အနု ပညာရှင် ချစ်သူစုံတွဲ တစ်ခုဖြစ်တဲ့ အဆိုတော် သားဂန်း နဲ့ သရုပ်ဆောင် ဘေဘီမောင်တို့ကတော့ မနဲ့ မောင် ချစ်သူတွေအဖြစ်လူသိများကြပါတယ်။ ယခင်က လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံတွေ တင်ပြီးပုရိသတွေ အားပေးမှုကို ရရှိခဲ့တဲ့ ဘေဘီမောင်တစ်ယောက်ကတော့ သားဂန်းနဲ့ ချစ်သူဖြစ်ပြီးတဲ့ နောက်မှာ အဲ့တာမျိုးတွေလုပ်တာကို သားဂန်းက မကြိုက်တာမို့ အဆင်ပြေအောင် ညှိနှိုင်းထားတယ်လို့သိရပါတယ်။

သား ဂန်းကတော့ တက်သစ်စ အဆိုတော် တစ်ဦးဖြစ်ပြီးတော့ ပထမဆုံး သီချင်းခွေကိုထွက်ရှိထားတဲ့ သူလည်းဖြစ်ပါတယ်။ သားဂန်းက အဆိုတော် တစ်ဦးဖြစ်တာကြောင့်အနုပညာ သရုပ်ဆောင်ဘက်မှာ အားနည်းသလို ၊ ဘေဘီမောင်တစ်ယောက်ကတော့သရုပ်ဆောင် မော်ဒယ် ဖြစ်တာကြောင့် သီချင်းဆိုမှုမှာ အားနည်းတယ်လို့ သိရပါတယ်။ပြီးတော့ ဘေဘီမောင်ရဲ့ အသံက မကောင်းဘူးဆိုတာလည်း သူကိုယ်တိုင်သိရှိပါတယ်။

အခုတော့ သရုပ်ဆောင် ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့ ချစ်သူနှစ်ဦးက တောသားနဲ့ မြို့သူ ဆိုတဲ့ မနောရဲ့ သီချင်းလေးကို Cover Song ပြန်ဆိုထားတာကိုတွေ့ရပါတယ်။ ဒီသီချင်းလေးကိုတော့ ပရိသတ်တွေက ကြိုက်နှစ်သက်ကြပြီးတော့အားပေးမှုလည်းရှိနေပါတယ်။ ဒါကြောင့် ပရိသတ်ကြီးလည်း နားဆင်နိုင်အောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

ရုပ်သံဖိုင်အားကြည့်ရန် နှိပ်ပါ

Writer- SMT(Shwe Yaung Lan)