ဒီ တစ်ပတ် ၂၀၂၀ နှစ်ဆန်းမှာ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ အမည်မသိအဆုတ်ရောင်ရောဂါတစ်မျိုး စဖြစ်နေပြီး လူပေါင်း (၅၀) လောက် ကူးစက်ခံထားရပါတယ်။ အများစုက ပင်လယ်စာထုတ်ကုန်ရောင်းချသူတွေပါ။ အဲ့ထဲက အချို့ကတော့ အခြေအနေဆိုးနေပြီး အသက်အန္တရာယ်ရှိနေပါတယ်။

ဒီရောဂါကို ဖြစ်စေတဲ့ ရောဂါပိုး virus ကိုတော့ မသိရသေးပါဘူး။ ထူးဆန်းအံ့ဖွယ် အဆုတ်ရောင်ရောဂါ Mysterious Pneumonia outbreak လို့ပဲ ခေါင်းစဉ်တပ်ထားပါတယ်။ ရောဂါလက္ခဏာတွေကတော့ SARS (severe acute respiratory syndrome)နဲ့လက္ခဏာတူပါတယ်။

-အဖျားကြီးတာ -ချောင်းခြောက်ဆိုးတာ -လည်ချောင်းနာတာ -အသက်ရှူရခက်တာတွေ ဖြစ်တတ်ပါတယ်။

ဒီရောဂါပျံ့နှံ့မှုကိုထိန်းချုပ်ဖို့ စင်ကာပူနဲ့ ဟောင်ကောင်ကတော့ လေဆိပ်တွေမှာ သေချာစစ်ဆေးနေပါပြီ။ မြန်မာမှာလည်း လုပ်တော့မယ်လို့ထင်ပါတယ်။

အကြံပြုရရင်…

-လတ်တလော တရုတ်ပြည်က ပြန်လာသူတွေ ဖျားနာ၊ချောင်းဆိုးတာတွေများရှိရင် ဆေးစစ်ကြည့်ကြပါ။

-တရုတ်ခရီးသည်တွေနဲ့ တိုက်ရိုက်ပြောဆိုဆက်ဆံရတဲ့လုပ်ငန်း (လေကြောင်းဝန်ထမ်း၊ ဧည့်လမ်းညွှန်၊ ကျောက်ကုန်သည်)စတဲ့သူတွေအနေနဲ့ သံသယဖြစ်ဖွယ်နေမကောင်းတဲ့ တရုတ်ခရီးသည်တွေတွေ့ရင် သတိထားပါ။ သက်ဆိုင်ရာ အကြောင်းကြားပါ။

-နယ်စပ်တွေမှာ တရုတ်ပြည်က အဝင်ခရီးသည်တွေကို သတိထားပါ။

-ဒီရက်ပိုင်း တရုတ်ပြည်ကို ခရီးစဉ်ဆွဲထားရင် ဖြစ်နိုင်ရင် ရက်ရွှေ့ကြပါ။

ရောဂါပိုးမသိရသေးတဲ့ရောဂါမို့ သတိကြီးကြီးထားရပါမယ်။ မထိန်းချုပ်နိုင်ရင် SARS တုန်းကလို ကပ်ရောဂါအသွင်ဖြစ်လာနိုင်ပါတယ်။

ယဉ်ယဉ်နှောင်း