ပရိ သတ္ႀကီးေရ ပထမဆုံး အႏုပညာေျခလွမ္းအျဖစ္ happy beach ဇာတ္လမ္းတြဲမွာ ပါဝင္ခြင့္ရရွိခဲ့တဲ့ မုဏ္းဟာ “ပုလဲ “ဆိုတဲ့ ဇာတ္႐ုပ္ေလးနဲ႔ လူသိမ်ားလာသူ တစ္ဦးပါ..။မုဏ္း ကိုျမင္တာနဲ႔ ပုလဲဆိုတဲ့ ဇာတ္႐ုပ္ေလးနဲ႔ တြဲဖက္ျမင္ေယာင္လာရတဲ့အထိ အႏုပညာပိုးကို ခ်ျပနိုင္ခဲ့သူလဲျဖစ္ပါတယ္..။တစတစနဲ႔ ေအာင္ျမင္လာခဲ့တဲ့ မုဏ္း ဟာ ေရႊၾကာဖူးသစ္ ဆိုတဲ့ ဇာတ္လမ္းတြဲအပါအဝင္ ဇာတ္လမ္းတြဲေတာ္ေတာ္မ်ားမွာ ေနရာရလာခဲ့ပါတယ္။

သိ ပ္မၾကာခင္က ထုတ္လႊင့္ခဲ့တဲ့ Toxic ဇာတ္လမ္းတြဲမွာေတာ့ အဓိက ဇာတ္ေဆာင္အျဖစ္ပါဝင္နိုင္ခဲ့ၿပီး ပို၍လူႀကိဳက္မ်ားေအာင္ျမင္လာတဲ့ မုဏ္း တစ္ေယာက္ဟာ ဇန္နဝါရီလ (၅)ရက္ေန႔မွာေတာ့ လ်ိဳ႕ဝွက္ခ်က္ေတြ တသီႀကီးနဲ႔ သူမရဲ့ လူမႈကြန္ရက္စာမ်က္ႏွာကေန post တစ္ခုေဖာ္ျပခဲ့ပါတယ္

ကမၻာေပၚမွာ သူမ အရမ္းခ်စ္ရတဲ့ သူတစ္ေယာက္ရွိၿပီး ဇန္နဝါရီ (၅)ရက္ေန႔ က သူမ ခ်စ္ရတဲ့ သူရဲ့ ေမြးေန႔ေလးျဖစ္ပါတယ္တဲ့ေနာ္။ဘဝတစ္ခုျဖစ္လာတာနဲ႔ အမၽွ လူေတြက ရယူလိုမႈေတြမ်ားေလ့ရွိၿပီး မိမိပိုင္ဆိုင္ထားၿပီးသားေတြကိုေတာ့ စႊန႔္လႊတ္ဖို႔ ဝန္ေလးတတ္သူေတြ မဟုတ္ပါလား… မိမိခႏၶာကိုယ္အစိတ္အပိုင္းေတြကို ပို၍ပင္စြန႔္လႊတ္ဖို႔ဝန္ေလးတတ္ၾကပါတယ္..။

သ႐ုပ္ေဆာင္မေလး မုဏ္းကေတာ့ သူမ သိပ္ခ်စ္ရတဲ့ တစ္ဦးတည္းေသာ တနလာသၤားေလးေမြးေန႔အတြက္ ေသြးအလႉ ၊မ်က္ၾကည္လႊာအလႉ ၊ကိုယ္ခႏၶာအစိတ္အပိုင္းေတြကိုပါ ေမြးေန႔ကုသိုလ္အျဖစ္လႉဒါန္းခဲ့ပါတယ္တဲ့…

ဒီအလႉကုသိုလ္ကိုလည္း သူမရဲ့ တနလာသၤားေလး ၾကားသိျခင္းျဖင့္ ကုသိုလ္ရေအာင္ ဝမ္းပန္းတသာ မၽွေဝေပးထားပါေသးတယ္..။သူမရဲ့ လူမႈကြန္ရက္စာမ်က္ႏွာမွာေတာ့” ဒီေန႔ေလးက ဒီကမၻာေပၚမွာ မုဏ္းအရမ္းခ်စ္ရတဲ့ တစ္ဦးတည္းေသာသူရဲ့ ေမြးေန႔ေလးပါ ။
သူ႔ေမြးေန႔အထိမ္းအမွတ္ကုသိုလ္အျဖစ္တစ္သက္မွာ တစ္ႀကိမ္၊ ဒီဘဝအတြက္ တစ္ခါသာ ေပးခဲ့လႉခဲ့နိုင္တဲ့ အရာ(အကုန္) လႉဒါန္းေပးပါတယ္ ။(၁) ေသြးအလႉ(၂) မ်က္ၾကည္လႊာအလႉ(၃) ကိုယ္ခႏၶာအလႉတို႔ကို သူ႔ရဲ့ ေမြးေန႔ကုသိုလ္အျဖစ္ လႉဒါန္းပါတယ္ ။ဒါ့အျပင္ အခုလက္ရွိရိုက္ကူးေနတဲ့ ဇာတ္လမ္းတြဲတစ္ခုလုံးစာ အႏုပညာေၾကးကိုလည္း လႉဒါန္းပါတယ္ ။အခုလို တနလၤာသား၏ေမြးေန႔ အလႉဒါနကုသိုလ္ကို သိျခင္း ၾကားျခင္းျဖင့္ ကုသိုလ္ရနိုင္ပါေစရန္ ဝမ္းေျမာက္ဝမ္းသာ မၽွေဝေပးပါတယ္ ။ ” ဆိုတဲ့ အမၽွေဝစကားေလးနဲ႔အတူ သူမရဲ့ ခ်စ္ျခင္းေမတၱာကို ျပသထားပါတယ္..။ ပရိတ္သတ္ႀကီးကေရာ သ႐ုပ္ေဆာင္မေလး မုဏ္းကို အားက်ရင္ မုဏ္းရဲ့ ခ်စ္ျခင္းသေကၤတျဖစ္တဲ့ တနလာသၤားေလး သိေစဖို႔ ဝိုင္းဝန္းဆုေတာင္းေပးၾကဦးေနာ္….. ။Source:Mone- မုဏ္

ပရိ သတ်ကြီးရေ ပထမဆုံး အနုပညာခြေလှမ်းအဖြစ် happy beach ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရရှိခဲ့တဲ့ မုဏ်းဟာ “ပုလဲ “ဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ လူသိများလာသူ တစ်ဦးပါ..။မုဏ်း ကိုမြင်တာနဲ့ ပုလဲဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ တွဲဖက်မြင်ယောင်လာရတဲ့အထိ အနုပညာပိုးကို ချပြနိုင်ခဲ့သူလဲဖြစ်ပါတယ်..။တစတစနဲ့ အောင်မြင်လာခဲ့တဲ့ မုဏ်း ဟာ ရွှေကြာဖူးသစ် ဆိုတဲ့ ဇာတ်လမ်းတွဲအပါအဝင် ဇာတ်လမ်းတွဲတော်တော်များမှာ နေရာရလာခဲ့ပါတယ်။

သိ ပ်မကြာခင်က ထုတ်လွှင့်ခဲ့တဲ့ Toxic ဇာတ်လမ်းတွဲမှာတော့ အဓိက ဇာတ်ဆောင်အဖြစ်ပါဝင်နိုင်ခဲ့ပြီး ပို၍လူကြိုက်များအောင်မြင်လာတဲ့ မုဏ်း တစ်ယောက်ဟာ ဇန်နဝါရီလ (၅)ရက်နေ့မှာတော့ လျို့ဝှက်ချက်တွေ တသီကြီးနဲ့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ post တစ်ခုဖော်ပြခဲ့ပါတယ်

ကမ္ဘာပေါ်မှာ သူမ အရမ်းချစ်ရတဲ့ သူတစ်ယောက်ရှိပြီး ဇန်နဝါရီ (၅)ရက်နေ့ က သူမ ချစ်ရတဲ့ သူရဲ့ မွေးနေ့လေးဖြစ်ပါတယ်တဲ့နော်။ဘဝတစ်ခုဖြစ်လာတာနဲ့ အမျှ လူတွေက ရယူလိုမှုတွေများလေ့ရှိပြီး မိမိပိုင်ဆိုင်ထားပြီးသားတွေကိုတော့ စွှန့်လွှတ်ဖို့ ဝန်လေးတတ်သူတွေ မဟုတ်ပါလား… မိမိခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပို၍ပင်စွန့်လွှတ်ဖို့ဝန်လေးတတ်ကြပါတယ်..။

သရုပ်ဆောင်မလေး မုဏ်းကတော့ သူမ သိပ်ချစ်ရတဲ့ တစ်ဦးတည်းသော တနလာင်္သားလေးမွေးနေ့အတွက် သွေးအလှူ ၊မျက်ကြည်လွှာအလှူ ၊ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကိုပါ မွေးနေ့ကုသိုလ်အဖြစ်လှူဒါန်းခဲ့ပါတယ်တဲ့…

ဒီအလှူကုသိုလ်ကိုလည်း သူမရဲ့ တနလာင်္သားလေး ကြားသိခြင်းဖြင့် ကုသိုလ်ရအောင် ဝမ်းပန်းတသာ မျှဝေပေးထားပါသေးတယ်..။သူမရဲ့ လူမှုကွန်ရက်စာမျက်နှာမှာတော့” ဒီနေ့လေးက ဒီကမ္ဘာပေါ်မှာ မုဏ်းအရမ်းချစ်ရတဲ့ တစ်ဦးတည်းသောသူရဲ့ မွေးနေ့လေးပါ ။
သူ့မွေးနေ့အထိမ်းအမှတ်ကုသိုလ်အဖြစ်တစ်သက်မှာ တစ်ကြိမ်၊ ဒီဘဝအတွက် တစ်ခါသာ ပေးခဲ့လှူခဲ့နိုင်တဲ့ အရာ(အကုန်) လှူဒါန်းပေးပါတယ် ။(၁) သွေးအလှူ(၂) မျက်ကြည်လွှာအလှူ(၃) ကိုယ်ခန္ဓာအလှူတို့ကို သူ့ရဲ့ မွေးနေ့ကုသိုလ်အဖြစ် လှူဒါန်းပါတယ် ။ဒါ့အပြင် အခုလက်ရှိရိုက်ကူးနေတဲ့ ဇာတ်လမ်းတွဲတစ်ခုလုံးစာ အနုပညာကြေးကိုလည်း လှူဒါန်းပါတယ် ။အခုလို တနင်္လာသား၏မွေးနေ့ အလှူဒါနကုသိုလ်ကို သိခြင်း ကြားခြင်းဖြင့် ကုသိုလ်ရနိုင်ပါစေရန် ဝမ်းမြောက်ဝမ်းသာ မျှဝေပေးပါတယ် ။ ” ဆိုတဲ့ အမျှဝေစကားလေးနဲ့အတူ သူမရဲ့ ချစ်ခြင်းမေတ္တာကို ပြသထားပါတယ်..။ ပရိတ်သတ်ကြီးကရော သရုပ်ဆောင်မလေး မုဏ်းကို အားကျရင် မုဏ်းရဲ့ ချစ်ခြင်းသင်္ကေတဖြစ်တဲ့ တနလာင်္သားလေး သိစေဖို့ ဝိုင်းဝန်းဆုတောင်းပေးကြဦးနော်….. ။Source:Mone- မုဏ်