



မြန်မာ တစ်ပြည်လုံးတင်မက ပြည်ပရောက်မြန်မာတွေရဲ့ကြားမှာ စိတ်ဝင်စားရေပန်းစားခဲ့တဲ့ Myanmar Idol Season(4) သီချင်းဆိုပြိုင်ပွဲကြီးဟာ အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်..။ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင်တွေဟာ Talent ကိုယ်စီရှိကြပြီး ချစ်စရာကောင်း၊အဆိုကောင်းတဲ့ ပြိုင်ပွဲဝင်လေးတွေကိုအားပေးတဲ့ အမာခံပရိသတ်တွေကိုယ်စီကိုလည်း ရရှိနေပြီဖြစ်ပါတယ်.။ပြိုင်ပွဲဝင်တွေဟာလည်း ကိုယ်စီအနုပညာလမ်းကြောင်းခရီးရှည်ကြီးကို စတင်လျှောက်လှမ်းနေကြပြီဖြစ်ပါတယ်…။

ပြိုင်ပွဲ ဝင်တွေထဲကတစ်ယောက်ဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော်လေး စောခရစ်မူးလာကတော့ ပြိုင်ပွဲမှာလည်း အကောင်းဆုံးအရည်အချင်းတွေကို ချပြသွားနိုင်သလို ချစ်စရာကောင်းတဲ့ စကားပြောပုံလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်နှစ်သက်အားပေးမှုကို ရရှိခဲ့တဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်..။Top (3)Finalist ထဲမှာ မပါဝင်ခဲ့ရပေမယ့် ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ရရှိပိုင်ဆိုင်ခဲ့သူလို့ပြောရမှာပါ..။မူးလာလေးကို သူ့ရဲ့ ဖန်လေးတွေက မွေးနေ့မှာ စပရိုက်လုပ်ကာ ဂီတာ၊နောက်ဆုံးပေါ်လက်တော့ပ်လေးကို စပရိုက်လက်ဆောင်လေးတွေကို ပေးခဲ့ပါသေးတယ်နော်…။ အချစ်တွေကိုပိုင်ဆိုင်သွားခဲ့ပြီဖြစ်တဲ့ မူးလာလေးကတော့ အခုဆိုရင် သူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ ပုသိမ်မြို့လေးမှာ ပထမဆုံးဖျော်ဖြေတော့မှာဖြစ်ပါတယ်နော်…။

မူးလာကတော့ သူ့မြို့လေးမှာ ပထမဆုံးဖျော်ဖြေရမှာမို့ စိတ်တွေလှုပ်ရှားနေကြောင်းကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးတင်လာခဲ့ပါတယ်နော် Cele Connections ပရိသတ်ကြီးရေ..။ မူးလာလေးရဲ့ ဖျော်ဖြေမှုကိုကြည့်ဖို့ ပုသိမ်မြို့က ပရိသတ်ကြီးတွေရော အဆင်သင့်ဖြစ်ပြီလား!!!!!
Source:Saw Chris Mooler

Sakura (Cele Connections)