သ ရုပ်ဆောင်သက်မွန်မြင့်ကတော့ သူမအနေနဲ့ အနုပညာလောကထဲကို စဝင်ချိန်ကတည်းက ဒီလူတွေနဲ့တွေ့ရင် အလိုလို ၁၈ နှစ် စိတ်လေးဖြစ်သွားရတယ်ဆိုပြီး သူမအချစ်ဆုံး အနုပညာရှင်အမျိုးသား ၃ယောက်ကို ထုတ်ပြလိုက်ပါတယ်။

အဲ ဒီအမျိုးသား ၃ယောက်ကတော့ သူမနဲ့ ရုပ်ရှင်ကားတိုင်းမှာ တွဲဖက်ညီညီ သရုပ်ဆောင်နိုင်ခဲ့သူတွေဖြစ်တဲ့ နေတိုး ၊ စိုင်းစိုင်းခမ်းလှိုင် နဲ့ နိုင်းနိုင်း တို့ပဲ ဖြစ်ကြပါတယ်။

သက်မွန်မြင့်နဲ့ နေတိုးတို့ဟာ ဇာတ်ကားပေါင်းများစွာမှာ တွဲဖက်သရုပ်ဆောင်ခဲ့ကြသူတွေဖြစ်ပြီး ပရိသတ်ကလည်း သူတို့အနုပညာစုံတွဲလေးကို ချစ်ခင်ကြပါတယ်။ အခုလတ်တလော ရုံတင်နေတဲ့ ချည်ဇာတ်ကားကြီးမှာလည်း သူတို့နှစ်ဦးကို အတွဲညီညီတွေ့မြင်ကြရဦးမှာပါ။

နေတိုးလိုပဲ စိုင်းစိုင်းနဲ့ နိုင်းနိုင်းတို့နဲ့ တွဲဖက်သရုပ်ဆောင်ရတဲ့ အခါမျိုးမှာလည်း သက်မွန်တစ်ယောက် ကလေးဖြစ်သွားရတယ်ဆိုတဲ့အကြောင်းကို ပြောထားတာပါ။ သက်မွန်က သူမရဲ့ ဖေ့ဘုတ်မှာ ” သူတို့နဲ့တွေ့ရင် စဆုံရတဲ့ ၁၈ နှစ်တုန်းကစိတ်ပဲ၊ ဘယ်အရွယ်ဖြစ်နေပြီတွေ၊ ကလေးအမေတွေလာမပြောနဲ့ သိဘူးသွား” လို့ ချစ်စဖွယ်ပြောကြားထားတာပါ။

ကဲ ပရိသတ်ကြီးရော သက်မွန်က သူတို့သုံးယောက်ထဲက ဘယ်သူနဲ့အလိုက်ဖက်ဆုံးလို့ ထင်လဲဟင်။

Credit : Cele Star