ကို ရီးယားႏိုင္ငံရဲ႕ အႏုပညာနဲ႔ ယဥ္ေက်းမႈက ျမန္မာလူမ်ိဳးေတြအေပၚမွာ လႊမ္းမိုးႏိုင္စြမ္းရွိသလို ႐ုပ္ရွင္ဇာတ္လမ္းေတြထဲက မင္းသား ၊ မင္းသမီးေတြေၾကာင့္ ကိုရီးယားကို အထင္ႀကီးၾကသူ မ်ားပါတယ္။ ကိုရီးယားႏိုင္ငံမွာ သြားေရာက္ အလုပ္လုပ္ကိုင္သူေတြ ေပါမ်ားသလို ကိုရီးယားလူမ်ိဳးနဲ႔ အိမ္ေထာင္ျပဳလိုက္ၾကသူေတြလည္း ရွိတာမို႔ ဘာသာစကား မတူေပမဲ့ လက္ထပ္ဖို႔အထိ အိမ္မက္မက္ခြင့္ ရွိတာ ျဖစ္ပါတယ္။ကိုရီးယားက အိုပါးေခ်ာေတြကို ၾကည့္ၿပီး ကိုရီးယားႏိုင္ငံသားကို လက္ထပ္ဖို႔ ဆႏၵရွိတယ္ ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြကို သိထားဖို႔ လိုပါတယ္။

၁။ လက္ ထပ္ခြင့္ ေတာင္းခံျခင္း

လက္ထပ္ခြင့္ ေတာင္းခံရတဲ့အခါမွာ ႐ုပ္ရွင္ကားေတြ ၊ တီဗြီဇာတ္လမ္းထဲကလိုမ်ိဳး ႐ိုမန႔္တစ္ဆန္ဆန္ ခမ္းခမ္းနားနား ျဖစ္လိမ့္မယ္လို႔ မေမွ်ာ္လင့္ထားပါနဲ႔။ လက္မထပ္ခင္ တစ္ပတ္အလိုေလာက္မွာမွ လက္ထပ္ခြင့္ေတာင္းျခင္း ခံရမွာပါ။ လက္ထပ္ခြင့္ေတာင္းၿပီးတာနဲ႔ လက္ထပ္ဝတ္စုံ ၊ ဖိတ္စာကဒ္ အားလုံးကို တစ္ခါတည္း စီစဥ္ၿပီးျဖစ္သလို လက္ထပ္ဖို႔က ရယ္ဒီျဖစ္ပါၿပီ။

၂။ ခြင့္ေတာင္းျခင္း

ကိုရီးယားႏိုင္ငံက အေရွ႕ေတာင္အာရွ ႏိုင္ငံတစ္ခု ျဖစ္တဲ့အတြက္ လက္ထပ္ဖို႔ ျပင္ဆင္တဲ့ေနရာမွာ ႏွစ္ဖက္မိဘ သေဘာထားအျမင္ ကြဲလြဲလို႔ ခ်စ္သူႏွစ္ဦး ေကြကြင္းရတဲ့ အစဥ္အလာေတြလည္း ရွိပါတယ္။ လက္ထပ္ဖို႔ စီစဥ္ၾကတဲ့အခါ သတို႔သားဘက္နဲ႔ သတို႔သမီးဘက္ စိတ္သေဘာထား မတိုက္ဆိုင္ဘူး ဆိုရင္ေတာ့ ၾကားထဲက ဆက္ဆံေရးေတြ ပ်က္ယြင္းကုန္မွာ ျဖစ္ပါတယ္။

၃။ သတို႔သားက မဂၤလာအိမ္အတြက္ ျပင္ဆင္ရတယ္

ေတာင္ကိုရီးယားမွာေတာ့ သတို႔သားဘက္က အိမ္ဝယ္ေပးရၿပီး သတို႔သမီးဘက္က အိမ္အျပင္အဆင္နဲ႔ ပရိေဘာဂအတြက္ တာဝန္ယူရတာ ျဖစ္ပါတယ္။ လက္ငင္းေငြေပးေခ်ၿပီး အိမ္မဝယ္ႏိုင္ေသးဘူး ဆိုရင္ေတာင္မွ မိဘေတြက ကူညီေပးၾကပါတယ္။ လူတိုင္းနီးပါးကေတာ့ ခ်က္ခ်င္း ေငြမေခ်ႏိုင္ရင္ေတာင္မွ ေခ်းေငြပိုက္ဆံနဲ႔ အိမ္ဝယ္ၾကတာ ျဖစ္ပါတယ္။

၄။ လက္ဖြဲ႕ လဲလွယ္ျခင္း

သတို႔သားဘက္က အိမ္ဝယ္ေပးၿပီးၿပီမို႔ အိမ္တန္ဖိုးစုစုေပါင္းအေပၚမွာ ရာခိုင္ႏႈန္းတြက္ၿပီး ပိုက္ဆံကို လက္ေဆာင္အေနနဲ႔ ေယာကၡမေတြကို ေခြၽးမက ျပန္ေပးရပါတယ္။ မိဘေတြအတြက္လည္း လက္ေဆာင္ေကာင္းေကာင္းေလးေတြ ဝယ္ေပးရပါေသးတယ္။

၅။ မဂလၤာလၾကၹဲ႕

မဂၤလာေဆာင္မွာ လက္ဖြဲ႕ပစၥည္းထက္ ေငြသားပဲ ေပးတာ မ်ားပါတယ္။ မဂၤလာေမာင္ႏွံနဲ႔ ဘယ္ေလာက္အတိုင္းအတာထိ ရင္းႏွီးလဲ ဆိုတာေပၚ မူတည္ၿပီး လက္ဖြဲ႕ ေငြပမာဏ ကေတာ့ အနည္းအမ်ား ရွိပါတယ္။

ကိုရီးယားႏိုင္ငံရဲ႕ အစဥ္အလာ ေတာ္ေတာ္မ်ားမ်ားက ျမန္မာႏိုင္ငံနဲ႔ တူတာ မ်ားေပမဲ့ ဇာတ္လမ္းေတြထဲမွာေတာ့ ႏွစ္ဖက္မိဘ ကေတာက္ကဆ ျဖစ္ၾကတာေတြကိုလည္း ျမင္ေတြ႕ရမွာပါ။ ကိုရီးယား လူမ်ိဳးကို လက္ထပ္ဖို႔ ရည္႐ြယ္ထားတယ္ ဆိုရင္ေတာ့ ေသေသခ်ာခ်ာ ေလ့လာၿပီး ဓေလ့ထုံးစံေတြကို လိုက္နာႏိုင္မွသာ စိတ္ခ်ရမွာပါ။

Unicode

ကိုရီးယားနိုင်ငံရဲ့ အနုပညာနဲ့ ယဉ်ကျေးမှုက မြန်မာလူမျိုးတွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်းရှိသလို ရုပ်ရှင်ဇာတ်လမ်းတွေထဲက မင်းသား ၊ မင်းသမီးတွေကြောင့် ကိုရီးယားကို အထင်ကြီးကြသူ များပါတယ်။ ကိုရီးယားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်သူတွေ ပေါများသလို ကိုရီးယားလူမျိုးနဲ့ အိမ်ထောင်ပြုလိုက်ကြသူတွေလည်း ရှိတာမို့ ဘာသာစကား မတူပေမဲ့ လက်ထပ်ဖို့အထိ အိမ်မက်မက်ခွင့် ရှိတာ ဖြစ်ပါတယ်။ကိုရီးယားက အိုပါးချောတွေကို ကြည့်ပြီး ကိုရီးယားနိုင်ငံသားကို လက်ထပ်ဖို့ ဆန္ဒရှိတယ် ဆိုရင်တော့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။

၁။ လက်ထပ်ခွင့် တောင်းခံခြင်း

လက်ထပ်ခွင့် တောင်းခံရတဲ့အခါမှာ ရုပ်ရှင်ကားတွေ ၊ တီဗွီဇာတ်လမ်းထဲကလိုမျိုး ရိုမန့်တစ်ဆန်ဆန် ခမ်းခမ်းနားနား ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားပါနဲ့။ လက်မထပ်ခင် တစ်ပတ်အလိုလောက်မှာမှ လက်ထပ်ခွင့်တောင်းခြင်း ခံရမှာပါ။ လက်ထပ်ခွင့်တောင်းပြီးတာနဲ့ လက်ထပ်ဝတ်စုံ ၊ ဖိတ်စာကဒ် အားလုံးကို တစ်ခါတည်း စီစဉ်ပြီးဖြစ်သလို လက်ထပ်ဖို့က ရယ်ဒီဖြစ်ပါပြီ။

၂။ ခွင့်တောင်းခြင်း

ကိုရီးယားနိုင်ငံက အရှေ့တောင်အာရှ နိုင်ငံတစ်ခု ဖြစ်တဲ့အတွက် လက်ထပ်ဖို့ ပြင်ဆင်တဲ့နေရာမှာ နှစ်ဖက်မိဘ သဘောထားအမြင် ကွဲလွဲလို့ ချစ်သူနှစ်ဦး ကွေကွင်းရတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်။ လက်ထပ်ဖို့ စီစဉ်ကြတဲ့အခါ သတို့သားဘက်နဲ့ သတို့သမီးဘက် စိတ်သဘောထား မတိုက်ဆိုင်ဘူး ဆိုရင်တော့ ကြားထဲက ဆက်ဆံရေးတွေ ပျက်ယွင်းကုန်မှာ ဖြစ်ပါတယ်။

၃။ သတို့သားက မင်္ဂလာအိမ်အတွက် ပြင်ဆင်ရတယ်

တောင်ကိုရီးယားမှာတော့ သတို့သားဘက်က အိမ်ဝယ်ပေးရပြီး သတို့သမီးဘက်က အိမ်အပြင်အဆင်နဲ့ ပရိဘောဂအတွက် တာဝန်ယူရတာ ဖြစ်ပါတယ်။ လက်ငင်းငွေပေးချေပြီး အိမ်မဝယ်နိုင်သေးဘူး ဆိုရင်တောင်မှ မိဘတွေက ကူညီပေးကြပါတယ်။ လူတိုင်းနီးပါးကတော့ ချက်ချင်း ငွေမချေနိုင်ရင်တောင်မှ ချေးငွေပိုက်ဆံနဲ့ အိမ်ဝယ်ကြတာ ဖြစ်ပါတယ်။

၄။ လက်ဖွဲ့ လဲလှယ်ခြင်း

သတို့သားဘက်က အိမ်ဝယ်ပေးပြီးပြီမို့ အိမ်တန်ဖိုးစုစုပေါင်းအပေါ်မှာ ရာခိုင်နှုန်းတွက်ပြီး ပိုက်ဆံကို လက်ဆောင်အနေနဲ့ ယောက္ခမတွေကို ချွေးမက ပြန်ပေးရပါတယ်။ မိဘတွေအတွက်လည်း လက်ဆောင်ကောင်းကောင်းလေးတွေ ဝယ်ပေးရပါသေးတယ်။

၅။ မဂၤလာလက္ဖြဲ႕

မင်္ဂလာဆောင်မှာ လက်ဖွဲ့ပစ္စည်းထက် ငွေသားပဲ ပေးတာ များပါတယ်။ မင်္ဂလာမောင်နှံနဲ့ ဘယ်လောက်အတိုင်းအတာထိ ရင်းနှီးလဲ ဆိုတာပေါ် မူတည်ပြီး လက်ဖွဲ့ ငွေပမာဏ ကတော့ အနည်းအများ ရှိပါတယ်။

ကိုရီးယားနိုင်ငံရဲ့ အစဉ်အလာ တော်တော်များများက မြန်မာနိုင်ငံနဲ့ တူတာ များပေမဲ့ ဇာတ်လမ်းတွေထဲမှာတော့ နှစ်ဖက်မိဘ ကတောက်ကဆ ဖြစ်ကြတာတွေကိုလည်း မြင်တွေ့ရမှာပါ။ ကိုရီးယား လူမျိုးကို လက်ထပ်ဖို့ ရည်ရွယ်ထားတယ် ဆိုရင်တော့ သေသေချာချာ လေ့လာပြီး ဓလေ့ထုံးစံတွေကို လိုက်နာနိုင်မှသာ စိတ်ချရမှာပါ။