နိုင် ငံကျော်အဆိုတော်ဖြိုးပြည့်စုံကတော့ ဆေးယဉ်ပါးTBဖြစ်လို့အောင်ဆန်းဆေးရုံတတ်နေပြီး ဆေးဝယ်ဖို့ပိုက်ဆံမရှိဖြစ်နေတာကြောင့် အကူအညီလိုအပ်နေတဲ့ လူနာကို ထောက်ပံ့လှူဒါန်းပေးခဲ့တဲ့အကြောင်းကိုတော့ “ကျွန်တော့်တို့ဆေးခန်းကလွှဲလိုက်ပီးမကြာမှီ ဆေးယဉ်ပါးTBဖြစ်လို့အောင်ဆန်းဆေးရုံတတ်နေတာ ကျွန်တော်တို့ဆေးခန်းမှာတုန်းကတော့လိုလေသေးမရှိပေါ့ ဆေးရုံမှာ mannyl သွင်းဖို့မရှိ တခြားဆေးတွေလည်းအပြင်မှာ ဝယ်ရဦးမယ်ပြောလို့ ဆေးဝယ်ဖို့ပိုက်ဆံကမရှိ။

ထုံး စံအတိုင်းကျွန်တော့ညီPhyo PyaeSone ဆီဘဲအလှူခံပြီးလှူခွင့်ရခဲ့တယ် ကျွန်တော့ PLHIV တွေအခက်ခဲဖြစ်တိုင်း အမြဲတမ်းအကူညီလှူဒါန်းပေးတဲ့ ညီလေးရေကျေးဇူးပါ” ကိုယ်စားအကျိုးဆောင်ပေးခဲ့သူရဲ့ လူမှုကွန်ရက် စာမျက်နှာမှာဖော်ပြထားပါတယ်။

ဖြိုးပြည့်စုံ ကတော့ အဆွေးသီချင်းလေးသီဆိုရင် ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ယောက် အဖြစ်ရပ်တည်နေသလို့ မိခင်ဖြစ်စေချင်တဲ့ ဆရာဝန်ကောင်းတစ်ယောက်အဖြစ်လည်း ရပ်တည်နေသူဖြစ်ပါတယ်။

ပရိ သတ်ကြီးရေ အဆွေးသီချင်းလေးတွေနဲ့ ပရိသတ်ရဲ့ အားပေးထောက်ခံမှုရရှိထားတဲ့ ဆရာဝန်အဆိုတော် ဖြိုးပြည့်စုံကတော့ ဆေးယဉ်ပါးTBဖြစ်လို့အောင်ဆန်းဆေးရုံတတ်နေပြီး ဆေးဝယ်ဖို့ပိုက်ဆံမရှိဖြစ်နေတာကြောင့် အကူအညီလိုအပ်နေတဲ့ လူနာကို ထောက်ပံ့လှူဒါန်းပေးခဲ့တာတဲ့နော်။