Myanmar Idol Season 4 ကတော့ ရင် ခုန်စိတ်လှုပ်ရှားဖွယ်ရာများစွာနဲ့ အတူ ပြီးဆုံးခဲ့ပါပြီ….ဒါပေမဲ့ ပြိုင်ပွဲဝင် ၁၁ ဦးဟာ ကိုယ်စီ ပရိသတ်တွေနဲ့ အတူ ခိုင်မာတဲ့ အနုပညာလမ်းကို ဆက်လက်လျှောက်လှမ်းဖို့ ကြိုးစားနေကြဆဲပါ… Winner ဖြစ်သွားတဲ့သူရော ကျန်တဲ့ ပြိုင်ပွဲဝင်တွေပါ အားပေးတဲ့ ပရိသတ်ကိုယ်စီရခဲ့တာကြောင့် မိမိကြိုးစားမှုက ရှေ့ဆက်အောင်မြင်ဖို့အတွက် အထောက်အပံ့ဖြစ်စေမှာပါ…

ဆုမရခဲ့ပေမဲ့ ပရိသတ်တွေချစ်ခင်အားပေးကြတဲ့ တန်ခွန်ကျော်နဲ့ ယောကီးတို့ဟာလည်း ဝါသနာပါတဲ့ အဆိုတော်အလုပ်ကို အောင်မြင်အောင်လုပ်ဖို့ ကြိုးစားနေကြပါတယ်….ခုဆိုရင် ယောကီးနဲ့ တန်ခွန်ကျော်ဟာ အတူတူနေပြီး ကြိုးစားကြဖို့ စီစဉ်လာခဲ့ပါပြီ…ဒီအကြောင်းကို ယောကီးက အင်တာဗျူးတစ်ခုမှာ ခုလို ရှင်းပြထားပါတယ်….

“ယခုလောလောဆယ်အနုပညာအလုပ်တွေလုပ်ရင်း တန်ခွန်ကျော်နဲ့ အတူတူနေဖို့ အိမ်ခန်းလိုက်ရှာနေတယ်လို့ ယောကီးက ဆိုပါတယ်…တန်ခွန်ကျော်ရဲ့ မန်နေဂျာတွေက သူတို့နှစ်ယောက်ကို အိမ်တွေလိုက်ပြတာကြောင့် နေဖို့အိမ်တော့ တွေ့သွားပြီ ဖြစ်ပေမဲ့ သွားရောက်နေထိုင်မဲ့ရက်ကတော့ မသေချာသေးဘူးလို့ သူကဆက်ပြောပါတယ်… ဒါ့အပြင် အိမ်မှာနေဖြစ်ခဲ့ရင်လည်း တစ်ယောက်တစ်ခန်းစီသာ အိပ်မှာဖြစ်တဲ့အကြောင်း…

အဲလိုနေတဲ့ အခါ ထမင်းဟင်းချက်တာ သေချာလေ့လာထားပါလို့လည်း တန်ခွန်ကျော့်ကို မှာခဲ့ပါတယ်…..” နောက်ပြီး မိသားစုနဲ့နေရာကနေ တစ်ယောက်နေရတဲ့အခါ ကြုံနိုင်တဲ့ အခက်အခဲတွေကိုလည်း ယောကီးက ပြောပြသွားပါသေးတယ်…