(၂၁) ရာစု မိန္းက ေလး မ်ား အေန နဲ႔ မျဖစ္ မေန သိထား သင့္ တဲ့ ဗဟုသု တ မ်ား

ေခတ္ႀကီး က တိုးတက္ တာ ျမန္ဆန္ေန ပါတယ္ ေနာ္။ ေရွးေခတ္ မိန္းကေလးေတြ လို အိမ္မွာပဲ ေနလို႔ ရတဲ့ ေခတ္လည္း မဟုတ္ေတာ့ ပါဘူး။ မိန္းကေလးေတြ ရဲ့ အခန္းက႑ေတြလည္း ျမင့္တက္လာလ်က္ရွိေနပါတယ္။

ဒါေပမယ့္ မိန္းကေလးေတြ ကေတာ့ ေရွးရိုးစြဲ အျမင္ေတြကေန ေဖာက္ထြက္နိုင္ဖို႔ ႀကိဳးစားေနရတုန္းပါ။ “မိန္းကေလးဆိုတာ” ကေန အစခ်ီၿပီး မိန္းကေလး ဆိုတာ ဒီလို ျဖစ္ရမယ္ဆိုၿပီး လူေတြက သတ္မွတ္ထားၾကပါတယ္။

တကယ္က အဲ့ထက္ ပိုၿပီး အေရးတႀကီး သိဖို႔ လိုအပ္ တာေတြက ၂၁ ရာစုမွာ ရွိလို႔ ေနပါတယ္။

(၁) ဓမၼတာလာျခင္းနဲ႔ ပတ္သတ္တဲ့ အသိ

မိန္းကေလး ေတြၾကားထဲ မွာ ဓမၼတာ လာျခင္းနဲ႔ ပတ္သတ္ၿပီး ေရွးယခင္က နိမ့္က်တဲ့ အရာလို႔ သတ္မွတ္ထား ၾကပါတယ္။ တကယ္က ခႏၶာကိုယ္ရဲ့ ဇီဝ ျဖစ္စဥ္ တစ္ခုပါပဲ။ ဇီဝ ျဖစ္စဥ္ တစ္ခု ျဖစ္တာေၾကာင့္ ဓမၼတာ လာျခင္းနဲ႔ ပတ္သတ္ၿပီး က်န္းမာေရးအသိေတြ ရွိထားသင့္ပါတယ္။ ဓမၼတာ လာရျခင္း အေၾကာင္း အရင္း၊ သန႔္ရွင္းေစဖို႔၊ ပိုးေတြ မဝင္ဖို႔၊ ဓမၼတာ ထိန္ရင္ ျဖစ္နိုင္တဲ့ အေၾကာင္းအရာမ်ား စတာေတြကို သိထားသင့္ပါတယ္။ အခုေခတ္မွာ လူတိုင္း ဖုန္း အသုံးျပဳ ေနတာမို႔ သိခ်င္တာ မွန္သမၽွ အြန္လိုင္းကေန ရွာဖတ္လို႔ ရပါတယ္ေနာ္။

(၂) လိင္ဆက္ဆံျခင္းေၾကာင့္ ျဖစ္တတ္ တဲ့ အႏၲရာယ္ေတြ

ပြင့္လင္း လာတဲ့ ေခတ္မွာ ေရွးရိုးစြဲ အျမင္ေတြ ရွိေသး တာေၾကာင့္ မျဖစ္သင့္တာေတြ ျဖစ္လာတတ္ၾကပါတယ္။ လက္မထပ္ခင္မွာ လိင္ဆက္ဆံျခင္းနဲ႔ ပတ္သတ္ တဲ့ က်န္းမာေရးအသိေတြ ေသခ်ာ မရွိပဲ စိတ္အလို လူသားသဘာဝေၾကာင့္ ဆက္ဆံၾကတဲ့အခါမွာ မလိုလားအပ္တဲ့ လိင္နဲ႔ ဆိုင္တဲ့ ေရာဂါေတြ ျဖစ္လာတဲ့အခါ တစ္ရွက္ကေန ႏွစ္ရွက္ ျဖစ္တတ္ပါတယ္။ ကိုယ့္ရဲ့ က်န္းမာေရး အသိ ႏုံနဲပုံေၾကာင့္ ကိစၥႀကီးေတြ လိုက္ရွင္းရတာမ်ိဳး ေငြကုန္ေၾကးက် မ်ားသြားတာမ်ိဳး ျဖစ္တတ္ပါတယ္။ လိင္ဆက္ဆံျခင္းနဲ႔ ပတ္သတ္တဲ့ အသိမရွိရင္လည္း အခ်ိန္မတန္ပဲ ကိုယ္ဝန္ရသြားနိုင္တာေတြလည္း ရွိတတ္ပါတယ္

(၃) ကိုယ္ဝန္နဲ႔ ပတ္သတ္ တဲ့ က်န္းမာေရးအသိ

ကိုယ္ဝန္နဲ႔ ပတ္သတ္ ရင္ ေယာကၤ်ားေလးထက္ မိန္းကေလး ေတြက ပိုလို႔ေတာင္ သိသင့္ပါေသးတယ္။ သားအိမ္က မိန္းကေလးမွာ ရွိတဲ့အတြက္ ကိုယ္ဝန္နဲ႔ ဆိုင္တဲ့ က်န္းမာေရး အေျခအေနေတြက မိန္းကေလးေတြကို ပိုသက္ေရာက္ေနပါတယ္။ လိင္ဆက္ဆံျခင္းေၾကာင့္ ကိုယ္ဝန္ရျခင္းကိုလည္း ေသခ်ာ သိနားလည္ဖို႔ လိုသလို ကိုယ္ဝန္မရခ်င္ဘူး ဆိုရင္လည္း စိတ္ဆႏၵကို အသားမေပးပဲ က်န္းမာေရးအသိနဲ႔ ဆင္ျခင္ရပါမယ္။ ဒီလိုမ်ိဳး က်န္းမာေရး ဗဟုသုတေတြကို မိန္းကေလးေတြက သိထားသင့္ၿပီး လြန္သြားခဲ့ရင္လည္း ဘယ္လို ေျဖရွင္းလို႔ ရမလဲဆိုတာအျပင္ ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြအေၾကာင္းလည္း သိထားသင့္ပါတယ္။ ဒါက သင္နဲ႔ တိုက္ရိုက္သက္ဆိုင္ေနတဲ့ ခႏၶာကိုယ္ေျပာင္းလဲမႈနဲ႔ က်န္းမာေရးအေျခအေနေတြမို႔ သိကို သိထားရမွာပါ။

(၄) ေယာကၤ်ားေလးအေၾကာင္း

လူအမ်ိဳးမ်ိဳး စိတ္ အေထြေထြ ရွိပါတယ္။ မိန္းကေလးေတြ အမ်ားစု က စိတ္ခံစားမႈ ျမင့္တဲ့သူေတြ ျဖစ္ပါတယ္။ မိန္းကေလးေတြက ခ်စ္မိတဲ့သူနဲ႔ ပတ္သတ္ရင္ စိတ္ေပ်ာ့တတ္ၾကပါတယ္။ အေကာင္းဆုံးက လူတစ္ေယာက္ အေၾကာင္းကို ေသခ်ာမသိေသးရင္ ခ်စ္သူအဆင့္ထက္ လြန္ေအာင္ မေနသင့္ပါဘူး။အကယ္၍ သင္တို႔ ျပတ္စဲတဲ့အခါ ဒီအျဖစ္အပ်က္ေတြက သင့္ကို ဝမ္းနည္းေစနိုင္ပါတယ္။ ဒါ့အျပင္ မျဖစ္သင့္တာမ်ိဳးကို လက္မထပ္ခင္ ျဖစ္ၿပီး ကိုယ္ဝန္ရွိခဲ့ရင္လည္း သင့္အတြက္ ရပ္တည္ရတာေတြမွာ ခက္ခဲမွာေတြလည္း ျဖစ္နိုင္ပါတယ္။ဒါေၾကာင့္ ေယာကၤ်ားေလးတစ္ေယာက္က ဒီလို အခ်က္ေတြကို ေရရွည္ကို မၾကည့္ ပဲ သင့္ကို ခြင့္ေတာင္း လာခဲ့ရင္ ျငင္းလိုက္ပါ။ သင့္ကိုယ္သင္ကို ပိုခ်စ္ဖို႔ သင္က ထိုက္တန္ပါတယ္။

(၅) ယမကာ ေသာက္ၾကည့္ဖူးသင့္တယ္

မိန္းကေလးေတြက ယမကာ မေသာက္သင့္ဘူး ဆိုတဲ့အျမင္က ယုတၱိ မဆန္ပါဘူး။ လူတစ္ေယာက္က အရည္တစ္ခုခုကို ေသာက္တာမို႔ ေသာက္လို႔ ရပါတယ္။ဒါေပမဲ့ ေသာက္ဖူးသင့္တယ္လို႔ ဆိုရျခင္းက မေသာက္ဖူးရင္ ယမကာဆိုတာ ဘာမွန္း မသိပဲ ကိုယ့္ကို အႏၲရာယ္ေပးခ်င္တဲ့သူေတြရဲ့ ဒုကၡေပးမႈကို ခံရနိုင္တာေၾကာင့္ ျဖစ္ပါတယ္။ယမကာဆိုတာကလည္း အခ်ိဳရည္နဲ႔ ေရာရင္ ယမကာနဲ႔ အခ်ိဳရည္ မခြဲတတ္ တာမ်ိဳးကို မေသာက္ဖူးသူေတြက ျဖစ္နိုင္တာမို႔ ေသာက္ဖူးသင့္တယ္လို႔ ေျပာရတာပါ။

(၆) မမွီခိုဖို႔ ပညာသင္ရမယ္

မိန္းကေလးေတြက က်န္ခဲ့တဲ့ ေခတ္ေတြ ကို အိမ္မွာပဲ ထမင္း ဟင္းခ်က္ၿပီး အိမ္ကိစၥေတြ စီမံရင္ ခင္ပြန္းျဖစ္သူ ဆီက ေငြကိုသာ သုံးစြဲရသူေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ အမ်ိဳးသမီးေတြ ကို မွီခိုသူလို႔ ေျပာခဲ့ၾကပါတယ္။မိန္းကေလးေတြလည္း ကိုယ့္လုပ္ခ်င္တဲ့ အရာေတြ လုပ္ၿပီး ကိုယ့္ေငြ ကိုယ္ရွာနိုင္တာမို႔ ကိုယ့္ေျခေထာက္ကိုယ္ ရပ္တည္ေအာင္ လုပ္မွသာ ေယာကၤ်ား မရွိရင္ အသက္ရွင္မွာ မဟုတ္ဘူး ဆိုတဲ့ အျမင္ေတြ အေျခအေနေတြကို ရင္ဆိုင္နိုင္မွာ ျဖစ္ပါတယ္။

(၇) ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔

ေခတ္က တိုးတက္ေန သလို ရာဇဝတ္မႈေတြ ကလည္း ရွိဆဲ ရွိျမဲပါပဲ။ မိန္းကေလး ဆိုတာ ခႏၶာကိုယ္ဖြံ့စည္းပုံက ေကာင္ေလးေတြနဲ႔ မတူတာေၾကာင့္ ရာဇာဝတ္မႈ က်ဴးလြန္သူေတြက ပစ္မွတ္ထားေလ့ ရွိပါတယ္။ဒါေၾကာင့္ ကိုယ့္ကိုယ္ ကို ကာကြယ္နိုင္ဖို႔အတြက္ အႏၲရာယ္နဲ႔ ၾကဳံလာတဲ့အခါ ဘယ္လို လုပ္လို႔ ရနိုင္လဲဆိုတာကို သိထားသင့္ပါတယ္။

(၈) မရွက္သင့္ တာ မရွက္မယ့္ အသိ

အေပၚက အခ်က္ေတြ အျပင္ ရွက္ သင့္တာနဲ႔ မရွက္သင့္တာ ေတြကို ကြဲကြဲျပားျပား သိသင့္ပါ တယ္။ က်န္းမာေရးအရ သိသင့္တဲ့ အရာမွန္သမၽွက ရွက္စရာ မဟုတ္ပါဘူး။ဒါေတြကို ရွက္လို႔ အလြန္ေတြ ျဖစ္သြားလို႔ လိုက္ေျဖရွင္းရ ကုသရတဲ့အခ်ိန္မွာမွ ပိုေတာင္ အရွက္ရ ပါေသးတယ္။ ကိုယ့္က်င့္သိကၡာနဲ႔ စိတ္ေနစိတ္ထား မေကာင္းတာကမွ ရွက္ရမွာ ျဖစ္ပါတယ္။

ႀကီးနိုင္ငယ္ညႇင္း အက်င့္နဲ႔ လူတန္းစားခြဲျခား တတ္တဲ့ စိတ္ေတြကမွ ရွက္စရာ ျဖစ္ပါတယ္။

crd….

(၂၁) ရာစု မိန်းက လေး များ အနေ နဲ့ မဖြစ် မနေ သိထား သင့် တဲ့ ဗဟုသု တ များ

ခေတ်ကြီး က တိုးတက် တာ မြန်ဆန်နေ ပါတယ် နော်။ ရှေးခေတ် မိန်းကလေးတွေ လို အိမ်မှာပဲ နေလို့ ရတဲ့ ခေတ်လည်း မဟုတ်တော့ ပါဘူး။ မိန်းကလေးတွေ ရဲ့ အခန်းကဏ္ဍတွေလည်း မြင့်တက်လာလျက်ရှိနေပါတယ်။

ဒါပေမယ့် မိန်းကလေးတွေ ကတော့ ရှေးရိုးစွဲ အမြင်တွေကနေ ဖောက်ထွက်နိုင်ဖို့ ကြိုးစားနေရတုန်းပါ။ “မိန်းကလေးဆိုတာ” ကနေ အစချီပြီး မိန်းကလေး ဆိုတာ ဒီလို ဖြစ်ရမယ်ဆိုပြီး လူတွေက သတ်မှတ်ထားကြပါတယ်။

တကယ်က အဲ့ထက် ပိုပြီး အရေးတကြီး သိဖို့ လိုအပ် တာတွေက ၂၁ ရာစုမှာ ရှိလို့ နေပါတယ်။

(၁) ဓမ္မတာလာခြင်းနဲ့ ပတ်သတ်တဲ့ အသိ

မိန်းကလေး တွေကြားထဲ မှာ ဓမ္မတာ လာခြင်းနဲ့ ပတ်သတ်ပြီး ရှေးယခင်က နိမ့်ကျတဲ့ အရာလို့ သတ်မှတ်ထား ကြပါတယ်။ တကယ်က ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ် တစ်ခုပါပဲ။ ဇီဝ ဖြစ်စဉ် တစ်ခု ဖြစ်တာကြောင့် ဓမ္မတာ လာခြင်းနဲ့ ပတ်သတ်ပြီး ကျန်းမာရေးအသိတွေ ရှိထားသင့်ပါတယ်။ ဓမ္မတာ လာရခြင်း အကြောင်း အရင်း၊ သန့်ရှင်းစေဖို့၊ ပိုးတွေ မဝင်ဖို့၊ ဓမ္မတာ ထိန်ရင် ဖြစ်နိုင်တဲ့ အကြောင်းအရာများ စတာတွေကို သိထားသင့်ပါတယ်။ အခုခေတ်မှာ လူတိုင်း ဖုန်း အသုံးပြု နေတာမို့ သိချင်တာ မှန်သမျှ အွန်လိုင်းကနေ ရှာဖတ်လို့ ရပါတယ်နော်။

(၂) လိင်ဆက်ဆံခြင်းကြောင့် ဖြစ်တတ် တဲ့ အန္တရာယ်တွေ

ပွင့်လင်း လာတဲ့ ခေတ်မှာ ရှေးရိုးစွဲ အမြင်တွေ ရှိသေး တာကြောင့် မဖြစ်သင့်တာတွေ ဖြစ်လာတတ်ကြပါတယ်။ လက်မထပ်ခင်မှာ လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ် တဲ့ ကျန်းမာရေးအသိတွေ သေချာ မရှိပဲ စိတ်အလို လူသားသဘာဝကြောင့် ဆက်ဆံကြတဲ့အခါမှာ မလိုလားအပ်တဲ့ လိင်နဲ့ ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာတဲ့အခါ တစ်ရှက်ကနေ နှစ်ရှက် ဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့ ကျန်းမာရေး အသိ နုံနဲပုံကြောင့် ကိစ္စကြီးတွေ လိုက်ရှင်းရတာမျိုး ငွေကုန်ကြေးကျ များသွားတာမျိုး ဖြစ်တတ်ပါတယ်။ လိင်ဆက်ဆံခြင်းနဲ့ ပတ်သတ်တဲ့ အသိမရှိရင်လည်း အချိန်မတန်ပဲ ကိုယ်ဝန်ရသွားနိုင်တာတွေလည်း ရှိတတ်ပါတယ်

(၃) ကိုယ်ဝန်နဲ့ ပတ်သတ် တဲ့ ကျန်းမာရေးအသိ

ကိုယ်ဝန်နဲ့ ပတ်သတ် ရင် ယောင်္ကျားလေးထက် မိန်းကလေး တွေက ပိုလို့တောင် သိသင့်ပါသေးတယ်။ သားအိမ်က မိန်းကလေးမှာ ရှိတဲ့အတွက် ကိုယ်ဝန်နဲ့ ဆိုင်တဲ့ ကျန်းမာရေး အခြေအနေတွေက မိန်းကလေးတွေကို ပိုသက်ရောက်နေပါတယ်။ လိင်ဆက်ဆံခြင်းကြောင့် ကိုယ်ဝန်ရခြင်းကိုလည်း သေချာ သိနားလည်ဖို့ လိုသလို ကိုယ်ဝန်မရချင်ဘူး ဆိုရင်လည်း စိတ်ဆန္ဒကို အသားမပေးပဲ ကျန်းမာရေးအသိနဲ့ ဆင်ခြင်ရပါမယ်။ ဒီလိုမျိုး ကျန်းမာရေး ဗဟုသုတတွေကို မိန်းကလေးတွေက သိထားသင့်ပြီး လွန်သွားခဲ့ရင်လည်း ဘယ်လို ဖြေရှင်းလို့ ရမလဲဆိုတာအပြင် နောက်ဆက်တွဲ ဆိုးကျိုးတွေအကြောင်းလည်း သိထားသင့်ပါတယ်။ ဒါက သင်နဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုနဲ့ ကျန်းမာရေးအခြေအနေတွေမို့ သိကို သိထားရမှာပါ။

(၄) ယောင်္ကျားလေးအကြောင်း

လူအမျိုးမျိုး စိတ် အထွေထွေ ရှိပါတယ်။ မိန်းကလေးတွေ အများစု က စိတ်ခံစားမှု မြင့်တဲ့သူတွေ ဖြစ်ပါတယ်။ မိန်းကလေးတွေက ချစ်မိတဲ့သူနဲ့ ပတ်သတ်ရင် စိတ်ပျော့တတ်ကြပါတယ်။ အကောင်းဆုံးက လူတစ်ယောက် အကြောင်းကို သေချာမသိသေးရင် ချစ်သူအဆင့်ထက် လွန်အောင် မနေသင့်ပါဘူး။အကယ်၍ သင်တို့ ပြတ်စဲတဲ့အခါ ဒီအဖြစ်အပျက်တွေက သင့်ကို ဝမ်းနည်းစေနိုင်ပါတယ်။ ဒါ့အပြင် မဖြစ်သင့်တာမျိုးကို လက်မထပ်ခင် ဖြစ်ပြီး ကိုယ်ဝန်ရှိခဲ့ရင်လည်း သင့်အတွက် ရပ်တည်ရတာတွေမှာ ခက်ခဲမှာတွေလည်း ဖြစ်နိုင်ပါတယ်။ဒါကြောင့် ယောင်္ကျားလေးတစ်ယောက်က ဒီလို အချက်တွေကို ရေရှည်ကို မကြည့် ပဲ သင့်ကို ခွင့်တောင်း လာခဲ့ရင် ငြင်းလိုက်ပါ။ သင့်ကိုယ်သင်ကို ပိုချစ်ဖို့ သင်က ထိုက်တန်ပါတယ်။

(၅) ယမကာ သောက်ကြည့်ဖူးသင့်တယ်

မိန်းကလေးတွေက ယမကာ မသောက်သင့်ဘူး ဆိုတဲ့အမြင်က ယုတ္တိ မဆန်ပါဘူး။ လူတစ်ယောက်က အရည်တစ်ခုခုကို သောက်တာမို့ သောက်လို့ ရပါတယ်။ဒါပေမဲ့ သောက်ဖူးသင့်တယ်လို့ ဆိုရခြင်းက မသောက်ဖူးရင် ယမကာဆိုတာ ဘာမှန်း မသိပဲ ကိုယ့်ကို အန္တရာယ်ပေးချင်တဲ့သူတွေရဲ့ ဒုက္ခပေးမှုကို ခံရနိုင်တာကြောင့် ဖြစ်ပါတယ်။ယမကာဆိုတာကလည်း အချိုရည်နဲ့ ရောရင် ယမကာနဲ့ အချိုရည် မခွဲတတ် တာမျိုးကို မသောက်ဖူးသူတွေက ဖြစ်နိုင်တာမို့ သောက်ဖူးသင့်တယ်လို့ ပြောရတာပါ။

(၆) မမှီခိုဖို့ ပညာသင်ရမယ်

မိန်းကလေးတွေက ကျန်ခဲ့တဲ့ ခေတ်တွေ ကို အိမ်မှာပဲ ထမင်း ဟင်းချက်ပြီး အိမ်ကိစ္စတွေ စီမံရင် ခင်ပွန်းဖြစ်သူ ဆီက ငွေကိုသာ သုံးစွဲရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ ကို မှီခိုသူလို့ ပြောခဲ့ကြပါတယ်။မိန်းကလေးတွေလည်း ကိုယ့်လုပ်ချင်တဲ့ အရာတွေ လုပ်ပြီး ကိုယ့်ငွေ ကိုယ်ရှာနိုင်တာမို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်အောင် လုပ်မှသာ ယောင်္ကျား မရှိရင် အသက်ရှင်မှာ မဟုတ်ဘူး ဆိုတဲ့ အမြင်တွေ အခြေအနေတွေကို ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၇) ကိုယ့်ကိုယ်ကို ကာကွယ်ဖို့

ခေတ်က တိုးတက်နေ သလို ရာဇဝတ်မှုတွေ ကလည်း ရှိဆဲ ရှိမြဲပါပဲ။ မိန်းကလေး ဆိုတာ ခန္ဓာကိုယ်ဖွံ့စည်းပုံက ကောင်လေးတွေနဲ့ မတူတာကြောင့် ရာဇာဝတ်မှု ကျူးလွန်သူတွေက ပစ်မှတ်ထားလေ့ ရှိပါတယ်။ဒါကြောင့် ကိုယ့်ကိုယ် ကို ကာကွယ်နိုင်ဖို့အတွက် အန္တရာယ်နဲ့ ကြုံလာတဲ့အခါ ဘယ်လို လုပ်လို့ ရနိုင်လဲဆိုတာကို သိထားသင့်ပါတယ်။

(၈) မရှက်သင့် တာ မရှက်မယ့် အသိ

အပေါ်က အချက်တွေ အပြင် ရှက် သင့်တာနဲ့ မရှက်သင့်တာ တွေကို ကွဲကွဲပြားပြား သိသင့်ပါ တယ်။ ကျန်းမာရေးအရ သိသင့်တဲ့ အရာမှန်သမျှက ရှက်စရာ မဟုတ်ပါဘူး။ဒါတွေကို ရှက်လို့ အလွန်တွေ ဖြစ်သွားလို့ လိုက်ဖြေရှင်းရ ကုသရတဲ့အချိန်မှာမှ ပိုတောင် အရှက်ရ ပါသေးတယ်။ ကိုယ့်ကျင့်သိက္ခာနဲ့ စိတ်နေစိတ်ထား မကောင်းတာကမှ ရှက်ရမှာ ဖြစ်ပါတယ်။

ကြီးနိုင်ငယ်ညှင်း အကျင့်နဲ့ လူတန်းစားခွဲခြား တတ်တဲ့ စိတ်တွေကမှ ရှက်စရာ ဖြစ်ပါတယ်။

crd….