သ ႐ုပ္ေဆာင္ ေမသန္းႏုကေတာ့ ေငြေၾကးအ႐ႈပ္အ႐ွင္းကိစၥေၾကာင့္ ၿပီးခဲ့တဲ့ ဇန္နဝါရီ္လ (၂) ရက္ေန႔က အလုပ္နဲ႔ ေထာင္ဒဏ္ (၁) ႏွစ္ က်ေရာက္သြားတယ္လို႔ စိတ္မေကာင္းစြာ သိရပါတယ္။ ေမသန္းႏုအတြက္ ပရိသတ္ေတြကလည္း စိတ္မေကာင္းသလို အႏုပညာအသိုင္းအဝိုင္းမွလည္း ဝမ္းနည္းပူေဆြးေနၾကတာ ျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ေမသန္းႏုရဲ႕ အမႈကိစၥနဲ႔ ပက္သတ္ၿပီး မီဒီယာေတြမွာ အမ်ိဳးမ်ိဳးေဖာ္ျပခ်က္ေတြကို ခင္ပြန္းေဟာင္း စင္ေရာ္ေမာင္ေမာင္က အခုလိုပဲ ေမတၱာရပ္ခံထားပါတယ္။

“ယ ခုျဖစ္ပြါးေနေသာ မဆင့္ေမသန္းႏု၏ အမူႏွင့္ ပက္သက္ေသာ ေရးသားေဖာ္ျပခ်က္ႏွင့္ပက္သက္၍ သားျဖစ္သူအတြက္ ရည္မွန္းထားသည့္အနာဂတ္ ထိခိုက္နစ္နာမည္ကို စိုးရိမ္ပါသျဖင့္သားျဖစ္သူ မင္းသန႔္ ေမာင္ေမာင္ ဓါတ္ပုံကိုေဖာ္ျပျခင္း အသုံးျပဳျခင္း မျပဳရန္ အထူး ေလးနက္စြာေမတၱာရပ္ခံအပ္ပါသည္။”

“ဖခင္ျဖစ္သူကၽြန္ေတာ့္အေနနဲ႔ေရာ သားျဖစ္သူ မင္းသန႔္ေမာင္ေမာင္ အေနနဲ႔ေရာ အထူးစိတ္ထိခိုက္ေၾကကြဲလ်က္ရွိပါသည္ ။၎အျပင္ မဆင့္၏ အမူတြဲႏွင့္ပက္သက္၍ ေငြဘယ္ေလာက္ေခ်းတယ္ ဘယ္ေလာက္ျပန္ဆပ္စာရာရွိတယ္ ဘယ္လိုဆုံးျဖတ္တယ္ဆိုတာ စသျဖင့္ တရား႐ုံးကို ေမးျမန္းစုံစမ္းၿပီးမွေဖာ္ျပေစလိုပါသည္။”

“မဆင့္အေနနဲ႔ ကိုယ္တိုင္မွားယြင္းခဲ့သည့္အမွား ေျမာက္ျမားစြာရွိသည္ကို လည္းသိရွိပါသည္။သိုရာတြင္ တစ္ဆယ္ တိုးႏွစ္ဆယ္ တိုးျဖင့္ေခ်းငွားျခင္း၊ အလိမ္ခံရျခင္း၊ေငြျပန္ဆပ္ေသာအခါ လက္ခံယူမထားျခင္း ေငြလက္ခံစာရြက္ေတာင္းေသာအခါတြင္မေပးပဲ အညစ္ခံရျခင္း၊တာဝန္ခံနိုင္မည့္သူမ်ားထြက္ေျပးျခင္း စသည့္ကိစၥမ်ားလဲမ်ားစြာရွိပါသည္။သို့ရာတြင္ ဘယ္သူမျပဳမိမိမူဆိုသည့္အတိုင္း ဥပေဒ၏ဆုံးျဖတ္ခ်က္အတိုင္း သာလ်င္ ခံယူရန္ရွိသည္ကိုလဲ ကၽြန္ေတာ္တို့သားအဖႏွစ္ေယာက္ နားလည္သိရွိထားပါသည္။”

“။မီဒီယာမ်ားတြင္ အခ်ိဳ့ေရးသားခ်က္ ေဖာ္ျပခ်က္ interview မ်ားတြင္ အျဖစ္မွန္အတိုင္းကြဲလြဲသည္ မကြဲလြဲသည္ကို အခ်ိန္အတိုင္းအတာတစ္ခုအထိေစာင့္ၾကည့္ေစခ်င္ပါသည္။မည္သို့ပင္ျဖစ္ေစကာမူျဖစ္ သားျဖစ္သူ၏ေရွ႕ေရးအနာဂတ္ႏွင့္ပက္သက္၍ ၾကန႔္ၾကန႔္ခံ ကာကြယ္လ်က္ရွိေၾကာင္းကိုလဲ ေဆြမ်ိဳးမိတ္သဂၤဟ အေပါင္းႏွင့္ပရိသတ္ႀကီးအားသိရွိရန္တင္ျပျခင္းျဖစ္ပါသည္။အခ်ိဳ့ေရးသား ေဖာ္ျပခ်က္မ်ားေၾကာင့္ သားျဖစ္သူ၏စိတ္ႏွလုံးအထူးထိခိုက္ခံစား ေနရသည္ကိုလဲ မၾကည့္ရက္သျဖင့္ ဤကဲ့သို့ေမတၱာရပ္ခံတင္ျပျခင္းျဖစ္ပါသည္။ စင္ေရာ္ေမာင္ေမာင္၊ သား မင္းသန႔္​ေမာင္ေမာင္” ဆိုၿပီး စင္ေရာ္ေမာင္ေမာင္ရဲ႕ ေဖ့ဘုတ္စာမ်က္ႏွာမွာ ေရးသားထားပါတယ္။

ေမသန္းႏုရဲ႕ အမႈကိစၥအတြက္ မိသားစုဝင္ေတြကလည္း အေကာင္းဆံုး ႀကိဳးစားေပးေနလ်က္ရိွပါတယ္။ စင္ေရာ္ေမာင္ေမာင္ကလည္း လိုအပ္တဲ့အခ်ိန္တစ္ခုေရာက္ရင္ မီဒီယာမ်ားနဲ႔ ေတြ႔ဆံုမယ္ဆိုၿပီး ေျပာဆိုထားပါတယ္။

မိုမိုေလး

သ ရုပ်ဆောင် မေသန်းနုကတော့ ငွေကြေးအရှုပ်အရှင်းကိစ္စကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ်လ (၂) ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် (၁) နှစ် ကျရောက်သွားတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။ မေသန်းနုအတွက် ပရိသတ်တွေကလည်း စိတ်မကောင်းသလို အနုပညာအသိုင်းအဝိုင်းမှလည်း ဝမ်းနည်းပူဆွေးနေကြတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ မေသန်းနုရဲ့ အမှုကိစ္စနဲ့ ပက်သတ်ပြီး မီဒီယာတွေမှာ အမျိုးမျိုးဖော်ပြချက်တွေကို ခင်ပွန်းဟောင်း စင်ရော်မောင်မောင်က အခုလိုပဲ မေတ္တာရပ်ခံထားပါတယ်။

“ယ ခုဖြစ်ပွါးနေသော မဆင့်မေသန်းနု၏ အမူနှင့် ပက်သက်သော ရေးသားဖော်ပြချက်နှင့်ပက်သက်၍ သားဖြစ်သူအတွက် ရည်မှန်းထားသည့်အနာဂတ် ထိခိုက်နစ်နာမည်ကို စိုးရိမ်ပါသဖြင့်သားဖြစ်သူ မင်းသန့် မောင်မောင် ဓါတ်ပုံကိုဖော်ပြခြင်း အသုံးပြုခြင်း မပြုရန် အထူး လေးနက်စွာမေတ္တာရပ်ခံအပ်ပါသည်။”

“ဖခင်ဖြစ်သူကျွန်တော့်အနေနဲ့ရော သားဖြစ်သူ မင်းသန့်မောင်မောင် အနေနဲ့ရော အထူးစိတ်ထိခိုက်ကြေကွဲလျက်ရှိပါသည် ။၎င်းအပြင် မဆင့်၏ အမူတွဲနှင့်ပက်သက်၍ ငွေဘယ်လောက်ချေးတယ် ဘယ်လောက်ပြန်ဆပ်စာရာရှိတယ် ဘယ်လိုဆုံးဖြတ်တယ်ဆိုတာ စသဖြင့် တရားရုံးကို မေးမြန်းစုံစမ်းပြီးမှဖော်ပြစေလိုပါသည်။”

“မဆင့်အနေနဲ့ ကိုယ်တိုင်မှားယွင်းခဲ့သည့်အမှား မြောက်မြားစွာရှိသည်ကို လည်းသိရှိပါသည်။သိုရာတွင် တစ်ဆယ် တိုးနှစ်ဆယ် တိုးဖြင့်ချေးငှားခြင်း၊ အလိမ်ခံရခြင်း၊ငွေပြန်ဆပ်သောအခါ လက်ခံယူမထားခြင်း ငွေလက်ခံစာရွက်တောင်းသောအခါတွင်မပေးပဲ အညစ်ခံရခြင်း၊တာဝန်ခံနိုင်မည့်သူများထွက်ပြေးခြင်း စသည့်ကိစ္စများလဲများစွာရှိပါသည်။သို့ရာတွင် ဘယ်သူမပြုမိမိမူဆိုသည့်အတိုင်း ဥပဒေ၏ဆုံးဖြတ်ချက်အတိုင်း သာလျင် ခံယူရန်ရှိသည်ကိုလဲ ကျွန်တော်တို့သားအဖနှစ်ယောက် နားလည်သိရှိထားပါသည်။”

“။မီဒီယာများတွင် အချို့ရေးသားချက် ဖော်ပြချက် interview များတွင် အဖြစ်မှန်အတိုင်းကွဲလွဲသည် မကွဲလွဲသည်ကို အချိန်အတိုင်းအတာတစ်ခုအထိစောင့်ကြည့်စေချင်ပါသည်။မည်သို့ပင်ဖြစ်စေကာမူဖြစ် သားဖြစ်သူ၏ရှေ့ရေးအနာဂတ်နှင့်ပက်သက်၍ ကြန့်ကြန့်ခံ ကာကွယ်လျက်ရှိကြောင်းကိုလဲ ဆွေမျိုးမိတ်သင်္ဂဟ အပေါင်းနှင့်ပရိသတ်ကြီးအားသိရှိရန်တင်ပြခြင်းဖြစ်ပါသည်။အချို့ရေးသား ဖော်ပြချက်များကြောင့် သားဖြစ်သူ၏စိတ်နှလုံးအထူးထိခိုက်ခံစား နေရသည်ကိုလဲ မကြည့်ရက်သဖြင့် ဤကဲ့သို့မေတ္တာရပ်ခံတင်ပြခြင်းဖြစ်ပါသည်။ စင်ရော်မောင်မောင်၊ သား မင်းသန့်​မောင်မောင်” ဆိုပြီး စင်ရော်မောင်မောင်ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

မေသန်းနုရဲ့ အမှုကိစ္စအတွက် မိသားစုဝင်တွေကလည်း အကောင်းဆုံး ကြိုးစားပေးနေလျက်ရှိပါတယ်။ စင်ရော်မောင်မောင်ကလည်း လိုအပ်တဲ့အချိန်တစ်ခုရောက်ရင် မီဒီယာများနဲ့ တွေ့ဆုံမယ်ဆိုပြီး ပြောဆိုထားပါတယ်။

မိုမိုလေး