ဆယ္ လီကမၻာပရိသတ္ႀကီးေတြေရ ပရိသတ္ေတြရဲ့ အခ်စ္ေတာ္ေတြအေနနဲ႔ အႏုပညာအလုပ္ေတြကိုလုပ္ကိုင္ခဲ့ၿပီး နိုင္ငံေတာ္က ခ်ီးၿမီင့္ေပးအပ္တဲ့ နိုင္ငံေတာ္အဆင့္ဘြဲ႕ႀကီးေတြကို ရရွိထားတဲ့ အႏုပညာရွင္ (၃)ေယာက္အေၾကာင္းကို ေဖာ္ျပေပးလိုက္ပါတယ္။သူတို႔ (၃)ေယာက္ကေတာ့

(၁)နႏ ၵာလွိုင္

နႏၵာ လွိုင္ကေတာ့ တစ္ေခတ္တစ္ခါက ျမန္မာနိုင္ငံ႐ုပ္ရွင္ေလာကမွာ ထိပ္တန္းမင္းသမီးတစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈေတြရရွိခဲ့တဲ့ သူတစ္ေယာက္ပဲျဖစ္ပါတယ္။ခင္ပြန္းျဖစ္သူ ေဇသီဟနဲ႔ လက္ထပ္ၿပီးေနာက္ပိုင္းမွာေတာ့ အႏုပညာအလုပ္ေတြလုပ္ကိုင္ျခင္းကို ရပ္နားထားခဲ့ေပမဲ့လည္း အားေပးတဲ့ ပရိသတ္ေတြကေတာ့ ဒီေန႔အထိကို ရွိေနေသးတဲ့ အထိကို ပရိသတ္ေတြရဲ့ ခ်စ္ျခင္းေမတၱာေတြရရွိထားပါေသးတယ္။လက္ရွိမွာလည္း သာသနာေရးနဲ႔ ပတ္သက္တဲ့ အလႉအတန္းေတြကို အားတက္သေရာျပဳလုပ္ေနခဲ့တာ ျဖစ္ၿပီး ဒီႏွစ္မွာေတာ့ နိုင္ငံေတာ္က ခ်ီးျမႇင့္တဲ့ “သီရိသုဓမၼသိဂႌဘြဲ႕”ကို ပူပူေႏြးေႏြးရရွိထားပါတယ္။

(၂)ခန႔္စည္သူ

အႏုပညာေလာကမွာ ဆယ္စုႏွစ္ ႏွစ္ခုေက်ာ္ေလာက္ကို ေအာင္ျမင္မႈေတြရရွိပိုင္ဆိုင္ေနတဲ့ ခန႔္စည္သူကေတာ့ နိုင္ငံေတာ္အဆင့္ “သီဟသုဓမၼမဏိေဇာဓရ”ဘြဲ႕ႀကီးကို ခ်ီးျမႇင့္ခံထားရတဲ့ အႏုပညာရွင္တစ္ေယာက္ပါ။ကုသိုလ္ေရးနဲ႔ ပတ္သက္လာရင္ လက္မေႏွးဘဲ အျမဲလိုလို လႉဒါန္းေနတဲ့ ခန႔္စည္သူကေတာ့ ရိုက္ကူးေရးေတြနဲ႔ ေရာက္ရွိတဲ့ ေနရာေဒသေတြမွာေတာင္ လိုအပ္တဲ့ လႉဒါန္းမႈေတြကို အျမဲလိုလို ျပဳလုပ္ေလ့ရွိတဲ့ အထိကို သဒၵါတရားထက္သန္လြန္းလွတဲ့ သူလည္းျဖစ္ပါတယ္။

(၃)ယမင္းကိုကို

ယမင္းကိုကိုကေတာ့ တခ်ိန္က အလွမယ္၊ေမာ္ဒယ္လ္၊သ႐ုပ္ေဆာင္မင္းသမီးတစ္ေယာက္အေနနဲ႔ ေအာင္ျမင္မႈေတြရရွိထားခဲ့တဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကို လုပ္ကိုင္ျခင္းမရွိေတာ့ဘဲ လုပ္ငန္းရွင္တစ္ေယာက္အေနနဲ႔သာ ရပ္တည္ေနခဲ့တာလည္း ျဖစ္ပါတယ္။သာသနာျပဳလုပ္ငန္းေတြမွာ အလႉအတန္းေတြကို ရက္ေရာစြာနဲ႔ လႉဒါန္းေလ့ရွိၿပီး (၂၀၁၈)ခုႏွစ္မွာတစ္ႀကိမ္၊ယခုႏွစ္(၂၀၁၉)မွာတစ္ႀကိမ္ (၂)ႀကိမ္တိတိကို နိုင္ငံဂုဏ္ထူးေဆာင္ “သီရိသုဓမၼသိဂႌဘြဲ႕”ကို ရရွိထားတာပဲျဖစ္ပါတယ္။

CeleGabar ပရိသတ္ႀကီးေရ အလႉအတန္းေတြကို ရက္ရက္ေရာေရာနဲ႔ လႉဒါန္းေနတဲ့ ျပည္သူခ်စ္အႏုပညာရွင္ေတြအတြက္ သာဓုေခၚဆိုေပးခဲ့ပါဦး။

Chilli – CeleGabar

ဆယ်လီကမ္ဘာပရိသတ်ကြီးတွေရေ ပရိသတ်တွေရဲ့ အချစ်တော်တွေအနေနဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ခဲ့ပြီး နိုင်ငံတော်က ချီးမြီင့်ပေးအပ်တဲ့ နိုင်ငံတော်အဆင့်ဘွဲ့ကြီးတွေကို ရရှိထားတဲ့ အနုပညာရှင် (၃)ယောက်အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။သူတို့ (၃)ယောက်ကတော့

(၁)နန္ဒာလှိုင်

နန္ဒာလှိုင်ကတော့ တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံရုပ်ရှင်လောကမှာ ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူ ဇေသီဟနဲ့ လက်ထပ်ပြီးနောက်ပိုင်းမှာတော့ အနုပညာအလုပ်တွေလုပ်ကိုင်ခြင်းကို ရပ်နားထားခဲ့ပေမဲ့လည်း အားပေးတဲ့ ပရိသတ်တွေကတော့ ဒီနေ့အထိကို ရှိနေသေးတဲ့ အထိကို ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေရရှိထားပါသေးတယ်။လက်ရှိမှာလည်း သာသနာရေးနဲ့ ပတ်သက်တဲ့ အလှူအတန်းတွေကို အားတက်သရောပြုလုပ်နေခဲ့တာ ဖြစ်ပြီး ဒီနှစ်မှာတော့ နိုင်ငံတော်က ချီးမြှင့်တဲ့ “သီရိသုဓမ္မသိင်္ဂီဘွဲ့”ကို ပူပူနွေးနွေးရရှိထားပါတယ်။

(၂)ခန့်စည်သူ

အနုပညာလောကမှာ ဆယ်စုနှစ် နှစ်ခုကျော်လောက်ကို အောင်မြင်မှုတွေရရှိပိုင်ဆိုင်နေတဲ့ ခန့်စည်သူကတော့ နိုင်ငံတော်အဆင့် “သီဟသုဓမ္မမဏိဇောဓရ”ဘွဲ့ကြီးကို ချီးမြှင့်ခံထားရတဲ့ အနုပညာရှင်တစ်ယောက်ပါ။ကုသိုလ်ရေးနဲ့ ပတ်သက်လာရင် လက်မနှေးဘဲ အမြဲလိုလို လှူဒါန်းနေတဲ့ ခန့်စည်သူကတော့ ရိုက်ကူးရေးတွေနဲ့ ရောက်ရှိတဲ့ နေရာဒေသတွေမှာတောင် လိုအပ်တဲ့ လှူဒါန်းမှုတွေကို အမြဲလိုလို ပြုလုပ်လေ့ရှိတဲ့ အထိကို သဒ္ဒါတရားထက်သန်လွန်းလှတဲ့ သူလည်းဖြစ်ပါတယ်။

(၃)ယမင်းကိုကို

ယမင်းကိုကိုကတော့ တချိန်က အလှမယ်၊မော်ဒယ်လ်၊သရုပ်ဆောင်မင်းသမီးတစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။လက်ရှိမှာတော့ အနုပညာအလုပ်တွေကို လုပ်ကိုင်ခြင်းမရှိတော့ဘဲ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့သာ ရပ်တည်နေခဲ့တာလည်း ဖြစ်ပါတယ်။သာသနာပြုလုပ်ငန်းတွေမှာ အလှူအတန်းတွေကို ရက်ရောစွာနဲ့ လှူဒါန်းလေ့ရှိပြီး (၂၀၁၈)ခုနှစ်မှာတစ်ကြိမ်၊ယခုနှစ်(၂၀၁၉)မှာတစ်ကြိမ် (၂)ကြိမ်တိတိကို နိုင်ငံဂုဏ်ထူးဆောင် “သီရိသုဓမ္မသိင်္ဂီဘွဲ့”ကို ရရှိထားတာပဲဖြစ်ပါတယ်။

CeleGabar ပရိသတ်ကြီးရေ အလှူအတန်းတွေကို ရက်ရက်ရောရောနဲ့ လှူဒါန်းနေတဲ့ ပြည်သူချစ်အနုပညာရှင်တွေအတွက် သာဓုခေါ်ဆိုပေးခဲ့ပါဦး။

Chilli – CeleGabar