အမ်ိဳး သားတစ္ေယာက္ဟာ ဖခင္မ်ားေန႔မွာ ဖခင္ကို Surprise လုပ္ခ်င္လြန္းလို႔ အိမ္ျပန္လာခဲ့ေပမဲ့လည္း အဆံုးသတ္မွာေတာ့ အံ့ၾသထိတ္လန္႔စြာနဲ႔ပဲ ဖခင္ျဖစ္သူဟာေနအိမ္မွာ ေသဆံုးေနလ်က္သားနဲ႔ ေတြ႔႐ွိခဲ့ရပါတယ္ ။ အဆိုပါ Surprise လုပ္မယ္ဆိုၿပီး ႐ိုက္ကူးထားခဲ့တဲ့ video ဟာ 10 မိနစ္သာ႐ွိၿပီး ၊ အဆိုပါအမ်ိဳးသားဟာ အိမ္ျပန္လာတဲ့တစ္ေလ်ွာက္လံုးကို video ႐ိုက္ကူးၿပီး မွတ္တမ္းတင္လာခဲ့တာပါ ။ Video ထဲမွာေတာ့ အဆိုပါအမ်ိဳးသားဟာ ဖိလစ္ပိုင္ႏိုင္ငံမွာ အသံုးမ်ားနဲ႔ Tagalog ဘာသာစကားျဖင့္ေျပာဆိုေနခဲ့ၿပီး ၊ ဖခင္ျဖစ္သူကို Surprise ျပဳလုပ္ေပးမဲ့ အစီအစဥ္ေတြကို ႐ွင္းျပေနခဲ့တာပါ ။

သို ႔ေပမဲ့လည္း video ရဲ႕ 3:30 မိနစ္အေရာက္မွာေတာ့ တိုက္ခန္းရဲ႕စၾကႍလမ္း တစ္ေလ်ွာက္ လမ္းေလ်ွာက္လာခဲ့ၿပီးေနာက္ အျပင္ဖက္စၾကႍလမ္းေပၚက ကုတင္ေပၚမွာလဲေလ်ာင္းေနခဲ့တဲ့ ႐ုပ္အေလာင္းကိုေတြ႔႐ွိခဲ့ပါတယ္ ။ ႐ုပ္အေလာင္းအနားသို႔ မေရာက္မီ အျခားလူမ်ားကအဆိုပါ အမ်ိဳးသားကို ႏွစ္သိမ့္ဖို႔ႀကိဳးစားေနခဲ့ပါတယ္ ။ ထို႔ေနာက္ အလ်င္အျမန္ပဲ႐ုပ္အေလာင္းနားသြားၾကည့္လိုက္ခ်ိန္မွာေတာ့ သူ၏ဖခင္႐ုပ္အေလာင္းမွာကုတင္ေပၚလွဲေလ်ာင္းေနတာ ေတြ႔႐ွိခဲ့တာနဲ႔ခ်က္ခ်င္း အံ့ၾသထိတ္လန္႔သြားၿပီး သဲႀကီးမဲႀကီးငိုေႂကြးခဲ့ပါေတာ့တယ္ ။

ဖခင္မ်ားေန႔မွာ ဖခင္ျဖစ္သူကို Surprise လုပ္ခ်င္လြန္းလို႔ အိမ္သို႔အေရာက္ျပန္ၿပီး အစီအစဥ္ဆြဲခဲ့ေပမဲ့လည္း အသက္မဲ့ေနတဲ့ခႏၶာကိုယ္နဲ႔ ကုတင္ေပၚမွာအိပ္စက္ေနခဲ့တဲ့ဖခင္ကိုေတြ႔လိုက္ရတဲ့ အဆိုပါအမ်ိဳးသားရဲ႕ အျဖစ္ဟာ အေတာ္ေလးကိုရင္ထဲစို႔နင့္ဖြယ္ေကာင္းလြန္းလွပါတယ္ ။ ထို႔ေၾကာင့္ မိဘေတြကို ခ်စ္ခင္႐ိုေသတဲ့ သားသမီးေတြတိုင္း ယခုကဲ့သို႔အျဖစ္မ်ိဳးမၾကံဳေတြ႔ရေအာင္ အျမဲဆုေတာင္းေနမိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

အမျိုး သားတစ်ယောက်ဟာ ဖခင်များနေ့မှာ ဖခင်ကို Surprise လုပ်ချင်လွန်းလို့ အိမ်ပြန်လာခဲ့ပေမဲ့လည်း အဆုံးသတ်မှာတော့ အံ့သြထိတ်လန့်စွာနဲ့ပဲ ဖခင်ဖြစ်သူဟာနေအိမ်မှာ သေဆုံးနေလျက်သားနဲ့ တွေ့ရှိခဲ့ရပါတယ် ။ အဆိုပါ Surprise လုပ်မယ်ဆိုပြီး ရိုက်ကူးထားခဲ့တဲ့ video ဟာ 10 မိနစ်သာရှိပြီး ၊ အဆိုပါအမျိုးသားဟာ အိမ်ပြန်လာတဲ့တစ်လျှောက်လုံးကို video ရိုက်ကူးပြီး မှတ်တမ်းတင်လာခဲ့တာပါ ။ Video ထဲမှာတော့ အဆိုပါအမျိုးသားဟာ ဖိလစ်ပိုင်နိုင်ငံမှာ အသုံးများနဲ့ Tagalog ဘာသာစကားဖြင့်ပြောဆိုနေခဲ့ပြီး ၊ ဖခင်ဖြစ်သူကို Surprise ပြုလုပ်ပေးမဲ့ အစီအစဉ်တွေကို ရှင်းပြနေခဲ့တာပါ ။

သို ့ပေမဲ့လည်း video ရဲ့ 3:30 မိနစ်အရောက်မှာတော့ တိုက်ခန်းရဲ့စင်္ကြံလမ်း တစ်လျှောက် လမ်းလျှောက်လာခဲ့ပြီးနောက် အပြင်ဖက်စင်္ကြံလမ်းပေါ်က ကုတင်ပေါ်မှာလဲလျောင်းနေခဲ့တဲ့ ရုပ်အလောင်းကိုတွေ့ရှိခဲ့ပါတယ် ။ ရုပ်အလောင်းအနားသို့ မရောက်မီ အခြားလူများကအဆိုပါ အမျိုးသားကို နှစ်သိမ့်ဖို့ကြိုးစားနေခဲ့ပါတယ် ။ ထို့နောက် အလျင်အမြန်ပဲရုပ်အလောင်းနားသွားကြည့်လိုက်ချိန်မှာတော့ သူ၏ဖခင်ရုပ်အလောင်းမှာကုတင်ပေါ်လှဲလျောင်းနေတာ တွေ့ရှိခဲ့တာနဲ့ချက်ချင်း အံ့သြထိတ်လန့်သွားပြီး သဲကြီးမဲကြီးငိုကြွေးခဲ့ပါတော့တယ် ။

ဖခင်များနေ့မှာ ဖခင်ဖြစ်သူကို Surprise လုပ်ချင်လွန်းလို့ အိမ်သို့အရောက်ပြန်ပြီး အစီအစဉ်ဆွဲခဲ့ပေမဲ့လည်း အသက်မဲ့နေတဲ့ခန္ဓာကိုယ်နဲ့ ကုတင်ပေါ်မှာအိပ်စက်နေခဲ့တဲ့ဖခင်ကိုတွေ့လိုက်ရတဲ့ အဆိုပါအမျိုးသားရဲ့ အဖြစ်ဟာ အတော်လေးကိုရင်ထဲစို့နင့်ဖွယ်ကောင်းလွန်းလှပါတယ် ။ ထို့ကြောင့် မိဘတွေကို ချစ်ခင်ရိုသေတဲ့ သားသမီးတွေတိုင်း ယခုကဲ့သို့အဖြစ်မျိုးမကြုံတွေ့ရအောင် အမြဲဆုတောင်းနေမိပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz