ၏ သုတေသနပြု စမ်းသပ်ချက်များအရ ၎င်းရေ ပူစမ်းများမှ ထွက်ရှိသော ရေများသည် အယ်ကလိုင်း ဆားလဖိတ်ဓာတ်များ ပါဝင်နေခြင်းကြောင့် နာတာ ရှည်ရောဂါများ၊ ဆီးရောဂါဝေဒနာများ၊ ခါးနာ၊ ပေါင်နာ၊ အဆစ်အမြစ် အကြောအချင် ယောင်ရမ်းကိုက်ခဲ ခြင်းများကို ပျောက်ကင်းစေပြီး အရိုးပျော့ရောဂါများအတွက် အထူးသိသာပျောက်ကင်းစေနိုင်ကြောင်း ၎င်း ၏ သုတေသနဆိုင်ရာ အစီရင်ခံစာ မှတ်တမ်းများတွင် ဖော်ပြထားကြောင်း သိရသည်။

သဘာဝလွန် ဖြစ်ရပ်ဆန်းများနှင့် ကိုက်ညီနေသော အဆိုပါ ရေပူစမ်းများသို့ ဝါတွင်းကာလ ရုံးပိတ်ရက်များ နှင့် အခြားအားလပ် နေ့ရက်များတွင် အခြားမြို့ကြီးများမှ မိဘပြည်သူများက တကူးတကလာရောက်ကာ ကျန်းမာရေးအရ ရေပူစမ်းရေးများကို ချိုးလေ့ရှိသည်။ ထို့ကြောင့် အဆိုပါ ရေပူစမ်းရေအား နာတာရှည် ဝေဒနာရှင်များအနေဖြင့် သွားရောက်ချိုးဖြင့် မိမိတို့၏ ဝေဒနာအား သဘာဝနည်းလမ်းအတိုင်း ကုသရန် အသင့်လျော်ဆုံး အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း သိရှိရသည်။

ပုံစာ= ဟံလင်းမြို့ဟောင်းရှိ ကြက်ဥပြုတ်၍ရ နိုင်သော ရေပူစမ်းတွင်းအား မြင်ရပုံ၊ ဓာတ်ပုံ ကိုတိုးကြီး