ကုန္ပါၿပီဗ်ာ မဟာတံတိုင္းပုံစံ ထြင္းထုထားတဲ့ ဧရာမ ေက်ာက္စိမ္းတုံးႀကီးအား တ႐ုတ္နိုင္ငံတြင္ ျပသ တ႐ုတ္နိုင္ငံရဲ႕နာမည္ေက်ာ္ မဟာတံတိုင္းပုံစံ အႏုစိတ္ ထြင္းထုထားတဲ့ ဧရာမ ေက်ာက္စိမ္းတုံးႀကီးကို တ႐ုတ္နိုင္ငံက ယဥ္ေက်းမႈအႏုပညာစင္တာတစ္ခုမွာ ခင္းက်င္းျပသထားခဲ့ပါတယ္။

အ႐ြယ္အ စား အလြန္ႀကီးမားတဲ့ေက်ာက္စိမ္းတုံး ႀကီးျဖစ္ၿပီး ေက်ာက္စိမ္းတုံးေပၚမွာမွ ေတာင္တန္းေတြၾကား မဟာတံတိုင္းက ရစ္ေခြသြယ္တန္းေနဟန္ ဖန္တီးထုဆစ္ ထားတဲ့ ဧရာမေက်ာက္စိမ္းတုံးပန္းပုလက္ ရာလည္းျဖစ္ပါတယ္။

တ႐ုတ္နိုင္ငံအေရွ႕ ေျမာက္ပိုင္းေလ်ာင္နင္းျပည္နယ္ ေဆြ ယန္မန္စီရင္စုက ယဥ္ေက်းမႈအႏုပညာ စင္တာမွာ ဒီဧရာမေက်ာက္စိမ္းမဟာတံတိုင္း ပန္းပု႐ုပ္ႀကီးကို ခင္းက်င္းျပသထားတာျဖစ္ၿပီး အေရာင္အေသြးလွပတဲ့ ေက်ာက္စိမ္းသားေပၚမွာမွ အႏုစိတ္ထြင္း ထုထားတဲ့ မဟာတံတိုင္းပုံစံပန္းပုလက္ ရာေၾကာင့္ စိတ္ဝင္တစားေလ့လာၾကည့္ရႈ သူေတြအုံဖြဲ႕ေနတာကို ျမင္ေတြ႕ရမွာျဖစ္ ပါတယ္။ ဒီေက်ာက္စိမ္းတုံးႀကီးက အရွည္ ၂၁ ေပ၊ အျမင့္ ၁၀ ေပ၊ အက်ယ္ ၁၃ ေပ ရွိတဲ့ ႀကီးမားတဲ့ေက်ာက္စိမ္းတုံးႀကီးျဖစ္ ၿပီး အေလးခ်ိန္အားျဖင့္ ၁၁၈ တန္ရွိပါ တယ္။

မဟာတံတိုင္းပုံစံပန္းပု႐ုပ္ထြင္းထုမႈအတြက္ ပန္းပုပညာရွင္ေပါင္း ၃၀ ေက်ာ္တို႔က တစ္ႏွစ္နဲ႕ ႏွစ္လၾကာ အခ်ိန္ ယူထြင္းထုထားခဲ့တာလို႔သိရပါတယ္။

သံသာ (Pyi Myanmar) MoeNayKha

Unicode

ကုန်ပါပြီဗျာ မဟာတံတိုင်းပုံစံ ထွင်းထုထားတဲ့ ဧရာမ ကျောက်စိမ်းတုံးကြီးအား တရုတ်နိုင်ငံတွင် ပြသ တရုတ်နိုင်ငံရဲ့နာမည်ကျော် မဟာတံတိုင်းပုံစံ အနုစိတ် ထွင်းထုထားတဲ့ ဧရာမ ကျောက်စိမ်းတုံးကြီးကို တရုတ်နိုင်ငံက ယဉ်ကျေးမှုအနုပညာစင်တာတစ်ခုမှာ ခင်းကျင်းပြသထားခဲ့ပါတယ်။

အရွယ်အ စား အလွန်ကြီးမားတဲ့ကျောက်စိမ်းတုံး ကြီးဖြစ်ပြီး ကျောက်စိမ်းတုံးပေါ်မှာမှ တောင်တန်းတွေကြား မဟာတံတိုင်းက ရစ်ခွေသွယ်တန်းနေဟန် ဖန်တီးထုဆစ် ထားတဲ့ ဧရာမကျောက်စိမ်းတုံးပန်းပုလက် ရာလည်းဖြစ်ပါတယ်။

တရုတ်နိုင်ငံအရှေ့ မြောက်ပိုင်းလျောင်နင်းပြည်နယ် ဆွေ ယန်မန်စီရင်စုက ယဉ်ကျေးမှုအနုပညာ စင်တာမှာ ဒီဧရာမကျောက်စိမ်းမဟာတံတိုင်း ပန်းပုရုပ်ကြီးကို ခင်းကျင်းပြသထားတာဖြစ်ပြီး အရောင်အသွေးလှပတဲ့ ကျောက်စိမ်းသားပေါ်မှာမှ အနုစိတ်ထွင်း ထုထားတဲ့ မဟာတံတိုင်းပုံစံပန်းပုလက် ရာကြောင့် စိတ်ဝင်တစားလေ့လာကြည့်ရှု သူတွေအုံဖွဲ့နေတာကို မြင်တွေ့ရမှာဖြစ် ပါတယ်။ ဒီကျောက်စိမ်းတုံးကြီးက အရှည် ၂၁ ပေ၊ အမြင့် ၁၀ ပေ၊ အကျယ် ၁၃ ပေ ရှိတဲ့ ကြီးမားတဲ့ကျောက်စိမ်းတုံးကြီးဖြစ် ပြီး အလေးချိန်အားဖြင့် ၁၁၈ တန်ရှိပါ တယ်။

မဟာတံတိုင်းပုံစံပန်းပုရုပ်ထွင်းထုမှုအတွက် ပန်းပုပညာရှင်ပေါင်း ၃၀ ကျော်တို့က တစ်နှစ်နဲ့ နှစ်လကြာ အချိန် ယူထွင်းထုထားခဲ့တာလို့သိရပါတယ်။

သံသာ (Pyi Myanmar) MoeNayKha