စူး ရှရှ အကြည့်တွေနဲ့ ညှို့အားပြင်းတဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေး ပတ်ထရစ်ရှာကတော့ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တာကြောင့်ရော၊ ထူးခြားတဲ့ သူမရဲ့အလှတရားကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝ ရရှိထားတာပဲ ဖြစ်ပါတယ်။ သူမကို အရမ်းချစ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ ပတ်ထရစ်ရှာလေးကတော့ နိုင်ငံချင်း မတူပေမယ့် ယုံကြည်စိတ်ချရတဲ့ ချစ်သူကြောင့် အမြဲပျော်နေရတာပါ။ လတ်တလောမှာတော့ ရှာရှာလေးက Europe ကနေ မြန်မာပြည်လာလည်တဲ့ ချစ်သူလေးကို မြန်မာပြည်ရဲ့အလှအပတွေ ပြသရင်း ဓါတ်ပုံတွေ လိုက်ရိုက်ပေးနေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။

မိုမိုလေးချစ်ပရိသတ်တွေအတွက် အရမ်းချောတဲ့ ချစ်သူကောင်လေးကို အရိပ်တကြည့်ကြည့်နဲ့ ဓါတ်ပုံလိုက်ရိုက်ပေးနေတဲ့ ချစ်တတ်လွန်းသူလေး ပတ်ထရစ်ရှာရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပတ်ထရစ်ရှာကတော့ ” ဉီးဗလကို ရောက်လေရာ အရပ်တိုင်း ဓာတ်ပုံရိုက်ပေးနေရတယ် ” ဆိုပြီး မော်ဒယ်တစ်ယောက်လို ခန့်ညားချောမောတဲ့ ချစ်သူကို မမောတမ်း ဓါတ်ဆရာလုပ်ပေးနေရတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ အရမ်းချစ်ရတဲ့ မြန်မာပြည်ရဲ့မင်းသမီးချောလေး ပတ်ထရစ်ရှာကလည်း ချစ်သူနဲ့တွေ့တော့ ဓါတ်ပုံဆရာဖြစ်သွားတာပါပဲနော်။ ချစ်တတ်လွန်းသူလေး ရှာရှာကိုတော့ ပရိသတ်တွေကလည်း အရမ်းသဘောကျနေကြတာပါနော်။

မင်းသားကို သေချာဓါတ်ဖမ်းပေးနေတဲ့ ဓါတ်ပုံဆရာမလေး ရှာရှာ…။

ပတ်ထရစ်ရှာရဲ့ချစ်သူကောင်လေးကတော့ သူမရဲ့မွေးနေ့လေးမှာ Europe ကနေ မြန်မာပြည်ကို ချက်ချင်းဆိုသလို ရောက်ရှိလာခဲ့တာဖြစ်ပြီး ရှာရှာလေးကို အချိန်ပေးဖြစ်နေတာပါ။ နိုင်ငံခြားသားပေမယ့် သူမကို တန်ဖိုးထားတဲ့ ချစ်သူကြောင့် စိတ်ချမ်းသာနေရတဲ့ ရှာရှာလေးကတော့ အချစ်ရေးမှာ ကံကောင်းသူတစ်ဉီးပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း မြန်မာပြည်ရောက်လာတဲ့ ချစ်သူကို ကိုယ်ပိုင်ဓါတ်ဆရာလုပ်ပြီး ဓါတ်ဖမ်းပေးနေတဲ့ ရှာရှာလေးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Myint Myat
Source;Sue Sha Naing’s Instagram