ကောင်းကျော်ကတော့ ပြည်သူချစ်လူရွှင်တော်တစ်ယောက်အနေ နဲ့ ရပ်တည်လာခဲ့တာ နှစ်ပေါင်းအတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ယခင်ရွှေညီအစ်ကိုအငြိမ့်အဖွဲ့ကတည်းက ငြိမ်းချမ်း၊ကောင်းကျော်၊ ထက်ထက်၊ရှဲဒိုး ၊ဝိုင်းချစ်တို့ လူရွှင်တော်အတွဲကိုတော့ မသိသူမရှိလောက်အောင် အောင်မြင်မှုရရှိခဲ့သူတွေပါ။

နော က်ပိုင်းမှာတော့ အဖွဲ့ကွဲခဲ့ကြပြီး ပရိသတ်တွေစိတ်မကောင်းဖြစ်ခဲ့ရပေမယ့်လည်း ကိုယ်ပိုင်အရည်အချင်းတွေနဲ့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေသူတွေထဲမှာ ဦးကောင်းကျော်တစ်ယောက်လည်း အပါအဝင်ပဲဖြစ်ပါတယ်။

ဒီလိုဆုတောင်းလေးတွေအပြင် ဇနီးဖြစ်သူကို မွေးနေ့လက်ဆောင်အနေနဲ့ “ချစ်ဇနီးမွေးနေ့ အတွက် သူမသိအောင်ခိုးစုထားတဲ့အထဲက သိန်း(၇၀၀) ကျော်တန်ပြိုင်ကားတစ်စီး၊ သိန်း ၁၈၀၀ ကျော်တန်ဖိုးရှိ (၉၆)ကာရက် စိန်ဆွဲကြိုး တစ်ကုံး၊နှစ်သိန်းခွဲတန် မွေးနေ့ကိတ် တစ်ခုနဲ့ ဂုဏ်ပြုလက်ဆောင် ပေးလိုက်တော့ သူအရမ်းပျော်သွားသည်ပေါ့”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြခဲ့တာပဲဖြစ်ပါတယ်။

အမြဲတမ်းလိုလို ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင်ဖန်တီးပေးနေတဲ့ ကောင်းကျော်ကတော့ ဇနီးကို အရုပ်ပြိုင်ကား၊ ကြာပန်းဆွဲကြိုးတို့ကို လက်ဆောင်ပေးဖြစ်တဲ့ အကြောင်းကို ဟာသနှောပြီးအခုလို စနောက်လိုက်ပြန်တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကတော့ ဦးကောင်းကျော်ရဲ့ စနောက်မှုကို သဘောကျနှစ်သက်နေပြီး ပကာသနမပါတဲ့ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးဘဝလေးကို အားကျနေကြပါသေးတယ်။ပရိသတ်ကြီးရေ ကျေနပ်ပျာ်ရွှင်ဖွယ်ကောင်းတဲ့ ဦးကောင်းကျော်တို့ဇနီးမောင်နှံကို သဘောကျနှစ်သက်ကျတဲ့ ပရိသတ်တွေရှိကြလား။