ကမာ ၻကေန အလင္းႏွစ္ ၅၅၃ ႏွစ္ ကြာေဝးတဲ့ ၾကယ္နဲ႔ ၿဂိဳဟ္ကို Ayeyarwady နဲ႔ Bagan ဟူ၍ ျမန္မာ့သမိုင္းမွာ ပထမဆုံး ႏိုင္ငံတကာအသိအမွတ္ျပဳအမည္မ်ားေပးႏိုင္ခဲ့”

ယ ခင္ႏွစ္ႏိုဝင္ဘာလအတြင္းက IAU (International Astronomical Union) ရဲ႕ ႏွစ္၁၀၀ျပည့္ အထိမ္းအမွတ္ အျဖစ္ “Name Exoworlds” အစီအစဥ္ကိုကမာၻအဝွမ္းက်င္းပခဲ့ရာမွာ ရန္ကုန္တကၠသိုလ္႐ူပေဗဒဌာန နဲ႔ MASES – Myanmar Astronomy & Science Enthusiasts Society က ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ ပါဝင္ခဲ့ပါတယ္။ ႏိုင္ငံအသီးသီးအေနနဲ႔ အာကာသထဲက လက္ရွိရွာေဖြေတြ႕ရွိထားၿပီးတဲ့ ၿဂိဳဟ္တစ္လုံးနဲ႔ၾကယ္တစ္လုံးစီကို နာမည္ေပးခဲ့ရတာျဖစ္ၿပီး အတည္ျပဳလိုက္တဲ့ နာမည္ကို ႏိုင္ငံတကာမွာတရားဝင္စာရင္းသြင္းၿပီး ေနာင္အနာဂတ္မွာ အသုံးျပဳသြားမွာျဖစ္ပါတယ္။

ဒီ့အတြက္ မဲစနစ္နဲ႔ အမည္ေတြဆုံးျဖတ္ေပးခဲ့ၾကၿပီးေတာ့ HD 18742 ၾကယ္နဲ႔ HD 18742 b ၿဂိဳဟ္တို႔ကို Ayeyarwady နဲ႔ Bagan ဆိုတဲ့ နာမည္ေတြ ေပးႏိုင္ခဲ့ပါတယ္။ Ayeyarwady ၾကယ္ဟာ ျဒပ္ထု အေနနဲ႔ ကြၽန္ေတာ္တို႔ ေနထက္ အနည္းငယ္ ႀကီးၿပီး အ႐ြယ္အစား က ၅ ဆ ေက်ာ္ပိုမိုႀကီးမားပါတယ္။ သူ႔ကို လွည့္ပတ္ေနတဲ့ ဓာတ္ေငြ႕လုံး ၿဂိဳဟ္ Bagan ကေတာ့ ဂ်ဴပီတာၿဂိဳဟ္ထက္ ျဒပ္ထု အနည္းငယ္ႀကီးၿပီး အ႐ြယ္အစားအားျဖင့္ ၃.၅ဆ ခန႔္ ပိုမိုႀကီးမားပါတယ္။

Bagan ၿဂိဳဟ္ဟာ သူ႔ရဲ႕ မိခင္ၾကယ္ ကို ၂.၁ ႏွစ္ တစ္ခါ တစ္ပတ္ျပည့္ေအာင္ လွည့္ပတ္ေနတာျဖစ္ၿပီး ၂၀၁၁ ခုႏွစ္မွာ ဟာဝိုင္အီ ရဲ႕ W.M.Keck Observatory ကို အသုံးျပဳၿပီး ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ Ayeyarwady နဲ႔ Bagan ကို ကမာၻမွ ၾကည့္ပါက Eridanus ၾကယ္စုအတြင္းမွာ တည္ရွိတာေတြ႕ရမွာျဖစ္ၿပီး Eridanus ဆိုတာကေတာ့ ျမစ္ လို႔ အဓိပၸါယ္ရပါတယ္။

အမည္မ်ားကို ရဲမင္းစိုး ဆိုသူကအဆိုတင္သြင္းထားတာျဖစ္ၿပီး ေထာက္ခံမဲအမ်ားဆုံးနဲ႔အႏိုင္ရရွိသြားတာျဖစ္ပါတယ္။

MASES/ Nyan Hein
ေလးစားစြာျဖင့္ Blacker

ကမာ ္ဘကနေ အလင်းနှစ် ၅၅၃ နှစ် ကွာဝေးတဲ့ ကြယ်နဲ့ ဂြိုဟ်ကို Ayeyarwady နဲ့ Bagan ဟူ၍ မြန်မာ့သမိုင်းမှာ ပထမဆုံး နိုင်ငံတကာအသိအမှတ်ပြုအမည်များပေးနိုင်ခဲ့”

ယ ခင်နှစ်နိုဝင်ဘာလအတွင်းက IAU (International Astronomical Union) ရဲ့ နှစ်၁ဝဝပြည့် အထိမ်းအမှတ် အဖြစ် “Name Exoworlds” အစီအစဉ်ကိုကမ္ဘာအဝှမ်းကျင်းပခဲ့ရာမှာ ရန်ကုန်တက္ကသိုလ်ရူပဗေဒဌာန နဲ့ MASES – Myanmar Astronomy & Science Enthusiasts Society က မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ခဲ့ပါတယ်။ နိုင်ငံအသီးသီးအနေနဲ့ အာကာသထဲက လက်ရှိရှာဖွေတွေ့ရှိထားပြီးတဲ့ ဂြိုဟ်တစ်လုံးနဲ့ကြယ်တစ်လုံးစီကို နာမည်ပေးခဲ့ရတာဖြစ်ပြီး အတည်ပြုလိုက်တဲ့ နာမည်ကို နိုင်ငံတကာမှာတရားဝင်စာရင်းသွင်းပြီး နောင်အနာဂတ်မှာ အသုံးပြုသွားမှာဖြစ်ပါတယ်။

ဒီ့အတွက် မဲစနစ်နဲ့ အမည်တွေဆုံးဖြတ်ပေးခဲ့ကြပြီးတော့ HD 18742 ကြယ်နဲ့ HD 18742 b ဂြိုဟ်တို့ကို Ayeyarwady နဲ့ Bagan ဆိုတဲ့ နာမည်တွေ ပေးနိုင်ခဲ့ပါတယ်။ Ayeyarwady ကြယ်ဟာ ဒြပ်ထု အနေနဲ့ ကျွန်တော်တို့ နေထက် အနည်းငယ် ကြီးပြီး အရွယ်အစား က ၅ ဆ ကျော်ပိုမိုကြီးမားပါတယ်။ သူ့ကို လှည့်ပတ်နေတဲ့ ဓာတ်ငွေ့လုံး ဂြိုဟ် Bagan ကတော့ ဂျူပီတာဂြိုဟ်ထက် ဒြပ်ထု အနည်းငယ်ကြီးပြီး အရွယ်အစားအားဖြင့် ၃.၅ဆ ခန့် ပိုမိုကြီးမားပါတယ်။

Bagan ဂြိုဟ်ဟာ သူ့ရဲ့ မိခင်ကြယ် ကို ၂.၁ နှစ် တစ်ခါ တစ်ပတ်ပြည့်အောင် လှည့်ပတ်နေတာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ ဟာဝိုင်အီ ရဲ့ W.M.Keck Observatory ကို အသုံးပြုပြီး တွေ့ရှိခဲ့တာဖြစ်ပါတယ်။ Ayeyarwady နဲ့ Bagan ကို ကမ္ဘာမှ ကြည့်ပါက Eridanus ကြယ်စုအတွင်းမှာ တည်ရှိတာတွေ့ရမှာဖြစ်ပြီး Eridanus ဆိုတာကတော့ မြစ် လို့ အဓိပ္ပါယ်ရပါတယ်။

အမည်များကို ရဲမင်းစိုး ဆိုသူကအဆိုတင်သွင်းထားတာဖြစ်ပြီး ထောက်ခံမဲအများဆုံးနဲ့အနိုင်ရရှိသွားတာဖြစ်ပါတယ်။

MASES/ Nyan Hein
လေးစားစွာဖြင့် Blacker