အ သံပါဝါအားကောင်းကောင်း ဆွဲဆောင်မှုရှိတဲ့ နာမည်ကြီး အဆိုတော် အိုင်ရင်းဇင်မာမြင့်ကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့သူလေးတစ်ယောက်ပဲဖြစ်ပါတယ်..။ အိုင်ရင်းရဲ့ သီချင်းတွေဖြစ်တဲ့ ” ရာဇဝင်တွင်တဲ့ ချစ်ခြင်း” ၊ “သမီးရဲ့မေမေ” စတဲ့ ခံစားချက်တွေမျိုးစုံကို ပေးနိုင်တဲ့ သူမသီချင်းတွေဟာ ပရိသတ်တွေရဲ့ စိတ်ကို သိမ်းပိုက်ထားနိုင်တဲ့ သီချင်းဆိုတာမှာ ပါရမီပါတဲ့ အဆိုတော်တစ်ယောက်လို့ပြောရင်မှားမယ်မထင်ပါဘူးနော်..။

အိုင် ရင်းကတော့ နှစ်သစ်အတွက် သူမရဲ့ ဖက်ရှင် ဒီဇိုင်းတွေကို ပြောင်းလဲချိန်းလိုက်ပြီး သီချင်းအသစ်တွေနဲ့အတူ ပရိသတ်ရှေ့ကို ရောက်လာဖို့ကြိုးစားနေတဲ့ အကြောင်းလေးတွေကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးခဲ့ဖူးပါတယ်..။

လက်ရှိမှာ သီချင်းအသစ်လေးတွေကို သွင်းရင်း ပွဲလေးတွေဆိုနေတဲ့ အိုင်ရင်းကတော့ ဇန်နဝါရီလ(၄)ရက်နေ့မှာ သွားဆိုခဲ့တဲ့ ပွဲတစ်ခုမှာ တွေ့ခဲ့တဲ့ Myanmar Idol Season (4) Runner Up ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းနဲ့ သူမတွေ့ခဲ့တဲ့ပုံရိပ်လေးတွေကို “မနေ့ညက ရိုက်ခဲ့သမျှစုတင်သည်။ Btw Benjamin ဆိုတဲ့အဆိုရှင်အသစ်လေး ဆက်ဆံရေးသိပ်တော် လေးစားတတ်သောကလေးတစ်ယောက် ကိုယ်သူ့ကိုအပြုသဘောဆောင်သောတချို့အရာလေးတွေပြောပြဖြစ်တယ် အောင်မြင်ပါစေ” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်နော်..။

ချစ်စရာကောင်းပြီး အဆိုပိုင်နိုင်တဲ့ ဘင်ဂျမင်လေးအတွက် ဝါရင့်အဆိုတော် အိုင်ရင်းဇင်မာမြင့်ကတော့ မချီးကျူးဘဲမနေနိုင်လို့ အကြံလေးတွေပေးကာ အောင်မြင်ပါစေလို့ ဆုတောင်းပေးသွားပါသေးတယ်နော် ပရိသတ်ကြီးရေ..။

ဘင်ဘင်လေးကတော့ ဘယ်နေရာရောက်ရောက် လူချစ်လူခင်ပေါသူလေးလို့ပြောရင်မှားမယ်မထင်တော့ပါဘူးနော်…။ ပရိသတ်ရော သူ့ရဲ့ဇာတိမြို့ရှိရာ ကလေးမြိုကလေးကို ပြန်နေပြီဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းလေးကို သွားကြိုဖို့အဆင်သင့်ဖြစ်နေပြီလား….။Source:Irene Zin Mar Myint