ဦးကျော် သူကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီး လူကြိုက်များခဲ့တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ဦးကျော်သူကအသက်အရွယ်ရလာတဲ့ အချိန်မှာတော့ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကိုပိုမိုလုပ်ကိုင်လာပြီးမြန်မာနိုင်ငံအနှံအပြားမှာ သာရေးနာရေး စတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါ အားကျိုးမာန်တတ်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဦးကျော်သူက နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ ဥက္ကဋ္ဌအနေနဲ့လည်းတာဝန်ယူဆောင်ရွက်နေပါသေးတယ်။

မနေ့ က ဇန်နဝါရီလ(၄)ရက်နေ့ နာရေးကူညီမှုအသင်း (ရန်ကုန်)မှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကျင်းပခဲ့ချိန်မှာတော့ ဦးကျော်သူက ပါဝင်ယှဉ်ပြိုင်ဆော့ကစားခဲ့ပါသေးတယ်။လွန်ဆွဲပြိုင်ပွဲကို ကိုယ်တိုင်ပါဝင်ယှဉ်ပြိုင်ဖို့ အတွက်ကိုတော့ ဆရာဝန်နဲ့ပြပြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အကြောင်းကို “ဆရာဝန်နဲ့ပြပြီးမှ ဝင်ဆွဲတယ်။အဲဒါက စိတ် နဲ့ဝင်ပြိုင်တာ။အသက်က(၆၀)ကျော်ပြီလေ။စိတ်လျော့လို့ မရဘူး။စိတ်လျော့လိုက်ရင် အရာရာကျဆုံးတော့မှာ။”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြထားပါတယ်။

လွန်ဆွဲပွဲမှာတော့ ဆရာဝန်နဲ့ ပြပြီးဝင်ရောက်ယှဉ်ပြိုင်ရကျိုးနပ်တယ်လို့ ဆိုရလောက်အောင်ကို ပထမဆုကြီးရရှိခဲ့တာပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးရေ စိတ်အားထက်သန်စွာနဲ့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးပထမဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာကတော့ ဦးကျော်သူအတွက် ဝမ်းသာစရာပါပဲနော်။ဦးကျော်သူအတွက်ကိုလည်း ဂုဏ်ပြုစကားလေးတွေပြောသွားပေးခဲ့ပါဦးနော်။

Source – Kyaw Thu
Chilli – CeleGabar