ချယ် ရီပန်းကို မခူးဖို့ ဘာလို့ပြောနေကြတာလဲ??? ဖတ်ကြည့်ပါ…

မြန်မာနိုင်ငံမှာ ချယ်ရီပင်စိုက်လို့ရပြီး ချယ်ရီပန်းပွင့်တဲ့နေရာဒေသ ဘယ်နှခုရှိတယ်လို့ထင်ပါသလဲ။ ချယ်ရီပင်ဟာ ချင်းပြည်နယ်၊ရှမ်းပြည်နယ်နဲ့ တချို့တောင်တန်းပြည်နယ်တွေမှာသာ တွေ့မြင်ရနိုင်တဲ့ အပင်ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအနေနဲ့ကြည့်ရင် ရာခိုင်နှုန်းဟာ ၁၀% မပြည့်ပါဘူး။

ရှမ်းပြည်နယ် တခုလုံးမှာ ပွင့်လားဆိုလဲ မပွင့်နိုင်ပါဘူး။ လင်းခေး၊ အင်းလေး၊ ညောင်ရွှေ၊ ရွှေညောင်တို့လို ပူတဲ့နေရာတွေမှာလဲ မပေါက်ပြန်ပါဘူး။ ပေါက်ခဲ့ရင်တောင် အပွင့်ပွင့်ဖို့မလွယ်ပါဘူး။ ဒီလိုရှားပါးပြီး ချစ်စရာကောင်းတဲ့ပန်းကို လူတိုင်းက ချစ်ပါတယ်။ ချယ်ရီပန်းတွေပွင့်လာတာ လူတိုင်းက မြင်ချင်ကြပါတယ်။

တချို့ပြည်နယ်တိုင်းတွေက သူတွေဆို ချယ်ရီပွင့်တာ မြင်ဖူးချင်လို့ တကူးတက လာကြည့်ရပါတယ်။ တချို့က သူတို့ဆီမှာ ရှိစေ၊ပွင့်စေချင်လို့ အပင်လေးယူစိုက်လဲ သူတို့ ပြည်နယ်၊တိုင်းတွေမှာ မရှင်နိုင်ကြပါဘူး။

ဒါကြောင့် သင့်ရှေ့မှာမြင်ရတဲ့ ချယ်ရီပန်းဟာ တနိုင်ငံလုံးရဲ့ ၁၀% ထဲက ၁% အပင်ဖြစ်လို့ တန်ဖိုးထားစေချင်တာပါ…

ဒါမဲ့ အခုဆိုတချို့သော တကိုယ်ကောင်းဆန်သော၊ အတ္တသမားများကြောင့် ကိုယ့်ဆီမှာသာရှိတဲ့၊ တစ်နှစ်မှာ ၁ခါသာပွင့်ပြီး။ ၁ခါမှာ ၂ပတ်လောက်သာခံတဲ့။ လူတကာမြတ်နိုးတဲ့ချယ်ရီပန်းတွေဟာ ပွင့်လိုက်တာနဲ့ အချိုးခံရ၊ အခုတ်ခံရ၊ အရောင်းခံရနဲ့ မလှပနိုင်တော့ပါဘူး။

ချယ်ရီပန်းဆိုတာ အများနဲ့သက်ဆိုင်တဲ့ပန်းပါ၊ ပြည်နယ်တခုရဲ့ သင်္ကေတလို့လဲ ပြောလို့ရတဲ့ပန်းပါ။ အရင်က ပေါများစွာ တွေ့ရတဲ့ ချယ်ရီဟာ အခုဆိုရင် တကိုယ်ကောင်းသမားတွေကြောင့်၊ ထင်းခုတ်သမားတွေကြောင့် မျိုးတုံးလာတာကြောင့် တကူးတက လိုက်ရှာကြည့်ရတဲ့အထိ ရှားပါးလာပါပြီ။

ချယ်ရီဆိုတာ အပင်မှာ မြိုင်မြိုင်ဆိုင်ဆိုင် စုစုစည်းစည်း ပွင့်မှလှတဲ့ ပန်းမျိုးပါ။ ခူးလိုက်ချိုးလိုက်ရင် အလှပျက်သွားပါတယ်။ ဒါကြောင့် သင့်တို့တကိုယ်တော်ပျော်ရွှင်ဖို့အတွက်ကြောင့် မခူး မချိုးလိုက်ပါနဲ့။ မျိုးမတုန်းပါစေနဲ့။

သင်တို့အတ္တတွေကြောင့် အလှမပျက်ပါစေနဲ့၊ သင်တို့အတ္တတွေကြောင့် ချယ်ရီကို တခြားနိုင်ငံမှာ သွား ကြည့်ရတာမျိုးမဖြစ်ပါစေနဲ့။ ချယ်ရီပန်းတွေကို သင်တို့ဘုရားပန်း လှူချင်ရင် အပင်ကနေ ဘုရားရည်မှန်း လှူဒါန်းလိုက်ပါ။

သစ်တောနှင့် စည်ပင်အနေနဲ့လဲ ရှားပါးသစ်ပင်ထိန်းသိမ်းသောအားဖြင့် ဈေးတွေထဲချယ်ရီပင်ခူးရောင်းရင် ဒဏ်ငွေရိုက်တာမျိုး၊ တောင်ပေါ်ချယ်ရီကိုင်းခုတ်လာလျင် စောင့်ကြည့်၍ ဒဏ်ငွေရိုက်တာမျိုးတွေ ကြပ်ကြပ်မှတ်မှတ်လုပ်မယ်ဆိုရင် လက်ကျန် ချယ်ရီပင်များကို ဆက်လက်ထိန်းသိမ်းနိုင်မယ်လို့ထင်မြင်မိပါတယ်။

လွိုင်မွေနဲ့ ပြင်ဦးလွင် တို့မှာ ချယ်ရီပန်းတွေ မချိုးရ၊ မခုတ်ရ ထိန်းသိမ်းနေကြပါပြီ။ ရှမ်းပြည်တခွင်နဲ့တောင်ကြီးကရောဘယ်လို ထိန်းသိမ်းကြမလဲ။

သင်တို့ပိုင်ဆိုင်နေသော ရတနာကို သင်တို့တန်ဖိုးမထားရင်…….အနာဂတ်မှာ ချယ်ရီပင်၊ချယ်ရီပန်းဆိုတာ တခြားနေရာမှာ ပိုက်ဆံပေးပြီး သွားကြည့်ရပါလိမ့်မယ်။ သစ်ပင်တိုင်းကို တန်ဖိုးထားတတ်ကြပါစေ။

သင်တို့ကိုယ်တိုင်ပါဝင် ထိန်းသိမ်းဖို့လိုအပ်ပါတယ် ဒါဟာ လူတိုင် သိရမဲ့ တန်းဖိုး တခုပါ…

သစ်ပင်ချစ်သူများအဖွဲ့ တောင်ကြီး