



Unicode

ရုပ် ရှင်သရုပ်ဆောင်ကျော်ကျော်ကတော့ မင်းသမီးချောလေးရတနာဗိုဟာ သူ့ကြည့်မိတဲ့ကားတိုင်းမှာ မုဒိန်းကျင့်ခံထိပြီးသေသွားရတဲ့အကြောင်းကို “ရတနာဗို ရဲ့စူပါပါဝါကတော့ ကျနော်ကြည့်မိတဲ့ဇတ်ကားတိုင်း မဒိန်းကျင့်ခံထိပီး သေသွားရတာချည်းပဲ ငါ့ ညီမလေးသနားပါတယ်” လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ အရွှန်းဖောက်ပြီး ဆေးထိုးထားပါတယ်။

ကျော်ကျော် ဟာ ပရိသတ်တွေကို ဖော်ရွေစွာဆက်ဆံတတ်သူတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ အပြောင်အနှောက်လေးတွေကြောင့် ပရိသတ်အချစ်တော်တစ်ယောက်ဖြစ်နေရတာဆိုလည်း မမှားပါဘူး။ သူငယ်ချင်းဖြစ်သူတွေအပေါ်မှာလည်း မာန်မာနမရှိဘဲ ဆက်ဆံတတ်သူတစ်ယောက်ပါ။

ကျော်ကျော်၊ ဆုမြတ်နိုးဦးနဲ့ ညီထွဋ်ခေါင်တို့ သူငယ်ချင်း(၃)ယောက်ဟာ အနုပညာရပ်ဝန်းမှာ သူ့နေရာနဲ့သူ နေရာအသီးသီးရရှိထားပြီး အောင်မြင်မှုတွေကိုယ်စီရရှိထားကြတာလည်းဖြစ်ပါတယ်။ သူငယ်ချင်း(၃)ယောက်ပေါင်းကာ “N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ”ဆိုတဲ့အဖွဲ့လေးဖွဲ့ထားပြီး အနုပညာအလုပ်တွေကို (၃)ယောက်တွဲ အတူတကွလုပ်ကိုင်နေကြပါသေးတယ်။

ပရိသတ်ကြီးရေ အပေါင်းအသင်းတွေကို အမြဲလိုလို ဆေးထိုးတတ်တဲ့ ရုပ်ရှင်သရုပ်ဆောင် ကျော်ကျော်ကတော့ မင်းသမီးချောလေး ရတနာဗိုပါဝင်သရုပ်ဆောင်ထားတဲ့ “ပျံကျကူလီ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Press Show ပွဲကိုတက်ရောက်ရင် ရတနာဗိုဟာ သူ့ကြည့်မိတဲ့ကားတိုင်းမှာ မုဒိန်းကျင့်ခံထိပြီးသေသွားရတယ်လို့ အရွှန်းဖောက်ဆေးထိုးထားပါတယ်။