ဒီနေ့ကတော့ အပတ်စဉ်သောကြာနေ့တိုင်း ပရိသတ်တွေရဲ့အသည်းကိုခွဲတဲ့ နေ့ပါပဲပရိသတ်ကြီးရေ ..။ Myanmar Idol Season-4 ရဲ့ Top-5 Result Show နေ့ဟာ ပရိသတ်ရင်ခုန်စိတ်လှုပ်ရှားရတဲ့နေ့ဖြစ်သလို ပြိုင်ပွဲဝင်တွေအတွက် ရင်ခုန်စရာနေ့တစ်နေ့ပါ ။ ဒီနေ့မှာလည်း ပြိုင်ပွဲဝင် နောက်ဆုံးကျန်တဲ့ (၅)ယောက်ထဲကနေ တစ်ယောက်ကတော့ နှုတ်ဆက်ထွက်ခွာသွားရတော့မှာပါ ။

ဒီနေ့အတွက် Bottom ခုံမှာထိုင်ရတဲ့ ပြိုင်ပွဲဝင်သုံးယောက်ထဲက တစ်ယောက်ကတော့ မနြ်မာအိုင်ဒေါလ်ကနေ နှုတ်ဆက်ရတော့မှာပဲဖြစ်ပါတယ် ။ လက်ရှိ Bottom ခုံမှာထိုင်ရမယ့် သုံးယောက်နေရာမှာ တစ်ခါမှ Bottom ခုံမှာမထိုင်ဖူးသေးတဲ့ ဘင်ဂျမင်ဆုမ်းတစ်ယောက် ပထမဆုံးထိုင်ခဲ့ရပါပြီနော် ။ ပရီသတ်အားပေးမှုအများဆုံးရရှိထားတဲ့ ဘင်ဂျမင်ရဲ့ ပထမဆုံးအကြိမ် မထင်မှတ်ထားဘဲ Bottom ခုံမှာထိုင်ခဲ့ရတာဖြစ်လို့ ပရိသတ်တွေအားလုံးက ဘင်ဂျမင်အတွက်စိတ်ပူနေကြပြီထင်ပါတယ် ။

ပြိုင်ပွဲဟာ အပတ်စဉ်မထင်မှတ်ထားတဲ့ သူတွေ နှုတ်ဆက်ထွက်ခွာနေရတာဖြစ်လို့ ဘယ်သူက ပြိုင်ပွဲကနေ ထွက်ရမယ့်သူလဲဆိုတာကို ပရိသတ်တွေရော ဒိုင်တွေပါ မခန့်မှန်းနိုင်လောက်အောင်ရင်ခုန်စရာကောင်းလွန်းနေပါတယ် ။ ဘင်ဂျမင်ရဲ့ ပရိသတ်တွေအားလုံးလည်း ဘင်ဂျမင် အတွက်ဆုတောင်းပေးကြပါဦးနော် ။

Source : Myanmar Idol Season