ဆ ရာ စံဇာဏီဘို ရဲ့၂၀၂၀ ခုနှစ်ဇန်နဝါရီလ (၁၅) ရက်နေ့ အထိ ၁၂ ရာသီခွင် ဗေဒင်ဟောစာတမ်းများ

မိဿရာသီ Aries (မတ် (၂၁) မှ ဧပြီ (၂၀) ကြား မွေးသူများ)

လုပ်ငန်းအောင်မြင်မည်။တိုးစွာဆောင်ရွက်မှုမှန်သမျှထင်ရှားသောတက်လမ်းရှိမည်။ဦးတည်ဆောင်ရွက်မည့်ကိစ္စမှန်သမျှသည်ဘ၀တိုးတက်မှုအတွက်ပံ့ပိုးပေးစွမ်းမည်။ဘ၀တိုးတက်မှုနှင့် ရည် ရွယ်ချက်အောင်မြင်မှုများကိုဦးစားပေးနေရင်းအချစ်မေတ္တာရေးရာဘက်ကိုဦးစားမပေးနိုင်သလိုဖြစ်နေမည်။မိမိအပေါ် ကောင်းကျိုးပြုသောသူများနှင့်တွေ့မည်။စိတ်ချမ်းမြေ့ရမည်။

ရည်မှန်းချက်ထားသလောက်အောင်မြင်မည်။တစ်လအတွင်းအညံ့ရက်မရှိ။ ပကတိကောင်းသောကာလဖြစ်သည်။ဆောင်ရွက်လျှင်ဆောင်ရွက်သလောက်ထွန်းထွန်းပေါက်ပေါက်လျှမ်းလျှမ်းတောက်မည်။သမားပြသခြင်း၊ဆေးစားဆေးကုပြုခြင်းအတွက်ဆောင် ရွက်ရန်ရက်ကောင်းဖြစ်သည်။၎င်းရက်များတွင်ဆေးစား၊ဆေးကုပြုပါကအနာနှင့်ဆေးတွေ့ကာသက်သာပျောက်ကင်းမည်။

ယတြာ – ခရီးသွားစဉ် ဝယ်ယူထားသည့် ပစ္စည်း (၆)မျိုးကို ရုံးခန်း၊အလုပ်ခန်းနေအိမ်နေရာ၏အနောက်မြောက်အရပ်တွင် ထားရှိပါ။

ပြိဿရာသီ Tauraus (ဧပြီ (၂၁) မှ မေ (၂၁) ကြား မွေးသူများ)

စိတ်အနှောက်အယှက်များရှိမည်။မှန်းသည်နှင့်လက်တွေ့ကွာဟမည်။မူလစိတ်ကူးထားသည်နှင့်မတူသောလမ်းကြောင်းမှဆောင်ရွက်ရခြင်းရှိမည်။စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်ရခြင်းများ ကြုံတတ်သည်။မေတ္တာရေးတွင်သံယောဇဉ်မထားသင့်သူကိုသံယောဇဉ်ထားခြင်းဆုံးဖြတ်ချက်မှားခြင်းတို့ကြောင့်စိတ်ပင်ပန်းရမည်။ယခုကာလပျော်ရွှင်မှန်သမျှသည်အနာဂတ်ကာလတွင်စိတ်ဆင်းရဲစေသောအနာဂတ်အကြောင်းတရားများဖြစ်စေမည်။

အထူးသတိရှိရမည်။ပေါ့ပေါ့တန်တန်လုပ်၍မရ။အတော်အတန်ကြိုးစားကာမှတန်ရုံကျမည်။အနှောက်အယှက်များဖြစ်တတ်သည်။စာမေးပွဲဖြေဆိုရန်များရှိပါကစာမေးပွဲရက်နှင့်တိုက် ဆိုင်စွာပင်အိမ်တွင်းရေးအညံ့အဆိုးကြုံကာစိတ်ပူပင်ရတတ်သည်။အနေအထိုင်အစားအေသာက်မှားယွင်းခြင်းကြောင့်ဝေဒနာတိုးခြင်းကျန်းမာရေးအနှောက်အယှက်ကြုံခြင်းရှိမည်။ဆေးထိုး၊ဆေးစားမှားတတ်သည်။ပေ့ါပေါ့တန်တန်သဘောထားခြင်းကြောင့်ကျန်းမာရေးအညံ့ရှိမည်။

ယတြာ – ခရမ်းစွဲကျောက် (သို့)ဂေါ်မုတ်ကျောက်တစ်ခုကို ပိုက်ဆံဗူးထဲတွင် ထည့်ထားပါ။

မေထုန်ရာသီ Gemini (မေလ (၂၂) မှ ဇွန် (၂၁) ကြား မွေးသူများ)

ငွေးရေးကြေးရေးကိစ္စမှန်သမျှသတိနှင့်ယှဉ်၍ဆောင်ရွက်သင့်သည်။အမှုအခင်းဖြစ်လွယ်သည်။စာရွက်စာတမ်းငွေပေးငွေယူလက်ပြောင်းလက်လွှဲများတွင်သတိရှိပါ။အမှားအယွင်းတစ်စုံ တစ်ရာကြုံကရုံးရောက်ဂတ်ရောက်အထိပင်ကြုံနိုင်သည်။စိတ်အနှောက်အယှက်ရှိမည်။အထင်အမြင်လွဲမှားမှုများဖြေရှင်းရမည်။

အခက်အခဲကြုံမည်။နှစ်ဦးကြားသွေးသားအနှောက်အယှက်များဝင်တတ်သည်။ပဋိပက္ခဖြစ်ပါကအရှိန်မြင့်မာ်း၍ဖြေရှင်းရန်ခက်တတ်သည်။ပညာရေးတွင်စနစ်တကျဆောင်ရွက်လိုစိတ်နည်းပါ်၍စိတ်ပျံ့လွင့်နေမည်။အဖျက်အနှောက်အယှက်များလည်းဖြစ်တတ်သည်။ကျောင်းစည်းကမ်းဆိုင်ရာပြစ်ဒဏ်များခံယူရတတ်သည်။စိတ်ပင်ပန်းမှုကြောင့်ဖြစ်တတ်သောရောဂါများလည်းရတတ်သည်။ဝေဒနာဟောင်းများပြန်လည်ခံစားရတတ်သည်။

ယတြာ – ဆင်ရုပ်ပုံ ပန်းချီ၊ပန်းပုတို့ကိုအလုပ်လုပ်သော နေရာ၊ ကိုယ့် အနီးဝန်းကျင်တို့တွင်ထားရှိပါ။

ကရကဋ်ရာသီ Cancer (ဇွန် (၂၂) မှ ဇူလိုင် (၂၂) ကြား မွေးသူများ)

အထူးကောင်းသည်။ရည်မှန်းချက်များအောင်မြင်မည်။အ ခက်အခဲများကိုစနစ်တကျဖြေရှင်း၍ပြေလည်မည်။ကိုယ်ပိုင်အရည် အသွေးများထက်မြတ်နေမည်။အလုပ်အကြံအစည်များ လက် တွေ့ဖြစ်ပေါ်လာမည်။လုပ်ငန်းတိုးတက်ခြင်း၊အလုပ်မရှိသူအလုပ်ရခြင်းကြုံမည်။အလွန်အဆင်ပြေမည်။အေးချမ်းပျော်ရွှင်မှုအားအဆက်မပြတ်ကြုံတွေ့ရမည်။အနှောက်အယှက်ပဋိပက္ခများ ကင်းစင်၍မေတ္တာတရား၏ကြည်နူးချမ်းမြေ့မှုခံစားရမည်။

တစ်ဦးထက်ပိုသောမေတ္တာရေးရာများပေါ်ထွန်းမည်။စိတ်ကူးရည်မှန်းဆောင်ရွက်သမျှအောင်မြင်ထွန်းပေါက်မည်။ကိုယ်တိုင်တွင်ဖြစ်စေမိသားစုတစ်ဦးဦးဖြစ်စေပညာရေးကိုအခြေတည်၍ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာကြုံမည်။အများမှအသိအမှတ်ပြုခြင်းခံရမည်။ဝေဒနာဟောင်းများပြန်လည်ဖြစ်ပေါ်တတ်သည်။ဦးခေါင်းနှင့်မျက်စိတွင်ကျန်းမာရေးအညံ့ဖြစ်လွယ်သည်။အစာမှားခြင်း ၊ဆေးထိုးးမှားခြင်းဖြစ်တတ်သည်။

ယတြာ – နှင်းဆီပန်း အနီ (၁) ပွင့်ကိုဖန်ပန်းအိုးတွင်ရေဖြည့်ထိုးကာနေအိမ်ဧည့်ခန်း၊အလုပ်ခန်းတို့၏အမြင့်တစ်နေရာတွင်ထားရှိပါ။

သိဟ်ရာသီ Leo (ဇူလိုင် (၂၃) မှ သြဂုတ် (၂၃) မွေးသူများ)

အလုပ်သစ်၊စီးပွားသစ်များလုပ်ကိုင်၍တိုးတက်ခြင်းရရှိမည်။စီးပွားရေးကောင်းမည်။ရုတ်တရက်ဆောင်ရွက်လိုက်သည်များမှအထူးကောင်းသောအနေအထား၊အကျိုးပေးသောနေအထား ဖြစ်ထွန်းမည်။ချစ်သူမရှိသူချစ်သူရမည်၊ချစ်သူရှိသူများအချစ်မေတ္တာသစ်ပေါ်မည်။အရွယ်လွန်လူလွတ်များအဖို့အလွန်စန်းကောင်းမည်။ထင်ရှားသောမေတ္တာရေးကံကောင်းခြင်းကြုံတွေ့ရမည်။

ပညာရေးလမ်းကြောင်းတွင်ဆောင်ရွက်နေသူများထူးထူးခြားခြားအကျိုးပေးမည်။ပြည်ပသို့သွားရောက်ရန်စီစဉ်ထားသူများအဆင်ပြေမည်။ပညာသင်ကြားမှုဝန်းကျင်အတွင်းထူးခြားသောအ ပြောင်းအလဲများရှိမည်။အစာအိမ်ဝမ်းဗိုက်ဂရုစိုက်ပါ။မတော်တဆထိရှမှုများလည်းဖြစ်တတ်သည်။အစာအဆိပ်သင့်ခြင်း၊အပူရှပ်ခြင်း၊အဆုတ်အအေးမိခြင်းများဖြစ်တတ်သည်။ဤရက်ပိုင်းအတွင်းနာဖျားမှုများကိုပေ့ါဆခြင်းမရှိသင့်

ယတြာ – ရတနာများသယ်ဆောင်လာသည့် ရွက်လှေပုံကို နေအိမ် ဧည့်ခန်း အလုပ်ခန်းတို့တွင် ချိန် ဆွဲ အလှဆင်ပါ။

ကန်ရာသီ Virgo (သြဂုတ် (၂၄) မှ စက်တင်ဘာ (၂၂) ကြား မွေးသူများ)

လူမျိုးကွဲ၊လူမျိုးခြားများနှင့်တိုက်ရိုက်ဆက်စပ်လုပ်ကိုင်ခြင်းများအထူးတိုးတက်မည်။စိတ်ကူးအကြံဉာဏ်များအကောင် အထည်ဖော်နိုင်မည်။အရပ်ဝေးနှင့်ဆက်သွယ်၍လုပ်ငန်းသစ်များစတင်နိုင်မည်။မေတ္တာရေးကံကောင်းမည်။စိတ်ချမ်းသာရမည်။ထူးခြားစွာကောင်းခြင်းကံများမေတ္တာရေးကိုအခြေတည်၍ ပေါ်ထွန်းမည်။ရပ်ဝေးရောက်နေသောသူများနှင့်ပြန်ဆုံမည်။

ပြည်ပအတတ်ပညာဆောင်ရွက်နေသူများထူးထူးခြားခြားအကျိုးပေးမည်။ပြည်ပသို့သွားရောက်ရန်စီစဉ်ထားသူများအဆင်ပြေမည်။ပညာသင်ကြားမှုပတ်ဝန်းကျင်အတွင်းထူး ခြားသောအပြောင်းအလဲများရှိမည်။အနေအထိုင်အစားသောက်ဆင်ခြင်ပါ။လည်ချောင်းကွဲခြင်း၊လည်ချောင်းနာခြင်း၊အဆုတ်အအေးမိခြင်းဖြစ်တတ်သည်။ဆေးကုသရန်ပေါ့ဆပါကဝေဒနာဆိုးဝါးတတ်သည်။

ယတြာ – နေအိမ်နေရာ၊အလုပ်နေရာတို့တွင်ပန်းနံ့များ ပါဝင်သောအမွှေးနံ့သာများပက်ဖျန်းထားပါ။

တူရာသီ Libra (စက်တင်ဘာ (၂၃) မှ အောက်တိုဘာ (၂၃) ကြား မွေးသူများ)

အထူးကောင်းသည်။အရာရာအဆင်ပြေမည်။ရှိရင်းစွဲအနေအထားမှပိုမိုမြင့်မားသောအနေအထားသို့ကူးပြောင်းတိုးတက်မည်။မိတ်ကောင်းဆွေကောင်းများထံမှအထောက်အကူကောင်းများ ရရှိမည်။မေတ္တာရေးကံအထူးကောင်းသည်။တစ်ဦးထက်ပိုကောင်းသောမေတ္တာရေးရာများပေါ်ထွန်းမည်။ဘဝအတွက် အရေးပါသောဆုံးဖြတ်ချက်ချမှတ်ရခြင်း၊မိမိအတွက်စစ်မှန်သောဖူးစာဖက်ကိုရွေးချယ်နိုင်ခြင်းရှိမည်။

ကျန်းမာရေးအညံ့ရှိမည်၊အရွယ်ရောက်သူများအဖို့မေတ္တာရေးပွင့်မှုလွန်ကဲ၍ပညာရေးတွင်ပေ့ါဆတတ်သည်။အတတ်ပညာကိုစနစ်တကျသင်ယူ၍တိုးတက်သောဘဝကိုရရှိပိုင်ဆိုင်မည်။
ကျန်းမာရေးအထူးဂရုစိုက်ရမည်။ပေါ့ပေါ့တန်တန်နေပါကချူချာခြင်း၊မမာမကျန်းဖြစ်ခြင်းများကြုံနိုင်သည်။အဆုတ်အအေးမိတတ်သည်။ အမျိုးသားများ။

ယတြာ – နေအိမ် အခန်း၊အလုပ်ခန်းတို့တွင်ငါးများ ရေတွင် ကူးခတ်နေသောပန်းချီပုံဖြင့်အလှဆင်ထားပါ။

ဗြိစ္ဆာရာသီ Scorpio (အောက်တိုဘာ (၂၄) မှ နိုဝင်ဘာ (၂၂) ကြား မွေးသူများ)

အညံ့မရှိအဘက်ဘက်မှကောင်းသောအနေအထားရှိသည်။မိမိအပေါ်ကောင်းကျိုးပြုသောသူများနှင့်တွေ့မည်။အလုပ်အဆင့်တိုးတက်ခြင်း၊ဘဝအခြေအနေမြင့်မားခြင်းရှိမည်။မေတ္တာရေး ကံအထူးကောင်းသည်။စိတ်အနှောက်အယှက်ကင်းစင်မည်။အရာရာအဆင်ပြေမည်။မိဘ၊မိသားစုဝန်းကျင်မှသဘောကျလက်ခံနိုင်သူကိုဖူးစာရှင်အဖြစ်ဆုံစည်းရွေးချယ်နိုင်မည်။

ရည်ရွယ်သလောက်အောင်မြင်မည်။ပညာရပ်ဆိုင်ရာတိုးတက်မှုရှိမည်။ဘဝအတွက်ခိုင်မာသောရပ်တည်မှုကိုပညာအခြေတည်၍ရရှိမည်။မိမိရည်ရွယ်ထားသောဘ၀အဆင့်ကိုပီပြင်အောင်အ ကောင်အထည်ဖော်နိုင်မည်။သမားပြသခြင်းအတွက်အထူးကောင်းသည်။လတ်ဆက်မှုမရှိသောအစားအစာများစားသုံးမိခြင်းကြောင့်လည်းကောင်း၊မူလဝေဒနာနှင့်မတည့်သညများစားသုံးမိခြင်းကြောင့်လည်းကောင်းဝေဒနာဟောင်းများပြန်ဖြစ်မည်။

ယတြာ- တစ်ပါးသူ လာရောက်ပေးသောအနက်ရောင် ပစ္စည်းများ လက်မခံရ။

ဓနုရာသီ Sagittarius (နိုဝင်ဘာ (၂၃) မှ ဒီဇင်ဘာ (၂၁) ကြား မွေးသူများ)

အပြောင်းအလဲနှင့်တိုးတက်မည်။လူမျိုးကွဲအကျိုးပေးမည်။အတိုက်အခံကြားမှတက်လမ်းရရှိမည်။အရပ်ဝေးနှင့်ဆက်သွယ်သောလုပ်ငန်းများမှအကျိုးကောင်းရရှိမည်။ပြည်ပတိုင်းတပါးနှင့် ပူးပေါင်း၍အကျိုးရှိမည်။စိတ်အနှောက်အယှက်များမည်။သံ ယောဇဉ်မထားသင့်သောသူကိုသံယောဇဉ်ထားမိခြင်းကြောင့်မိမိအမည်သိက္ခာထိခိုက်နိုင်သည်။အသေးစားပြဿနာများ ကို အကြောင်းပြု၍နှစ်ဦးကြားဖြေရှင်းရခက်ခဲသောအထင်အမြင်လွဲမှားမှုများအထိကြုံနိုင်သည်။

ပြည်ပအတတ်ပညာများအကျိုးပေးသည်။ရည်မှန်းချက်ထားသလောက်အောင်မြင်မည်။ပညာတစ်ဖက်၊လုပ်ငန်းတစ်ဝက်ပူးတွဲဆောင်ရွက်သူများအဖို့ ထင်ရှားသောတိုးတက်မှုများကို ကိုယ်ပိုင်အစွမ်းအစနှင့်ဖန်တီးနိုင်မည်။ကျန်းမာရေးဂရုစိုက်ရမည်။အလွယ်တကူဖျားနာတတ်သည်။အရက်သေစာသောက်စားသူများအတွက်အခါတိုင်းထက်ပို၍ မူးယစ်အရှိန်မြင့်တတ်သည်။

ယတြာ – ရွှေရောင်တွယ်ချိတ် ၂ ခုကိုတွဲချိတ်၍ပိုက်ဆံ အိတ်အတွင်းထည့်၍ ဆောင်ယူပါ။

မကာရ ရာသီ Capricorn (ဒီဇင်ဘာ (၂၂) မှ ဇန်နဝါရီ (၂၀)ကြား မွေးသူများ)

အဘက်ဘက်မှကောင်းသည်။စိတ်ကူးထားသည်များအောင်မြင်မည်။အခက် အခဲများပြေလည်အောင်ဖြေရှင်းနိုင်မည်။သူတစ်ပါးနှင့်တွဲဖက်ဆောင်ရွက်မှု များမှအကျိုးရရှိမည်။အကြီးအကဲများ ထံမှအထောက်အကူကောင်းရမည်။ကောင်းသော မေတ္တာစန်းပွင့်မည်။ စိတ်ချမ်းသာရမည်။ဘ၀အတွက်မှန်ကန်သောမေတ္တာရေးရာဆုံးဖြတ်ချက်များချမှတ်ရမည်။စိတ်အေးချမ်းသာစရာများ ရှိမည်။ပဋိပက္ခအေးငြိမ်းမည်။

ရည်မှန်းချက်မြင့်မြင့်မားမားထားသင့်သည်။ပညာအတတ်နှင့်ပတ်သတ်၍ထူးချွန်ထက်မြတ်စွာဆောင်ရွက်နိုင်မည်။ မေတ္တာရေးအနှောက်အယှက်ကြောင့်ပညာရေးတွင်အနည်းငယ်အားပျော့နိုင်သည်။အထူးဂရုစိုက်ရမည်။အညံ့ကြုံပါကရုတ်ချည်းပကတိကျန်းမာနေရာမှရောဂါဝေဒနာသည်းသည်းလှုပ်လှုပ်ခံစား ရတတ်သည်။ပင်လယ်စာစားသုံးခြင်းကိုအထူးဂရုစိုက်ပါ။

ယတြာ – နွားရုပ်ပုံပါသော နို့ဆီ ၊နို့စိမ်းများ မကြာခဏ ဝယ်ယူ အသုံးပြုပါ။

ကုမ်ရာသီ Aquarius (ဇန်နဝါရီ (၂၁) မှ ဖေဖော်ဝါရီ (၁၈) ကြား မွေးသူများ)

ခရီးသွား၍အကျိုးရှိသည်။လူမျိုးကွဲများ နှင့်တိုက်ရိုက်ဆက်စပ်လုပ်ကိုင်နိုင်မည်။ မှန်းထားသည်များအကောင်အထည် ဖော်ရာတွင်ကြန့်ကြာမှုများရှိလင့်ကစားမဖြစ်မနေလုပ်ကိုင်မှုကြောင့်အဆုံးတွင်အောင်မြင်မည်။နေရာပြောင်း၍တိုးတက်မည်။မေတ္တာရေး ၊ကံကောင်းခြင်း၊စိတ်ချမ်းသာခြင်းရှိမည်။ဝေးကွာနေသောသူများနှင့်ဆုံဆည်းခြင်း၊ပဋိပက္ခများပြေလည်အောင်ဖြေရှင်းနိုင်ခြင်း ရှိမည်။နားလည်မှုများဖြစ်ထွန်းလာမည်။

အထူးကောင်း၍ပညာရေးတွင်ထက်ထက်မြတ်မြတ်ထိထိမိမိရှိမည်။ရည်မှန်းသလောက်ထွန်းပေါက်မည်။ပြည်တွင်းသာမကပြည်ပပညာရပ်များအထိလေ့လာနိုင်သည်။ဦးတည်ရည်မှန်းထားသည့်ကိစ္စအလုံးစုံအပြည့်အ၀အောင်မြင်မည်။အစာအိမ်ဂရုစိုက်ပါ။ဆီး၊ကျောက်ကပ်ဝေဒနာဂရုစိုက်ပါ။အဆုတ်အအေးမိတတ်သည်။ကျန်းမာရေးအားပေါ့ဆပါကဖျားနာခြင်း၊ရောဂါဝေဒနာကြီးမားခြင်းကြုံနိင်သည်။

ယတြာ – နေအိမ်အခန်း ၊ အလုပ်ခန်း တို့ရှိ အိမ်သာ ဂလန့်များ ပျက်စီးနေက ပြုပြင်လိုက်ပါ။

မိန်ရာသီ Pisces (ဖေဖော်ဝါရီ (၁၉) မှ မတ် (၂၀) ကြား မွေးသူများ)

အထူးကောင်းသောကာလဖြစ်၍မိမိရည်ရွယ်ချက်များဆောင်ရွက်အကောင်အထည်ဖော်နိုင်မည်။မှန်းထားသည်များအကောင် အထည်ဖော်ရာတွင်ကြန့်ကြာမှုများရှိလင့်ကစားမဖြစ်မနေလုပ်ကိုင်မှုကြောင့်အဆုံးတွင်အောင်မြင်မည်။အရာရာ အဆင်ပြေမည်။မေတ္တာကံစန်းမြင့်မားမည်။စိတ်ချမ်းမြေ့စရာများဆက်တိုက် ဖြစ်ပေါ်လာမည်။တည်ငြိမ်သောမေတ္တာရေးအနေအထားဖြစ်ထွန်းမည်။တစ်ဦးနှင့်တစ်ဦးကြားနားလည်မှုများရှိမည်။

ရည်မှန်းထားသည်များအောင်မြင်ပြီး မြောက်သည်အထိဆောင်ရွက်နိုင်မည်။ပညာရေးကိုအခြေတည်၍ဘ၀တက် လမ်းသစ်ဖန်တီးနိုင်မည်။ဘဝအဆင့်တိုးမြင့်ခြင်းကြုံမည်။ဘာသာ စကားလေ့လာရန်ကြုံမည်။အနေအထိုင်အစားအသောက်ဂရုစိုက်ပါ။ရောဂါဝေဒနာဖြစ်ပါကကုသရန်ခက်ခဲသည်။အဆုတ်နှင့် ပတ်သတ်သောရောဂါဂရုစိုက်ရမည်။

ယတြာ – အလုပ်စားပွဲပေါ်တွင် ဖန်နှင့် ပြုလုပ်ထားသော အလှဆင်ပစ္စည်း ထားရှိပါ။

Credit