အေ လာင်းတော်ကဿပ သို့ ဘုရားဖူးထွက်ရန် ပြင်ဆင်ထားသူများ သတိပြုရန်
မုံရွာ၊ဇန်နဝါရီ-၎
ယနေ့ နံနက်ပိုင်းမှ စ၍ ရွာသွန်းနေသော မိုးကြောင့် ယင်းမာပင်ခရိုင်ရှိ အလောင်းတော်ကဿပ ဘုရားဖူးတောင်တက်လမ်း ယာယီပိတ်ခဲ့ကြောင်း ဂေါပကအဖွဲ့ဥက္ကဌ ဦးအောင်ကိုလင်း ကပြောသည်။တောင်ခြေ ကပိုင်ရွာမှ တောင်တက်လမ်းမိုင် ၂၀ မြေသားလမ်းမှာ မိုးများလျင် လမ်းချော်မှုများဖြစ်တက်သဖြင့် ယာယီ ပိတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင်း မုံရွာမြို့မှ အလောင်းတော်ကဿပ သို့လာသော ဘုရားဖူးကား များလည်းလမ်းပိတ်မှုကြောင့် တောင်ခြေ ကပိုင်ရွာတွင် ရပ်နားနေရကြောင်း နယ်ခံများကပြောသည်။
” ထမင်းဆိုင်တွေမှာ ဘုရားဖူးတွေနေကြတာ ၊မနက်က တက်လာတဲ့ကားတွေ လှည့်ပြန်ရမှာ” ဟု ကပိုင်ရွာရှိ မင်းသားကြီး တောင်တက်ကားဝန်ဆောင်မှုလုပ်ငန်းမှ ဦးအောင်ကိုလင်း ကပြောသည်။
” မိုးရွာ တော့လမ်းမကျွမ်းတဲ့အတွက်သူတို့ချည်းပေးမဆင်းဘဲပိတ်ထားလိုက်တာပါ။ရာသီဥတုပြန်ကောင်းလို့တောင်ပေါ်ကကားတွေပေးဆင်းရင်တောင်ဒေသခံကားနဲ့တွဲဆင်းစေမှာပါ။
အလောင်းတော်ကဿပဘုရားဖူးရာသီလမ်းကိုမုံရွာမြို့ အခြေပြုသည့်ကားသင်းပေါင်း၂၃ သင်း ၊ကားကြီး၃၅စီးခန့် ၊ကားလတ်အစီး၂၀ခန့်နှင့်ကားလေးအစီး၈၀ခန့်ကမုံရွာမြို့မှနေ့စဉ်အသွားအပြန်ပြေးဆွဲပေးနေသည်။
ကိုသစ္စာ၊မျိုးဝင်းထွန်း / MonywaGazette
Unicode
အလောင်းတော်ကဿပ သို့ ဘုရားဖူးထွက်ရန် ပြင်ဆင်ထားသူများ သတိပြုရန်
မိုးရွာ၍ အလောင်းတော်ကဿပ ဘုရားဖူးလမ်း ယာယီပိတ်
မုံံရွာ၊ဇန်နဝါရီ-၄
ယနေ့ နံံနက်ပိုင်းမှ စ၍ ရွာသွန်းနေသော မိုးကြောင့် ယင်းမာပင်ခရိုင်ရှိ အလောင်းတော်ကဿပ ဘုရားဖူးတောင်တက်လမ်း ယာယီပိတ်ခဲ့ကြောင်း ဂေါပကအဖွဲ့ဥက္ကဌ ဦးအောင်ကိုလင်း ကပြောသည်။တောင်ခြေ ကပိုင်ရွာမှ တောင်တက်လမ်းမိိုင် ၂၀ မြေသားလမ်းမှာ မိုးများလျင်် လမ်းချော်မှုများဖြစ်တက်သဖြင့် ယာယီီ ပိတ်ခဲ့ခြင်းဖြစ်သည်။
” ဒီမှာက မိုးပိိုများတယ်၊ခုမနက်ပဲ ကားတွေမတက်ဖို့ပိတ်လိုက်တာပါ။မိုးအခြေအနေကြည့်ပြီး မှလမ်းဖွင့်မယ်။ဒီနေ့က ဂျင်းကျောက်တွေ ချထားလို့ ကားတက်လိုက်ရင် လမ်းပိုဆိုးမှာမို့ပါ။မိုးတိတ်တာနဲ့ချက်ချင်းတက်လို့ရပါတယ် “ဟု ဦးအောင်ကိုလင်းကပြောသည်။
ယနေ့နံံနက်ပိုင်းတွင်း မုံရွာမြို့မှ အလောင်းတော်ကဿပ သို့လာသော ဘုရားဖူးကား များလည်းလမ်းပိတ်မှုကြောင့် တောင်ခြေ ကပိုင်ရွာတွင် ရပ်နားနေရကြောင်း နယ်ခံများကပြောသည်။
” ထမင်းဆိိုင်တွေမှာ ဘုရားဖူးတွေနေကြတာ ၊မနက်က တက်လာတဲ့ကားတွေ လှည့်ပြန်ရမှာ” ဟု ကပိုင်ရွာရှိ မင်းသားကြီး တောင်တက်ကားဝန်ဆောင်မှုလုပ်ငန်းမှ ဦးအောင်ကိုလင်း ကပြောသည်။
ယနေ့ထွက်သော လိုင်းကား ၁၅ စီးခန့်သည် ဂုံညင်းပင် စခန်းမှ ပြန်လှည့်ကြပြီး ဘုရားဖူးများအား ဖိုလ်ဝင်တောင် သို့ လိုက်ပို့မှုများပြုလုပ်နေသည်ဟု ဂိတ်ပိုင်များကပြောသည်။
” မိုးရွာ တော့လမ်းမကျွမ်းတဲ့အတွွက်သူတိို့ချည်းပေးမဆင်းဘဲပိိတ်ထားလိုက်တာပါ။ရာသီဥတုပြန်ကောင်းလိို့တောင်ပေါ်ကကားတွေပေးဆင်းရင််တောင်ဒေသခံကားနဲ့တွဲဆင်းစေမှာပါ။
လမ်းအခြေအနေကဒေသခံကားကမှသိတာမို့ပါ”ဟု တောင်တက်ကားအသင်းဥက္ကဌ ဦးမင်းသိန်းကရှင်းပြသည်။ယခုနှစ် အလောင်းတော်ကဿပ ဘုရားဖူးလမ်းကို ၂၀၁၉ ဒီဇင်ဘာ ၂၄ ရက်က ဖွင့်ခဲ့ပြီး ၁၀ ရက်အတွင်း ဘုရားဖူး ၂ထောင်ကျော် ဝင်ရောက်ခဲ့ကြောင်း ဂေါပက အဖွဲ့က ပြောသည်။
အလောင်းတော်ကဿပဘုရားဖူးရာသီီလမ်းကိိုမုံရွာမြို့ အခြေပြုသည့်ကားသင်းပေါင်း၂၃ သင်း ၊ကားကြီး၃၅စီးခန့် ၊ကားလတ်အစီး၂ဝခန့်နှင့်ကားလေးအစီး၈ဝခန့်ကမုံရွာမြို့မှနေ့စဉ်အသွားအပြန်ပြေးဆွဲပေးနေသည်။
ကိိုသစ္စာ၊မျိုးဝင်းထွန်း / MonywaGazette