အမျိုး သမီးတစ်ဦးအတွက် ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရတဲ့အလုပ်ဟာ အခက်ခဲဆုံးလို့တောင် ပြောလို့ရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်ဟာလည်း ပင်ပန်းခက်ခဲသလို မွေးထုတ်ချိန်မှာလည်း အသက်နဲ့ရင်းရပါသေးတယ်။

Rae ဆို တဲ့ အမျိုးသမီးလေးကတော့ ကိုယ်စားကိုယ်ဝန်ဆောင်ပေးသူဖြစ်ပါတယ်။ သူဟာ ဒီအလုပ်ကို ၂၁နှစ်ကစပြီး လုပ်ခဲ့တာဖြစ်တယ်လို့ သိရပြီး ၂၀၁၈ခုနှစ်မှာလည်း တရုတ်စုံတွဲတစ်တွဲအတွက် အမြွှာလေးမွေးပေးခဲ့ပါသေးတယ်။

ထိုအမြွှာကိုယ်ဝန်အတွက် ဒေါ်လာ၃၅၀၀၀လက်ခံရရှိခဲ့တယ်လို့ သူမကဆိုပါတယ်။ထိုအမြွှာကိုယ်ဝန်ဟာ သူမရဲ့ ဒုတိယမြောက်ကိုယ်စား ကိုယ်ဝန်ဆောင်ပေးခြင်းဖြစ်ပါတယ်။

သန္ဓေသား တစ်ဥတည်းနဲ့ အဆင်မပြေမှာစိုးလို့ ၂ဥထည့်ပေးလိုက်ရာမှာ အမြွှာကိုယ်ဝန်ရခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ ကလေးတွေကျန်းမာရေးအတွက် ဆရာဝန်သွားပြရာမှာ တစ်ယောက်တည်းသွားပါတယ်။ သူ့အမျိုးသားအတွက်လည်း ဒါသူ့ကိုယ်ဝန်မဟုတ်တဲ့အတွက် အခက်အခဲဖြစ်တယ်လေ လို့ သူမကဆိုပါတယ်။

ကလေးမွေးပြီးတဲ့အခါမှာလည်း ထိုကလေးတွေကိုပွေ့ဖက်ဖို့ သူမတောင်းဆိုပါဘူး။ ဒါဟာ သွေးအေးတယ်လို့ ထင်နိုင်ပေမယ့် စီးပွားရေးပဲလေလို့ သူမကဆိုပါတယ်။

ကျွန်မ သုံးနှစ်တာကာလမှာ တခြားမိသားစုတွေအတွက် လုပ်ပေးပြီးပြီ အခုအချိန်မှာတော့ ကျွန်မသွေးသားကို ကိုယ်ဝန်ဆောင်ချင်ပါပြီ ခို့ Rae ကဆိုပါတယ်။

Writer -LLA ( Shwe Yaung Lan )
Source-attn