ပ ရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုအများဆုံးရရှိခဲ့တဲ့ မြန်မာအိုင်ဒေါပြိုင်ပွဲရဲ့ Top-3 ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဘင်ဂျမင်ဆုမ်းကတော့ ဒီနေ့နေ့လည်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ သူရဲ့မွေးရပ်မြေဖြစ်တဲ့ ကလေးမြို့လေးကို ပြန်တော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ကလေးမြို့ကိုပြန်လည်ရောက်ရှိလာပြီးနောက်မှာ Vengpi နှစ်ခြင်းအသင်းတော်၊ မွန်းလိုင်မှာ ဆုတောင်းပွဲပြုလုပ်သွားမှာပါ။

ဘင် ဂျမင်ကတော့ မြန်မာအိုင်ဒေါပြိုင်ပွဲမစခင် အသံစစ်ဆေးမှုမှကတည်းက ထူးခြားတဲ့အသံကြောင့် အမာခံပရိသတ်အင်အားတောင့်တင်းခဲ့သူတစ်ယောက်ပါ။ဘင်ဂျမင်ရဲ့အမာခံပရိသတ်တွေကနေပြီးတော့ Summer ဆိုတဲ့အဖွဲ့လေးတည်ထောင်ထားပြီးတော့ ဘင်ဘင်အတွက်လိုအပ်သမျှကို တခြားပြိုင်ပွဲဝင်တွေရဲ့ ပရိသတ်တွေလိုက်မမှီအောင် လုပ်ပေးခဲ့တာမို့ ဘင်ဘင်ကတော့ ပြိုင်ပွဲဝင်တွေထဲမှာမှ အချစ်ခံရဆုံး၊ ကံအကောင်းဆုံးလို့ဆိုရမှာပါ။ ဒါ့အပြင် သူ့ရဲ့မွေးရာပါဆံပင်ကောက်လေးကလည်း မိန်းကလေးပရိသတ်တွေကို အချစ်ပိုစေခဲ့တာဆိုရင်လည်း မမှားပါဘူး။ ပရိသတ်တွေကို အမြဲအလေးထားတတ်တဲ့ဘင်ဘင်ကိုတော့ ပရိသတ်တွေကလည်း ချစ်ရတဲ့ဘင်လေးအိမ်ပြန်လမ်းမှာ မျက်နှာမငယ်ရအောင် တစ်ခဲနက်ကြိုဆိုကြဖို့ အချင်းချင်းဆော်သြမှုတွေ ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။

ဘင်ဂျမင်ကတော့ ဒီနေ့နေ့လည်(၁၂)နာရီမှာ ရန်ကုန်လေဆိပ်ကနေထွက်ခွာမှာဖြစ်ပြီး နေ့လည်(၂)နာရီဝန်းကျင်မှာတော့ ကလေးမြို့လေဆိပ်ကိုပြန်လည်ရောက်ရှိမှာမို့ ဘင်ဂျမင်ကိုသွားရောက်ကြိုဆိုချင်တဲ့ပရိသတ်တွေအတွက် သတင်းကောင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

Source – We Love Benjamin Sum (MMID S4) Official Gp
Rainbow- Cele Gabar