



လဲ့ (Leyee Win)

တနေ ကုန် အလုပ်ရူပ် ၊ ပြာယာခတ်ပြီး ပိုက်ဆံအိတ် ဘယ်နားကျပျောက်လို့ ကျခဲ့မှန်းမသိ၊ ပျောက်မှန်းလဲမသိ၊ ညနေ ၆နာရီကျော် အိမ်ပြန်အလာ လမ်းတဝက်ရောက်တော့ ရုံးက ညီမတယောက်ဆီ ဖုန်းဝင်လာပြီး ကျမပိုက်ဆံအိတ်တစ်ခု ကောက်တွေ့လို့ ပိုက်ဆံအိတ်ထဲက ကဒ်တွေ တစ်ခုပြီးတစ်ခု ဆက်ရင်း ကျမရုံးက ညီမဆီ ရောက်လာလို့ လမ်းကနေ ရုံးပြန် ယူရတယ်။

ပိုက်ဆံ အိတ်ကောက်တွေ့တယ်ဆိုတော့ ကဒ်တွေကျန်တဲ့ အိတ်ခွံ လို့ဘဲ ထင်ထားတာ၊ ရုံးရောက်တော့ ၁ဝသိန်းကျော် ငွေသား အပြည့်၊ လက်ကျန် တရုတ်ယွမ် ၂ဝဝဝကျော်၊ ဒေါ်လာ အနည်းငယ် လက်ရာမပျက်.. ပြန်ပေးတဲ့ သူက ၄၅/ ၄၆လမ်း နဲ့ ပုဇွန်တောင် တစ်လျှောက် ရေရောင်းတဲ့ နယ်ကကောင်လေး၊ ရိုးသားလိုက်တာ…

​အိ တ်ပြန်ပေးပီး အမ စစ်ကြည့်ပါအုန်းတဲ့ ၊ ရုံးလာပေးရှာတယ်။ ဗုဒ္ဓဘာသာ အဆုံးအမအောက်က လူဆင်းရဲပေမယ့် စိတ်ဓါတ်၊ အကျင့်စာရိတ္တမြင့်မားတဲ့ ရေသည် မောင်လေးကို ကျေးဇူးတင်စွာဖြင့်ရေးမိပါသည်။

ဘဝတလျှောက် ရိုးသားကြိုးစားမူ့ကြောင့် လိုရာပန်းတိုင် အမြန်ဆုံးရောက်ရှိပါစေ…

လဲ့ (Leyee Win)
လေးစားစွာဖြင့် Blacker