Unicode
ကျွန်တော် ၏ အစ်မကြီးဆုံး(၄၈နှစ်)က အသက်ငယ်စဉ် ၁ဝနှစ်အရွယ်က ချောင်းဆိုးရင်ကြပ်ရောဂါ ဖြစ်ပြီး နေ့ရောညပါ ချောင်းဆိုးနေတာကို အဘိုးအိုတစ်ဦးက လာတွေ့ပြီး ဤကဲ့သို့ ဆေးစွမ်းတစ်လက် ပေးခဲ့၍ ချောင်းဆိုးရင်ကြပ်ရောဂါ ပျောက်ကင်းခဲ့ပါတယ်။
ဝက် သား(အသား)ကို တစ်တုံးစာ တုံး၍ ခါချဉ်အုံတစ်ခုတွင် ထိုးထည့်ထားပါ။ခါချဉ်များ သေးပန်းထည့်သောကြောင့် ဝက်သားက အနီရောင်မှ အဖြူရောင်သို့ ပြောင်းလာပါမယ်။
နာရီဝက်ခန့် ထားပြီးလျှင် အဲ့ဝက်သားကို မီးကင်၍ သူ့သက်သက် စားပါ။ ခါချဉ်သေးပန်းထားသောကြောင့် အရသာက ဝက်သားချဉ်ကဲ့သို့ ချဉ်သော အရသာ သာရှိမည်။ချောင်းဆိုးရင်ကြပ်ရောဂါကို တစ်ကြိမ်သာ ပြုလုပ်စားသုံး၍ ပျောက်ကင်းခဲ့ပါတယ်။
ယခုတစ်ခါ ကလေးငယ်တစ်ဦး ချောင်းဆိုးရင်ကြပ်ရောဂါ ဖြစ်နေတာကို တွေ့ပြီး ဤနည်းဖြင့် ကုသစဉ် ပုံရိုက်ယူထားလိုက်တာပါ။
မူရင်းpostရေးသားသူအားCreditပေးပါသည်။ရွှေဆုရှင်