သရုပ်ဆောင် မိုးအောင်ရင်ကို ရည်းစားဟောင်းဖြစ်သူက ပုဒ်မ၄၁၇ ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ သတင်းဟာ ပရိသတ်တွေကြား စိတ်ဝင်စားမှု မြင့်တက်နေပါတယ်… ရည်းစားဟောင်းဖြစ်တဲ့ ခင်မြတ်နိုးဟာ သရုပ်ဆောင်မိုးအောင်ရင်ကို တရားစွဲဆိုထားတဲ့ ဒီအမှုကို ရန်ကင်းမြို့နယ် တရားရုံးမှာ စစ်ဆေးနေတာပဲ ဖြစ်ပါတယ်…..

ယနေ့မှာတော့ ဒုတိယအကြိမ်ရုံးချိန်းကို အဆိုပါ တရားရုံးမှာ ပြုလုပ်ခဲ့ပါတယ်…ပထမအကြိမ်ရုံးချိန်းမှာတုန်းက မိုးအောင်ရင်ဟာ တရားရုံးကိုလာရောက်ခဲ့ခြင်း မရှိဘဲ ယခုဒုတိယအကြိမ်ရုံးချိန်းမှာတော့ လာရောက်တာကို တွေ့ရပါတယ်…. ဒီလို လာရောက်တဲ့အခါမှာ မိုးအောင်ရင်ဟာ တရားရုံးမှာ ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ အပြုအမူတစ်ခုကြောင့် တရားသူကြီးရဲ့ သတိပေးမှုကို ခံခဲ့ရတယ်လို့ News Watch ကတင်ဆက်တဲ့ သတင်းတစ်ပုဒ်အရ သိရပါတယ်..

မိုးအောင်ရင်ဟာ တရားရုံးကို အလာမှာ တရားရုံးဝင်းထဲထိ ကားမောင်းဝင်တဲ့ အတွက် တရားသူကြီးက သတိပေးခဲ့တာပါ…ဒီနေ့ ရုံးချိန်းအပြီးမှာတော့ မိုးအောင်ရင်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၉၆ အရ ကျပ်သိန်း ၁၀၀ နဲ့ အာမခံပေးခဲ့တယ်လို့ သိရပါတယ်..

လာမယ့်ရုံးချိန်းကိုတော့ ဇန်နဝါရီ ၇ ရက်နေ့မှာ ပြုလုပ်သွားမယ်လို့ သိရပြီး အခုစွဲဆိုထားတဲ့ အမှုဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ ငွေဒဏ်ဖြစ်စေချမှတ်နိုင်တယ်လို့ သိရပါတယ်…

Writer – HW (Shwe Yaung Lan)
Source : News Watch