ခြူးလေး ကတော့ အနပညာလောကမှာ နေရာတစ်နေရာရရှိပြီး ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့သူလေးပဲ ဖြစ်ပါတယ်။ တတ်သစ်စအနပညာရှင်တစ်ယောက်ဖြစ်ပေမယ့်လဲ ပရိသတ်တွေအခိုင်အမာရရှိထားတဲ့ မင်းသမီးချောလေးခြူးလေးကတော့ ယခုမှာ ကြော်ငြာတွေကိုလဲ ရိုက်ကူးနေသလို ပွဲတွေကိုလဲ တတ်ရောက်နေသူလေးပဲ ဖြစ်ပါတယ်။

ခြူးလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေ အသည်းယားစရာကောင်းတဲ့ ပုံစံလေးတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို ရရှိနေသူလေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော်လေးဖြစ်တဲ့ မင်းသမီးချောလေးခြူးလေးကတော့ ယခုမှာ ချစ်စရာကောင်းတဲ့ အပြုံးလေးတွေနဲ့ ဘုရားမှာ ရေသပ္ပါယ်နေခဲ့ပါတယ်။

သူမကတော့ ” အလုပ်တွေဘယ်လောက်များများ….ဘယ်နေရာဒေသဘဲ ရောက်ရောက် ဘုရား တရား သံဃာ မိဘ ဆရာသမား တော့ …..ဘယ်တော့မှ မမေ့ပါနဲ့…. နော် ” ဆိုပြီး ကောင်းမှုကုသိုလ်ပြုလုပ်နေတဲ့ ချစ်စဖွယ်ပုံရိပ်လေးနဲ့အတူ သူမရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေ အတွက် ခြူးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

source: Chue Chue ‘s facebook