လွန် ​ခဲ့တဲ့ နှစ်​တွေက မြန်​မာနိုင်​ငံရဲ့ အလှဆုံးမင်းသမီးတစ်​ဦးအ​နေနဲ့ ရပ်​တည်​ခဲ့တဲ့ အကယ်​ဒမီများရှင်​မေသန်းနုက​တော့ လက်ရှိမှာ ငွေ သိန်းပေါင်း (၁၂၀၀) လိမ်လည်မှု​နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁နှစ် ချမှတ်ခံခဲ့ရတာကြောင့် ပရိသတ်တွေအားလုံး စိတ်မကောင်းဖြစ်နေကြတာပါ။

အဆို ပါသတင်းနဲ့ပတ်သတ်ပြီး စိန်လင်း (Aroma)က အင်တာဗျူးတစ်ခုမှာ ခံစားချက်တစ်ချို့ကို ထုတ်ဖော်ပြောလာတာ တွေ့ရပါတယ်။သူ့အနေနဲ့ သိရသလောက်က အကြွေးက သိန်း ၁၂၀၀ မဟုတ်ဘူးလို့လဲ ဖြေကြားသွားပါတယ်။ သူ ဖြေကြားသွားတာကတော့

“မီ ဒီယာ တစ်ခုက ကျွန်တော့်ဆီကို အမ မေသန်းနုရဲ့ ဖုန်းနံပါတ်ကို လှမ်းတောင်းတော့ ကျွန်တော် ပေးလိုက်တယ်။ အမ အခုလို ဖြစ်တာကြားတော့ ကျွန်တော်လဲ အရမ်းသွေးပျက်သွားတယ်။ ကျွန်တော်လဲ မနေ့ညက တစ်ညလုံး အမဆီကို ဆက်သွယ်ကြည့်တယ်။ သူနေရေး စားရေး အဆင်မပြေဘူးလဲ သိရတော့ တအားစိတ်ပူမိတယ်။”

“ဦးမောင်ကလဲ အစွမ်းကုန် ကြိုးစားပေးနေတယ်လို့ သိရပါတယ်။ အမနဲ့ ဧည့်သည်က တစ်ရက်ကို တစ်ယောက်ပဲ အတွေ့ခံလို့ ကျွန်တော် မတွေ့ဖြစ်သေးပါဘူး။ အမရဲ့ အမှုတစ်ခုအတွက် ၂၀၁၆ တုန်းကလဲ ကျွန်တော် သက်သေလိုက်ပေးဖူးပါတယ်။”

“အခု ကျွန်တော် ကြားရသလောက်ကတော့ သိန်း ၁၂၀၀ မဟုတ်ဘူးလို့ သိရပါတယ်။ ရာဂဏန်းပဲ ရှိတယ်လို့ ကြားရပါတယ်။ ကျွန်တော်တို့က ပွဲကြည့်ပရိသတ်တွေပါ။ ဒီအချိန်မှာ နှစ်ဦးနှစ်ဖက် ပြေလည်မယ့် အဖြေကို ရှာရမှာပါ။ ငွေပိုင်ရှင်ကလဲ အမ မေသန်းနုကို ထောင်ကျစေချင်မှာ မဟုတ်ပါဘူး။ သူက ငွေပဲ ပြန်လိုချင်တာနေမှာပါ။ အမ မေသန်းနုကလဲ လစဉ်ပြန်ပေးနေတယ်လို့ သိရပါတယ်။ တချို့လတွေမှာတော့ မပေးဖြစ်တာမျိုးတွေတော့ ရှိကောင်းရှိပါလိမ့်မယ်။ အမ အနေနဲ့ သူ့အခက်အခဲတွေကို မိတ်ဆွေတွေကို ပွင့်ပွင့်လင်းလင်း တိုင်ပင်သင့်တယ်လို့ ထင်ပါတယ်။”

” ကျွန်တော့်ကို ပြောရင်လဲ ကျွန်တော်တတ်နိုင်သလောက် ၅၀ – ၁၀၀ ကူညီပေးလို့ ရတာပေါ့။ အမသာ ပွင့်ပွင့်လင်းလင်းပြောရင် အမကို ကူညီပေးနိုင်တဲ့ အသိုင်းအဝိုင်းတွေ အနားမှာ ရှိပါတယ်။ ဒီအခြေအနေဖြစ်သွားမှတော့ အကောင်းဆုံးဖြစ်အောင်ပဲ မျှော်လင့်ရမှာပေါ့နော်… “

အခုဖော်ပြပေးခဲ့တဲ့ အကြောင်းအရာလေးတွေကတော့ စိန်လင်း (Aroma) က သရုပ်ဆောင် မေသန်းနုနဲ့ ပတ်သက်ပြီး အင်တာဗျူးတစ်ခုမှာ ဖြေကြားခဲ့တာတွေပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ထင်မြင်ချက်လေးတွေကို ကွန်မန့်မှာ ပြောပေးသွားပါဦးနော်။

အင်တာဗျူး ဗီဒီယိုဖိုင်ကို အစအဆုံးကြည့်ရန်